HomeEducationကိုရိုနာဗို်င်းရပ်စ်အလွန် ပညာရေးစနစ်အတွက်စိန်ခေါ်မှုများ။

ကိုရိုနာဗို်င်းရပ်စ်အလွန် ပညာရေးစနစ်အတွက်စိန်ခေါ်မှုများ။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်အလွန်ကာလ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီး၌ အပြောင်းအလဲများစွာ မြင်တွေ့ရနိုင်သည့်အပြင် ပညာရေးကဏ္ဍ၌လည်း ကြီးမားသည့်အပြောင်းအလဲများကို မြင်တွေ့ရမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းသုံးသပ်ထားကြပါတယ်။ နိုင်ငံတကာ၌လည်း ကိုရိုနာဗိုင်းရပ်စ်အလွန်  ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ ရင်ဆိုင်ရမည့်စိန်ခေါ်မှုများနဲ့ပတ်သက်၍  ကျောင်းသား၊  ကျောင်းသူများအတွက်သာမက ဆရာ၊ ဆရာမများအတွက်ပါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအတွင်း၌လည်း လက်ရှိအချိန်အထိ တက္ကသိုလ်နဲ့ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိသေးသည့်တိုင် အခြေခံပညာအထက်တန်းကျောင်းများကိုရှေ့ပြေးဖွင့်လှစ်ကာ ထို့နောက်တွင်မှ အလယ်တန်းနဲ့မူလတန်းများကို ဆက်လက်ဖွင့်လှစ်သွားရန် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ သို့ရာတွင်မူ အချို့သောမူကြိုကျောင်းများ၊ နိုင်ငံတကာကျောင်းများမှာမူ သင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် စတင်သင်ကြားနေကြပြီဖြစ်ပြီး ကျောင်းများအနေဖြင့် New Normal ဆိုသည့်အနေအထားနဲ့ အံဝင်ခွင်ကျဖြစ်စေရန် ဆောင်ရွက်ရတော့မည်လည်းဖြစ်ပါတယ်။

ရန်ကုန် – အမေရိကန်အပြည်ပြည်ဆိုင်ရာကျောင်းရဲ့ ကျောင်းအုပ်တစ်ဦးဖြစ်သူ Mr. Crutchfield သည် နှစ်ပေါင်း (၂၀) နဲ့အထက် အတွေ့အကြုံများကိုပိုင်ဆိုင်ထားသည့် ဝါရင့်သမ္ဘာရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ရှိဦးဆောင်နေရာကျောင်းအတွက် အပြီးပြည့်စုံဆုံးပုဂ္ဂိုလ်တစ်ယောက်ဟုလည်း သတ်မှတ်နိုင်ပါတယ်။ အီရတ်၊ ဂီနီယာနဲ့ အမေရိကမှသည် မြန်မာနိုင်ငံအထိ ခြေဆန့်ခဲ့သည့် Mr. Crutchfield အနေဖြင့် ရန်ကုန် – အမေရိကန်အပြည်ပြည်ဆိုင်ရာကျောင်းကို အနောက်တိုင်းကျောင်းများနဲ့ကောလိပ်များအသင်း (WASC) ရဲ့ အဖွဲ့ဝင်ကျောင်းဖြစ်လာစေရန် အချိန်တိုအတွင်းစွမ်းဆောင်ပြခဲ့ပါတယ်။

- Advertisement -

သို့ဖြစ်ရာ Mr. Crutchfield ဦးဆောင်နေသည့် အဆိုပါကျောင်းက လက်ရှိအခြေအနေဆိုးကြီးကို  ကောင်းမွန်စွာကျော်လွှားနိုင်မည့် မဟာဗျူဟာများကိုပိုင်ဆိုင်ထားခြင်းက အံ့အားသင့်စရာမဟုတ်ဘဲ ခက်ခဲသည့်အချိန်များက အာရုံစူးစိုက်နိုင်စွမ်းနဲ့မိမိရဲ့အသင်းအဖွဲ့ကို ပိုမိုတိုးတက်လာစေမည်ဟု Mr. Crutchfield က အပြည့်အဝယုံကြည်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သည် သာမန်လူနေမှုဘဝကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပေမယ့် ရန်ကုန်အမေရိကန်အပြည်ပြည်ဆိုင်ရာကျောင်းမှ သင်ကြားရေးအဖွဲ့တစ်ခုလုံးက နည်းပညာနဲ့အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးချပြီး ရပ်ဝေးမှ ပညာသင်ကြားရေးမဟာဗျူဟာတစ်ရပ်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Mr. Crutchfield က “အချိန်တန်လာတော့လည်း အိမ်တွင်းအခြေပြုသင်ကြားရေးစနစ်ကို ကူးပြောင်းသွားတာပါပဲ။ ဒီလိုမျိုး အဝေးသင်စနစ်ကို ဘယ်လောက်အထိတိုးတက်အောင်လုပ်နိုင်မလဲဆိုတာကို ကျွန်တော်တို့ ဆက်လက်အကဲဖြတ်သွားကြမှာပါ။” ဟုလည်းဆိုပါတယ်။

