HomeOtherအာကာသယာဉ်မှူးများအတွက် နာဆာမှထုတ်လုပ်လိုက်သည့်ရေမွှေး။

အာကာသယာဉ်မှူးများအတွက် နာဆာမှထုတ်လုပ်လိုက်သည့်ရေမွှေး။

- Advertisement -

အာကာသယာဉ်မှူးများရဲ့ကိုယ်သင်းရနံ့အတွက် အထူးပြင်ဆင်ထုတ်လုပ်ထားသည့် ရေမွှေးတစ်မျိုးကို လူထုထံသို့ တရားဝင် ထုတ်ပြန်ကြေညာဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ အာကာသအတွင်း၌ လေထုမရှိခြင်းကြောင့် မည်သည့်အနံ့မျှမရနိုင်ဟု ထင်မြင်ချက်ပေးခဲ့ကြပေမယ့် နာဆာကမူ အာကာသယာဉ်မှူးများအနေဖြင့် ၎င်းတို့အတွက် သတ်မှတ်ထားသည့် ပစ်မှတ်များအတွက် ပြင်ဆင်ရာ၌ အကူအညီဖြစ်စေရန် ယခုကဲ့သို့ ရေမွှေးထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကြယ်များရဲ့ ထူးခြားပြီးပုပ်စပ်သောအနံ့ကို အခြေခံကာ အဆိုပါရေမွှေးကို ကြိုးစားတီထွင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

- Advertisement -

(၂၀၀၈) ခုနှစ်၌ နာဆာသည် Steve Pearce ထံသို့ အနံ့ဆိုးများဖျောက်ပစ်ပေးရန် (၄) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် အဆိုပါစီမံကိန်းကိုအစပြုခဲ့ပြီး အပြည်ပြည်ဆိုင်ရာအာကာသယာဉ်စခန်းမှ အာကာသယာဉ်မှူးဟောင်း Peggy Whitson ကလည်း အာကာသအတွင်းမှရနံ့ဟာ သေနတ်ပစ်ပြီးပြီးချင်း၌ သေနတ်မှရရှိသည့် ယမ်းအနံ့နဲ့ အလားသဏ္ဍာန်တူညီကြောင်း CNN သတင်းဌာနသို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် အာကာသအတွင်းရှိရနံ့ဟာ မီးခိုးနံ့နဲ့ ညှော်နံ့ကဲ့သို့သောအနံ့များနဲ့လည်း ဆင်တူကြောင်း Peggy Whitson က ပြောကြားခဲ့ဖူးပါတယ်။

- Advertisement -

- Advertisement -

ကမ္ဘာပေါ်မှအခြားသောလူပုဂ္ဂိုလ်အများစုသည် အာကာသအတွင်းမှရနံ့နဲ့ပတ်သက်၍ ကာလရှည်ကြာ စူးစမ်းခဲ့ကြပေမယ့် လက်ရှိအချိန်အထိ အာကာသအတွင်းရှိရနံ့နဲ့ပတ်သက်၍ တရားဝင် သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အာကာသယာဉ်မှူးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Eau de Space ရေမွှေးကိုမူ လူထုအကြား ဖြန့်ချိနိုင်ရန် ပစ်မှတ်ထားနေပြီး ထုတ်လုပ်မည့်ကုမ္ပဏီကလည်း “လွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာတည်းက နာဆာအနေနဲ့ အာကာသယာဉ်မှူးတွေကို ဂြိုဟ်ပတ်လမ်းတွေဆီမစေလွှတ်ခင် အာကာသထဲက အနံ့နဲ့အသားကျစေဖို့ ကျွမ်းကျင်ပညာရှင်တွေကို အသုံးပြုခဲ့ပါတယ်။ အာကာသပုံစံတည်ဆောက်ထားတဲ့အခန်းထဲမှာ အာကာသယာဉ်မှူးတွေရင်ဆိုင်ရနိုင်တဲ့ အံ့အားသင့်ဖွယ်အဖြစ်အပျက်တွေကို ကျော်လွှားနိုင်ဖို့ဖြစ်ပြီး အဲ့ဒီအနံ့နဲ့ပဲ သူတို့ကို အလုံပိတ်ထားခဲ့တာပါ။”

“သတင်းအချက်အလက်အက်ဥပဒေအရ ကျွန်တော်တို့ ဒီအချက်အလက်တွေကို ထုတ်ယူနိုင်ခဲ့ပြီး အခုအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ထုတ်လုပ်သူတွေက အာကာသအတွင်းကအနံ့နဲ့ ထပ်တူကျတဲ့ရေမွှေးကို ထုတ်လုပ်နိုင်ဖို့ ခင်ဗျားတို့အားလုံးရဲ့အကူအညီကို လိုအပ်နေပါတယ်။” ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Eau de Space ရေမွှေးကို Kickstarter ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကုန်ပစ္စည်းမန်နေဂျာ Matt Richmond က “Kickstarter ရဲ့ အဓိကရည်ရွယ်ချက်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိပ္ပံဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဆိုင်ရာ သင်ကြားမှုနည်းစနစ်တွေမှာ ပိုမိုစိတ်ဝင်စားလာဖို့ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပြီး ယခုရေမွှေးမှတစ်ဆင့် မိဘများ၊ ဆရာ၊ ဆရာမများ၊ သိပ္ပံပညာရှင်များနဲ့  ဆွေးနွေးမှုများစတင်ပြုလုပ်နိုင်ရန်  မျှော်လင့်ထားကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာကာသရနံ့အပြင် အနာဂတ်ကာလ၌ လရဲ့ရနံ့ဟုအမည်တွင်မည့်  ရေမွှေးကို ထပ်မံထုတ်လုပ်နိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း Richmond က ဆိုပါတယ်။ ယမ်းနံ့သည် ကမ္ဘာပေါ်မှဆွဲဆောင်မှုအရှိဆုံးရနံ့များစာရင်း၌ ပါဝင်ခြင်းမရှိသော်လည်း ယမ်းနံ့ကိုအခြေခံပြီး ယခုထွက်ရှိလာမည့်ရေမွှေးမှာမူ လူအများအကြား၌ ရေပန်းစားလာနိုင်ပါတယ်။

<Unicode Version>

 

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read