HomeTechဝန်ထမ်းများကိုအီးမေးလ်မှတဆင့် အားပေးစကားပြောကြားလိုက်သည့် Tesla ရဲ့အမှုဆောင်အရာရှိချုပ်။
ဝန်ထမ်းများကိုအီးမေးလ်မှတဆင့် အားပေးစကားပြောကြားလိုက်သည့် Tesla ရဲ့အမှုဆောင်အရာရှိချုပ်။
- Advertisement -
Tesla ရဲ့ အမှုဆောင်ချုပ်အရာရှိချုပ်ဖြစ်သူ Elon Musk သည် မိမိဝန်ထမ်းများ ခွန်အားဖြစ်စေရန်အတွက် အားပေးစကားပြောကြားထားသည့် အီမေးလ်တစ်စောင်ကို ရေးသားပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။ Tesla အနေဖြင့် ယခုနှစ်အစောပိုင်း၌ (၂၀၂၀) ခုနှစ်အတွင်း မော်တော်ကားပေါင်း (၅) သိန်းအထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရဲ့အကျိုးသက်ရောက်မှုကြောင့် Tesla ရဲ့ ရည်ရွယ်ချက်အပါအဝင် အမေရိကန်နိုင်ငံရဲ့စီးပွားရေးအပေါ် ဆိုးကျိုးများဖြစ်ပေါ်စေခဲ့ပါတယ်။
Tesla သည် S&P 500 ရှယ်ယာစျေးကွက်အတွင်းသို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် Quarter ၄ ခုလုံး၌ အမြတ်အစွန်းရရှိရန်လိုအပ်ပြီး (၂၀၂၀) ခုနှစ်ရဲ့ 2nd Quarter ၌သာ အမြတ်အစွန်းရရှိခဲ့မည်ဆိုပါက ကုမ္ပဏီရဲ့ရည်မှန်းချက် ပြည့်မြောက်မည်ဖြစ်ပါတယ်။ သို့သော် 2nd Quarter အစောပိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် California ပြည်နယ်၊ Fremont ဒေသရှိ Tesla ရဲ့ အဓိကစက်ရုံကိုပိတ်ပစ်ခဲ့ရပြီး ထိုကဲ့သို့ပိတ်ထားရသည့်အချိန်ကာလကလည်း (၁) လကျော်ကြာမြင့်ခဲ့ပါတယ်။
မေလ၊ ဒုတိယအပတ်၌မူ အမေရိကန်အစိုးရက တင်းကြပ်သည့်ဥပဒေများဖြင့် ဝန်ထမ်းများကို အလုပ်ပြန်တက်ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် Tesla ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း Tesla ရဲ့ရည်ရွယ်ချက်များပြည့်မြောက်ရန်အတွက်မှာမူ ဒွိဟဖြစ်စရာ အနေအထား၌သာရှိနေပြီး ထိုကဲ့သို့သော အနေအထား၌ Elon Musk က မိမိရဲ့ဝန်ထမ်းများထံသို့ “ပြိုကွဲသွားဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။ ငါတို့ဆီက ကားတိုင်း၊ ကားတိုင်းကို မတူကွဲပြားမှုတွေရှိနေအောင် လုပ်ကြတာပေါ့။ အောင်မြင်မှုတွေကို အားလုံးအတူတကွဆွတ်ခူးလိုက်ကြရအောင်။” ဟုရေးသားကာ အီးမေးလ်ပေးပို့ခဲ့ပါတယ်။
Tesla ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ရဲ့အဆိုအရ Tesla အနေဖြင့် ယခုဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ဘေးကြီးကို ခံနိုင်ရည်အပြည့်ဖြင့် ဖြတ်ကျော်နိုင်မည်ဟုယူဆနိုင်ပြီး (၂၀၂၀) ခုနှစ်ရဲ့ ဒုတိယ (၃) လပတ်တာကာလအတွက် မော်တော်ကားထုတ်လုပ်မှုများနဲ့ပို့ကုန်စာရင်းများကို လာမယ့်ဇူလိုင်လ (၄) ရက်နေ့မတိုင်ခင် တင်ပြရဖွယ်ရှိပါတယ်။
- Advertisement -
ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်အတွင်း၌လည်း Tesla ကုမ္ပဏီ အမြတ်အစွန်းရရှိခဲ့စဉ်က Elon Musk သည် ကုမ္ပဏီအနေဖြင့် မည်ကဲ့သို့သောစီးပွားရေးကျဆင်းမှုများရှိလာစေကာမူ အမြတ်အစွန်းရရှိကာ ထိုအခက်အခဲများကို ကျော်ဖြတ်သွားနိုင်ကြောင်း ပြောကြားခဲ့ဖူးသောကြောင့် Tesla ကုမ္ပဏီအနေဖြင့် (၂၀၂၀) ခုနှစ်ရဲ့ ဒုတိယ (၃) လပတ်ကာလ၌လည်း အမြတ်အစွန်းရရှိနိုင်မည်လားဆိုခြင်းကို  စောင့်ကြည့်ရတော့မည်လည်း ဖြစ်ပါတယ်။
<Unicode Version>
- Advertisement -
- Advertisement -
<Zawgyi Version>
Source ~ CNBC
#HM(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
11 + two =
Must Read
တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။
UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...