- Advertisement -

အိန္ဒိယအပါအဝင်အခြားသောနိုင်ငံများ၌ အွန်လိုင်းပညာရေးစနစ်ကို အကောင်အထည်ဖော်ရန် ခက်ခဲနေချိန်၌ ရန်ကုန်အမေရိကန်အပြည်ပြည်ဆိုင်ရာကျောင်းက ယခုကဲ့သို့ အွန်လိုင်းသင်ကြားရေးစနစ်ကို  ကောင်းစွာအကောင်အထည်ဖော်ရင်း အကျိုးကျေးဇူးများခံစားနေရသည်ကို ဂုဏ်ယူဖွယ်မြင်တွေ့နေရပါတယ်။ အိမ်မှတစ်ဆင့် ပညာသင်ကြားခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနဲ့ ပညာရေးဝန်ထမ်းများအတွက် အံ့အားသင့်စရာကောင်းသည့်၊ အပေါင်းလက္ခဏာဆောင်သည့် အကျိုးကျေးဇူးများကို ခံစားရနိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်အလွန် ပညာရေးကဏ္ဍအတွက်လည်း ကြီးမားသည့် အရွေ့တစ်ခုဖြစ်လာနိုင်ကြောင်း Mr. Crutchfield ကဆိုပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချမှတ်ထားသည့်ကာလအတွင်း စီးပွားရေးလုပ်ငန်းအများအပြား အွန်လိုင်းပေါ်သို့ရောက်ရှိလာသည့်အပြင် ပညာရေးစနစ်များပါ အွန်လိုင်းပေါ်သို့ အလုံးအရင်းဖြင့်  ရောက်ရှိလာခြင်းအပေါ် Mr. Crutchfield က ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ခေတ်မှီနည်းပညာရပ်များနဲ့ ရင်းနှီးကျွမ်းဝင်ထားရန် လိုအပ်ကြောင်း ထောက်ပြအကြံပေးခဲ့ပါတယ်။ ရန်ကုန်အမေရိကန် အပြည်ပြည်ဆိုင်ရာကျောင်း၌ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ကို အကြီးအကျယ်အကောင်အထည်ဖော်နေပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သင်ကြားလိုသည့် ဘာသာရပ်များကို သင်ကြားနိုင်ရန်အခွင့်အရေးပေးထားကြောင်း၊ ထိုကဲ့သို့အခွင့်အရေးအတွက်လည်း မိမိကိုယ်တိုင်တာဝန်ယူနိုင်ရန် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးထားကြောင်း သိရှိရပါတယ်။

ရန်ကုန်အမေရိကန်အပြည်ပြည်ဆိုင်ရာကျောင်းအုပ်ဖြစ်သူ Mr. Crutchfield က ခက်ခဲသည့်အချိန်ကာလ၌ အတူတကွအားပေးခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ အဆိုပါကျောင်းသား၊  ကျောင်းသူတို့ရဲ့မိိဘများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရန်ကုန်အမေရိကန်အပြည်ပြည်ဆိုင်ရာကျောင်းသည် မြန်မာနိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာပညာရေးစနစ်ကို ဦးဆောင်သွားရန်ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Mr. Crutchfield ဖော်ဆောင်နေသည့် ကလေးသူငယ်များအတွက်အဝေးသင်ပညာရေးစနစ်က လတ်တလောကာလ၌ ထိရောက်အောင်မြင်နေသည်ဟုဆိုနိုင်ပေမယ့် ကျောင်းများ၊ အပေါင်းအသင်းမိတ်ဆွေများနဲ့ ဝေးကွာနေသည့် ကလေးသူငယ်များအတွက် အဆိုပါသင်ကြားရေးစနစ်က ရေရှည်၌အထောက်အကူဖြစ်ရန်မလွယ်ကူကြောင်း ပညာရှင်များကထောက်ပြလျက်ရှိပါတယ်။ ကလေးသူငယ်များအနေဖြင့် ပုံသွင်း၍လွယ်ကူသည့်အချိန်ကာလ၌ပင် လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို သင်ကြားထားရန်လိုအပ်ပြီး ယခုကဲ့သို့အိမ်မှပညာသင်ကြားရခြင်းက ကလေးသူငယ်များရဲ့ စိတ်ကျန်းမာရေးနဲ့ပေါင်းသင်းဆက်ဆံရေးကိုထိခိုက်စေခြင်း၊ အထီးကျန်ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ကြောင်း နိုင်ငံတကာမှကလေးသူငယ်ဆိုင်ရာကျွမ်းကျင်သူများက စိုးရိမ်မကင်းရှိနေကြဆဲဖြစ်ပါတယ်။

