HomeHome & Propertyအရှေ့တောင်အာရှ၌ ပြိုင်ဘက်ကင်းဖြစ်လာမည့် အိမ်ခြံမြေစီမံကိန်း (၃) ခု။

အရှေ့တောင်အာရှ၌ ပြိုင်ဘက်ကင်းဖြစ်လာမည့် အိမ်ခြံမြေစီမံကိန်း (၃) ခု။

- Advertisement -

ပုံမှန်ရင်းနှီးမြှုပ်နှံနေကျ ကွန်ဒိုများ၊ တိုက်ခန်းများအပေါ် ပျင်းရိငြီးငွေ့လာပြီဆိုပါက အပန်းဖြေစခန်းများ၊ ဆိုင်ခန်းများနဲ့ရုံးအဆောက်အဦးများကဲ့သို့သောနေရာများ၌လည်း ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အရေးရှိနေပါတယ်။ အပန်းဖြေစခန်းများ၌ ရင်းနှီးမြှုပ်နှံမည်ဆိုပါက သဘာဝတရားနဲ့ လိုက်လျောညီထွေဖြစ်ရန်လိုအပ်ပြီး ဒေသခံမိတ်ဖက်တစ်ဦးရှိရန်၊ ဒေသအာဏာပိုင်များမှ အခါအားလျော်စွာ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာရန် လိုအပ်ပါတယ်။

ထိုကဲ့သို့သောစီမံကိန်းများက အခက်အခဲများစွာဖြင့် ရင်ဆိုင်ရနိုင်ပေမယ့် လတ်တလောကာလ၌မူ ပုံမှန်ထက် အကုန်အကျပိုမိုနည်းပါးစွာဖြင့် ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အရေး ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအခြေအနေ ထိခိုက်ခဲ့ရသည့်ပိုင်ရှင်များသည် အခြားသောစီမံကိန်းများကိုပြန်လည်ထောက်ပံ့နိုင်ရန်၊ ၎င်းတို့ရဲ့ ဘဏ္ဍာရေးအင်အားကို တိုးမြှင့်နိုင်ရန်အတွက် ပိုင်ဆိုင်ထားသည့်မြေကွက်ကဲ့သို့သောအရာများကို ပုံမှန်ထက် စျေးနှုန်းပိုမိုသက်သာစွာဖြင့် ရောင်းချရန်ပြင်ဆင်လျက်ရှိပါတယ်။

- Advertisement -

သို့ဖြစ်ရာလက်ရှိအခိုက်အတန့်ကို အကောင်းဆုံးအသုံးချကာရင်းနှီးမြှုပ်နှံပြီး အရှေ့တောင်အာရှ၌ ပြိုင်ဘက်ကင်းဖြစ်လာမည့် အိမ်ခြံမြေစီမံကိန်း (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။

- Advertisement -

 

- Advertisement -

၁။ Chiang Dao Roundhouses B&B

အမျိုးအစား- ဝန်ဆောင်မှုအပြည့်နဲ့နံနက်စာ။

တည်နေရာ- Chiang Dao၊ ထိုင်းနိုင်ငံ။

စျေးနှုန်း- ထိုင်းဘတ် (၆.၉) သန်း။

ထိုင်းနိုင်ငံ၊ မြောက်ပိုင်းရှိ စိမ်းလန်းစိုပြည်သောတောင်တန်းများအကြား၌တည်ရှိသည့် အဆိုပါနေရာသည် ချင်းမိုင်မြို့မှမြောက်ဘက်သို့ မိနစ် (၉၀) ခန့်သွားရသည့် အကွာအဝေး၌ တည်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ လှပသည့် သဘာဝပတ်ဝန်းကျင်နဲ့ ညအချိန်၌ကြယ်များကို ကောင်းစွာမြင်တွေ့ရခြင်းတို့ကြောင့် ဧည့်သည်များရဲ့ အထူးနှစ်သက်သည့် နေရာဖြစ်ပါတယ်။

