HomeEducationရတနာပုံဆိုက်ဘာစီးတီးနဲ့ အွန်လိုင်းသင်ကြားရေးစနစ်။

ရတနာပုံဆိုက်ဘာစီးတီးနဲ့ အွန်လိုင်းသင်ကြားရေးစနစ်။

- Advertisement -

ပြင်ဦးလွင်မြို့ရှိ ရတနာပုံဆိုက်ဘာစီးတီး (နည်းပညာတက္ကသိုလ်) မှ ကျောင်းသား၊ ကျောင်းသူ (၈၀) ရာခိုင်နှုန်းခန့်သည် အွန်လိုင်းသင်ကြားရေးစနစ်ကို ကြိုဆိုလျက်ရှိကြောင်း လတ်တလော  ကောက်ယူရရှိထားသည့် စစ်တမ်းများအရ သိရှိရပါတယ်။ ရတနာပုံဆိုက်ဘာစီးတီး  ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ ကိုစောပီတာရွှေမိုးက “လက်ရှိအချိန်အထိ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးတာကြောင့် ဒေသအနှံ့က ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းစနစ်နဲ့ ပညာသင်ကြားဖို့ စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီအထဲမှာ ကျောင်းသား (၈၀) ရာခိုင်နှုန်းလောက်ကတော့ အွန်လိုင်းသင်ကြားရေးစနစ်ကိုစတင်ဖို့ သဘောတူညီခဲ့ကြပေမယ့် ကျန်တဲ့ (၂၀) ရာခိုင်နှုန်းကတော့ အင်တာနက်လိုင်းမကောင်းမွန်တာနဲ့ ကျေးလက်ဒေသအချို့မှာ အခြားသောအခက်အခဲတွေရှိနေတာကြောင့် အွန်လိုင်းပညာသင်ကြားရေးစနစ်ကိုကန့်ကွက်ခဲ့ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

အဆိုပါစစ်တမ်းကို ပြီးခဲ့သည့်ဇွန်လ (၁၇) ရက်နေ့တည်းက စတင်ကောက်ခံခဲ့ပြီး ရတနာပုံဆိုက်ဘာစီးတီးမှ ဆရာ၊ ဆရာမများကလည်း အွန်လိုင်းပညာသင်ကြားရေးစနစ်အတွက် လိုအပ်သည်များကို ပြီးခဲ့သည့်မေလတည်းက စတင်ပြင်ဆင်ခဲ့ကြကြောင်း သိရှိရပါတယ်။ ရတနာပုံဆိုက်ဘာစီးတီး၌  ကျောင်းသား၊   ကျောင်းသူပေါင်း (၁,၃၀၀) ကျော် ပညာသင်ကြားလျက်ရှိပြီး (၆) နှစ်ကြာတက်ရောက်ရသည့် တက္ကသိုလ်ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပိတ်ထားရသည့် အခြေခံပညာအထက်တန်းကျောင်းများကို လာမယ့်ဇူလိုင်လအတွင်း၌ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီး အထက်တန်းကျောင်းများနောက်၌ မူလတန်းနဲ့အလယ်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဟု ကြေညာထားပေမယ့် တက္ကသိုလ်နဲ့ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုမူ အတိအလင်းမကြေညာရသေးကြောင်း သိရှိရပါတယ်။

<Unicode Version>

 

- Advertisement -

 

ရတနာပံုဆိုက္ဘာစီးတီးနဲ႔ အြန္လိုင္းသင္ၾကားေရးစနစ္။

- Advertisement -

ျပင္ဦးလြင္ၿမိဳ႕ရွိ ရတနာပံုဆိုက္ဘာစီးတီး (နည္းပညာတကၠသိုလ္) မွ ေက်ာင္းသား၊ ေက်ာင္းသူ (၈၀) ရာခိုင္ႏႈန္းခန္႔သည္ အြန္လိုင္းသင္ၾကားေရးစနစ္ကို ႀကိဳဆိုလ်က္ရွိေၾကာင္း လတ္တေလာ  ေကာက္ယူရရွိထားသည့္ စစ္တမ္းမ်ားအရ သိရွိရပါတယ္။ ရတနာပံုဆိုက္ဘာစီးတီး  ေက်ာင္းသားသမဂၢဥကၠဌျဖစ္သူ ကိုေစာပီတာေရႊမိုးက “လက္ရွိအခ်ိန္အထိ တကၠသုိလ္ေတြကို ျပန္လည္ဖြင့္လွစ္ႏုိင္ျခင္းမရွိေသးတာေၾကာင့္ ေဒသအႏွံ႔က ေက်ာင္းသား၊ ေက်ာင္းသူေတြကို အြန္လိုင္းစနစ္နဲ႔ ပညာသင္ၾကားဖို႔ စစ္တမ္းေကာက္ယူခ့ဲပါတယ္။ ဒီအထဲမွာ ေက်ာင္းသား (၈၀) ရာခိုင္ႏႈန္းေလာက္ကေတာ့ အြန္လိုင္းသင္ၾကားေရးစနစ္ကိုစတင္ဖို႔ သေဘာတူညီခဲ့ၾကေပမယ့္ က်န္တဲ့ (၂၀) ရာခိုင္ႏႈန္းကေတာ့ အင္တာနက္လိုင္းမေကာင္းမြန္တာနဲ႔ ေက်းလက္ေဒသအခ်ိဳ႕မွာ အျခားေသာအခက္အခဲေတြရွိေနတာေၾကာင့္ အြန္လိုင္းပညာသင္ၾကားေရးစနစ္ကိုကန္႔ကြက္ခဲ့ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

အဆုိပါစစ္တမ္းကို ၿပီးခဲ့သည့္ဇြန္လ (၁၇) ရက္ေန႔တည္းက စတင္ေကာက္ခံခဲ့ၿပီး ရတနာပံုဆုိက္ဘာစီးတီးမွ ဆရာ၊ ဆရာမမ်ားကလည္း အြန္လိုင္းပညာသင္ၾကားေရးစနစ္အတြက္ လိုအပ္သည္မ်ားကို ၿပီးခဲ့သည့္ေမလတည္းက စတင္ျပင္ဆင္ခဲ့ၾကေၾကာင္း သိရွိရပါတယ္။ ရတနာပံုဆိုက္ဘာစီးတီး၌  ေက်ာင္းသား၊   ေက်ာင္းသူေပါင္း (၁,၃၀၀) ေက်ာ္ ပညာသင္ၾကားလ်က္ရွိၿပီး (၆) ႏွစ္ၾကာတက္ေရာက္ရသည့္ တကၠသိုလ္ျဖစ္ပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ပိတ္ထားရသည့္ အေျခခံပညာအထက္တန္းေက်ာင္းမ်ားကို လာမယ့္ဇူလိုင္လအတြင္း၌ ျပန္လည္ဖြင့္လွစ္ရန္ ျပင္ဆင္ထားၿပီး အထက္တန္းေက်ာင္းမ်ားေနာက္၌ မူလတန္းနဲ႔အလယ္တန္းမ်ားကို ဆက္လက္ဖြင့္လွစ္သြားမည္ဟု ေၾကညာထားေပမယ့္ တကၠသိုလ္နဲ႔ဒီဂရီေကာလိပ္မ်ား ျပန္လည္ဖြင့္လွစ္မည့္ရက္ကိုမူ အတိအလင္းမေၾကညာရေသးေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 + 19 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...