<Unicode Version>

 

- Advertisement -

 

ကိုရိုနာဗို္င္းရပ္စ္အလြန္ ပညာေရးစနစ္အတြက္စိန္ေခၚမႈမ်ား။

ကိုရိုနာဗိုင္းရပ္စ္အလြန္ကာလ၌ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးက႑အသီးသီး၌ အေျပာင္းအလဲမ်ားစြာ ျမင္ေတြ႕ရႏိုင္သည့္အျပင္ ပညာေရးက႑၌လည္း ႀကီးမားသည့္အေျပာင္းအလဲမ်ားကို ျမင္ေတြ႕ရမည္ဟု ကြ်မ္းက်င္သူမ်ားက ခန္႔မွန္းသံုးသပ္ထားၾကပါတယ္။ ႏိုင္ငံတကာ၌လည္း ကိုရိုနာဗုိင္းရပ္စ္အလြန္  ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္၌ ရင္ဆုိင္ရမည့္စိန္ေခၚမႈမ်ားနဲ႔ပတ္သက္၍  ေက်ာင္းသား၊  ေက်ာင္းသူမ်ားအတြက္သာမက ဆရာ၊ ဆရာမမ်ားအတြက္ပါ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံအတြင္း၌လည္း လက္ရွိအခ်ိန္အထိ တကၠသိုလ္နဲ႔ဒီဂရီေကာလိပ္မ်ား ျပန္လည္ဖြင့္လွစ္ရန္ ညႊန္ၾကားခ်က္တစ္စံုတစ္ရာ မရရွိေသးသည့္တိုင္ အေျခခံပညာအထက္တန္းေက်ာင္းမ်ားကိုေရွ႕ေျပးဖြင့္လွစ္ကာ ထို႔ေနာက္တြင္မွ အလယ္တန္းနဲ႔မူလတန္းမ်ားကို ဆက္လက္ဖြင့္လွစ္သြားရန္ ျပင္ဆင္ထားၿပီးျဖစ္ပါတယ္။ သို႔ရာတြင္မူ အခ်ိဳ႕ေသာမူႀကိဳေက်ာင္းမ်ား၊ ႏိုင္ငံတကာေက်ာင္းမ်ားမွာမူ သင္ခန္းစာမ်ားကို အြန္လိုင္းမွတစ္ဆင့္ စတင္သင္ၾကားေနၾကၿပီျဖစ္ၿပီး ေက်ာင္းမ်ားအေနျဖင့္ New Normal ဆိုသည့္အေနအထားနဲ႔ အံဝင္ခြင္က်ျဖစ္ေစရန္ ေဆာင္ရြက္ရေတာ့မည္လည္းျဖစ္ပါတယ္။

ရန္ကုန္ – အေမရိကန္အျပည္ျပည္ဆုိင္ရာေက်ာင္းရဲ႕ ေက်ာင္းအုပ္တစ္ဦးျဖစ္သူ Mr. Crutchfield သည္ ႏွစ္ေပါင္း (၂၀) နဲ႔အထက္ အေတြ႕အႀကံဳမ်ားကိုပိုင္ဆုိင္ထားသည့္ ဝါရင့္သမာၻရင့္ပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး လက္ရွိဦးေဆာင္ေနရာေက်ာင္းအတြက္ အၿပီးျပည့္စံုဆံုးပုဂၢိဳလ္တစ္ေယာက္ဟုလည္း သတ္မွတ္ႏုိင္ပါတယ္။ အီရတ္၊ ဂီနီယာနဲ႔ အေမရိကမွသည္ ျမန္မာႏုိင္ငံအထိ ေျခဆန္႔ခဲ့သည့္ Mr. Crutchfield အေနျဖင့္ ရန္ကုန္ – အေမရိကန္အျပည္ျပည္ဆိုင္ရာေက်ာင္းကို အေနာက္တိုင္းေက်ာင္းမ်ားနဲ႔ေကာလိပ္မ်ားအသင္း (WASC) ရဲ႕ အဖြဲ႕ဝင္ေက်ာင္းျဖစ္လာေစရန္ အခ်ိန္တိုအတြင္းစြမ္းေဆာင္ျပခဲ့ပါတယ္။