ဝါးနဲ့မြေကြီးကဲ့သို့သဘာဝပစ္စည်းများဖြင့်သာ တည်ဆောက်ထားခြင်းကြောင့် သဘာဝတရားနဲ့လိုက်ဖက်သည့် နေရာတစ်ခုဟုဆိုနိုင်ပြီး ပိုင်ရှင်နေထိုင်သည့်အိမ်အပြင် ဧည့်သည်များ တည်းခိုအနားယူနိုင်ရေးအတွက် အခန်း (၃) ခန်း စီစဉ်ပေးထားပြီး ဝန်ဆောင်မှုအပြည့် ပေးစွမ်းနိုင်ပါတယ်။ Chiang Dao Roundhouses B&B အနေဖြင့် စတင်ဖွင့်လှစ်ချိန်မှစ၍ ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်သည်အထိ လာရောက်တည်းခိုသူဧည့်သည်များရဲ့  နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါနေရာဟာ ပိုင်ရှင်အသစ်အတွက် ရေရှည်အလားအလာကောင်းများကို ဖန်တီးပေးထားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

 

၂။ မနီလာမြို့ပြင်မှ စက်မှုဇုန်။

အမျိုးအစား- ဂိုဒေါင်၊ စက်ရုံ။

တည်နေရာ- Muntinlupa၊ ဖိလစ်ပိုင်နိုင်ငံ။

စျေးနှုန်း- ဖိလစ်ပိုင်ပီဆို (၆၈) သန်း။

အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နှံနေကျပုဂ္ဂိုလ်များအတွက် စက်ရုံ၊ အလုပ်ရုံများက စွဲမက်ဖွယ်ရာမဟုတ်ပေမယ့် လက်ရှိဖိလစ်ပိုင်နိုင်ငံ၌ ဆွဲဆောင်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံရာနေရာတစ်ခု ဖြစ်ပါတယ်။ အဆိုပါစက်ရုံသည် မနီလာမြို့ရဲ့ ဆင်ခြေဖုံးဒေသ၌တည်ရှိသည့် အကောင်းဆုံးဂိုဒေါင်တစ်ခုလည်းဖြစ်ပြီး Luzon တောင်ပိုင်းဒေသ အမြန်လမ်းနဲ့ အခြားသောအဓိကလမ်းမကြီးများမှတစ်ဆင့် လွယ်ကူစွာ သွားရောက်နိုင်ပါတယ်။

အကျယ်အဝန်းအားဖြင့် (၁,၃၇၄) စတုရန်းမီတာကျယ်ဝန်းသည့်အဆိုပါနေရာ၌ အမျိုးမျိုးသော စက်မှုလုပ်ငန်းများကို အစပြုနိုင်ပြီး ရေရှည်အတွက်အကျိုးအမြတ်အများအပြားကျန်ရှိမည့် စီမံကိန်းတစ်ခုလည်း  ဖြစ်ပါတယ်။

 

၃။ ဗီယက်နမ်နိုင်ငံမှ Upscale eatery

အမျိုးအစား- စားသောက်ဆိုင်နဲ့ဘား။

တည်နေရာ- ဟိုချီမင်းမြို့၊ ဗီယက်နမ်နိုင်ငံ။

စျေးနှုန်း- ဗီယက်နမ်ဒေါင် (၃) ဘီလီယံ။

အရှေ့တောင်အာရှမှ နာမည်ကျော်အစားအသောက်များကို အဆင့်အတန်းမြင့်မြင့်ရောင်းချလိုသူများအတွက် ကြီးမားသည့်အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ရှိအဆိုပါစားသောက်ဆိုင်သည် နေရာကောင်း၌တည်ရှိပြီး ချက်ချင်းဆိုင်ဖွင့်နိုင်ရန်အတွက် ပစ္စည်းအစုံအလင်နဲ့ စားသောက်ဆိုင်လုပ်ငန်းလိုင်စင်ကိုပါ အဆင်သင့် ရရှိထားပြီးဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများ သေချာပေါက်မျက်စိကျနိုင်သည့် နေရာပင်ဖြစ်ပါတယ်။

<Unicode Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read