သို႔ျဖစ္ရာ Mr. Crutchfield ဦးေဆာင္ေနသည့္ အဆိုပါေက်ာင္းက လက္ရွိအေျခအေနဆုိးႀကီးကို  ေကာင္းမြန္စြာေက်ာ္လႊားႏုိင္မည့္ မဟာဗ်ဴဟာမ်ားကုိပိုင္ဆုိင္ထားျခင္းက အံ့အားသင့္စရာမဟုတ္ဘဲ ခက္ခဲသည့္အခ်ိန္မ်ားက အာရံုစူးစုိက္ႏုိင္စြမ္းနဲ႔မိမိရဲ႕အသင္းအဖြဲ႕ကို ပိုမိုတိုးတက္လာေစမည္ဟု Mr. Crutchfield က အျပည့္အဝယံုၾကည္ထားပါတယ္။ ကိုရိုနာဗုိင္းရပ္စ္သည္ သာမန္လူေနမႈဘဝကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစခဲ့ေပမယ့္ ရန္ကုန္အေမရိကန္အျပည္ျပည္ဆုိင္ရာေက်ာင္းမွ သင္ၾကားေရးအဖဲြ႕တစ္ခုလံုးက နည္းပညာနဲ႔အြန္လိုင္းသင္ၾကားေရးစနစ္ကို အသံုးခ်ၿပီး ရပ္ေဝးမွ ပညာသင္ၾကားေရးမဟာဗ်ဴဟာတစ္ရပ္ကို အေကာင္အထည္ေဖာ္ႏုိင္ခဲ့ပါတယ္။ ဒါ့အျပင္ Mr. Crutchfield က “အခ်ိန္တန္လာေတာ့လည္း အိမ္တြင္းအေျချပဳသင္ၾကားေရးစနစ္ကို ကူးေျပာင္းသြားတာပါပဲ။ ဒီလိုမ်ိဳး အေဝးသင္စနစ္ကို ဘယ္ေလာက္အထိတုိးတက္ေအာင္လုပ္ႏုိင္မလဲဆိုတာကို ကြ်န္ေတာ္တို႔ ဆက္လက္အကဲျဖတ္သြားၾကမွာပါ။” ဟုလည္းဆိုပါတယ္။

အိႏၵိယအပါအဝင္အျခားေသာႏုိင္ငံမ်ား၌ အြန္လိုင္းပညာေရးစနစ္ကို အေကာင္အထည္ေဖာ္ရန္ ခက္ခဲေနခ်ိန္၌ ရန္ကုန္အေမရိကန္အျပည္ျပည္ဆုိင္ရာေက်ာင္းက ယခုကဲ့သို႔ အြန္လိုင္းသင္ၾကားေရးစနစ္ကို  ေကာင္းစြာအေကာင္အထည္ေဖာ္ရင္း အက်ိဳးေက်းဇူးမ်ားခံစားေနရသည္ကို ဂုဏ္ယူဖြယ္ျမင္ေတြ႕ေနရပါတယ္။

အိမ္မွတစ္ဆင့္ ပညာသင္ၾကားျခင္းသည္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ မိဘမ်ားနဲ႔ ပညာေရးဝန္ထမ္းမ်ားအတြက္ အံ့အားသင့္စရာေကာင္းသည့္၊ အေပါင္းလကၡဏာေဆာင္သည့္ အက်ိဳးေက်းဇူးမ်ားကို ခံစားရႏုိင္ၿပီး ကိုရိုနာဗုိင္းရပ္စ္အလြန္ ပညာေရးက႑အတြက္လည္း ႀကီးမားသည့္ အေရြ႕တစ္ခုျဖစ္လာႏိုင္ေၾကာင္း Mr. Crutchfield ကဆိုပါတယ္။

ဒါ့အျပင္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ Lockdown ခ်မွတ္ထားသည့္ကာလအတြင္း စီးပြားေရးလုပ္ငန္းအမ်ားအျပား အြန္လိုင္းေပၚသို႔ေရာက္ရွိလာသည့္အျပင္ ပညာေရးစနစ္မ်ားပါ အြန္လိုင္းေပၚသို႔ အလံုးအရင္းျဖင့္  ေရာက္ရွိလာျခင္းအေပၚ Mr. Crutchfield က ပညာေရးဝန္ထမ္းမ်ားအေနျဖင့္လည္း ေခတ္မွီနည္းပညာရပ္မ်ားနဲ႔ ရင္းႏွီးကြ်မ္းဝင္ထားရန္ လိုအပ္ေၾကာင္း ေထာက္ျပအႀကံေပးခဲ့ပါတယ္။ ရန္ကုန္အေမရိကန္ အျပည္ျပည္ဆုိင္ရာေက်ာင္း၌ ေက်ာင္းသားဗဟိုျပဳသင္ၾကားေရးစနစ္ကို အႀကီးအက်ယ္အေကာင္အထည္ေဖာ္ေနၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ မိမိတို႔သင္ၾကားလိုသည့္ ဘာသာရပ္မ်ားကို သင္ၾကားႏုိင္ရန္အခြင့္အေရးေပးထားေၾကာင္း၊ ထိုကဲ့သုိ႔အခြင့္အေရးအတြက္လည္း မိမိကုိယ္တုိင္တာဝန္ယူႏိုင္ရန္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို သင္ၾကားေပးထားေၾကာင္း သိရွိရပါတယ္။

ရန္ကုန္အေမရိကန္အျပည္ျပည္ဆုိင္ရာေက်ာင္းအုပ္ျဖစ္သူ Mr. Crutchfield က ခက္ခဲသည့္အခ်ိန္ကာလ၌ အတူတကြအားေပးခဲ့ၾကသည့္ လုပ္ေဖာ္ကိုင္ဖက္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔ အဆုိပါေက်ာင္းသား၊  ေက်ာင္းသူတုိ႔ရဲ႕မိိဘမ်ားကို ေက်းဇူးတင္စကားေျပာၾကားခဲ့ၿပီး ရန္ကုန္အေမရိကန္အျပည္ျပည္ဆုိင္ရာေက်ာင္းသည္ ျမန္မာႏုိင္ငံရဲ႕အျပည္ျပည္ဆုိင္ရာပညာေရးစနစ္ကို ဦးေဆာင္သြားရန္ရည္ရြယ္ထားေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

Mr. Crutchfield ေဖာ္ေဆာင္ေနသည့္ ကေလးသူငယ္မ်ားအတြက္အေဝးသင္ပညာေရးစနစ္က လတ္တေလာကာလ၌ ထိေရာက္ေအာင္ျမင္ေနသည္ဟုဆိုႏုိင္ေပမယ့္ ေက်ာင္းမ်ား၊ အေပါင္းအသင္းမိတ္ေဆြမ်ားနဲ႔ ေဝးကြာေနသည့္ ကေလးသူငယ္မ်ားအတြက္ အဆုိပါသင္ၾကားေရးစနစ္က ေရရွည္၌အေထာက္အကူျဖစ္ရန္မလြယ္ကူေၾကာင္း ပညာရွင္မ်ားကေထာက္ျပလ်က္ရွိပါတယ္။ ကေလးသူငယ္မ်ားအေနျဖင့္ ပံုသြင္း၍လြယ္ကူသည့္အခ်ိန္ကာလ၌ပင္ လူမႈေပါင္းသင္းဆက္ဆံေရးဆုိင္ရာ ကိစၥရပ္မ်ားကို သင္ၾကားထားရန္လိုအပ္ၿပီး ယခုကဲ့သို႔အိမ္မွပညာသင္ၾကားရျခင္းက ကေလးသူငယ္မ်ားရဲ႕ စိတ္က်န္းမာေရးနဲ႔ေပါင္းသင္းဆက္ဆံေရးကိုထိခိုက္ေစျခင္း၊ အထီးက်န္ျခင္းတုိ႔ကိုျဖစ္ေပၚေစႏုိင္ေၾကာင္း ႏိုင္ငံတကာမွကေလးသူငယ္ဆိုင္ရာကြ်မ္းက်င္သူမ်ားက စိုးရိမ္မကင္းရွိေနၾကဆဲျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ mmtimes

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 − three =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...