HomeTech၂၀၂၀ ခုနှစ်အကုန်လောက်မှာ ထွက်ရှိလာမယ့် "Marvel's Avengers" Game

၂၀၂၀ ခုနှစ်အကုန်လောက်မှာ ထွက်ရှိလာမယ့် “Marvel’s Avengers” Game

- Advertisement -

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဗီဒီယိုဂိမ်းတွေကို တီထွင်ထုတ်လုပ်တဲ့ Crystal Dynamics က “Marvel’s Avengers” ဂိမ်းကိုတီထွင်ခဲ့ပြီး လွန်ခဲ့တဲ့ရက်အချို့က အချိန် ၇ မိနစ်စာ ကြာရှည်တဲ့ ဂိမ်းကြော်ငြာကို  တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာတော့ ဂိမ်းဇာတ်လမ်းနဲ့ ဂိမ်းထဲမှာပါဝင်တဲ့  သူရဲကောင်းဇာတ်ကောင်တွေအကြောင်းကို အကျဉ်းချုပ်ဖော်ပြထားပါတယ်။

အဆိုပါဗီဒီယိုဂိမ်းဟာ Thor ဇာတ်ကောင်ကိုအဓိကထားပြီး Hulk နဲ့ Iron Man တို့ကို အရံဇာတ်ကောင်အဖြစ် ထည့်သွင်းပေးထားပါတယ်။ ဂိမ်းထဲမှာတော့ သူရဲကောင်းဇာတ်ကောင်တွေဟာ သူတို့ရဲ့စွမ်းအားတွေကို အသုံးပြုပြီး စွမ်းအင်ကြီးမားတဲ့ရန်သူတွေကို ချေမှုန်းနိုင်မယ့် လှုပ်ရှားမှုတွေကိုလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Avengers သူရဲကောင်း ဗီဒီယိုဂိမ်းကို ကြေငြာထားတဲ့ ဗီဒီယိုထဲမှာတော့ အမျိုးသမီးသူရဲကောင်းတွေဖြစ်တဲ့ Ms.Marvel နဲ့ Black Widow တို့ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါဗီဒီယိုဂိမ်းကို ဆော့ဖို့ဆိုရင်တော့ ဂိမ်းထဲမှာပါတဲ့ တာဝန်လုပ်ဆောင်ချက်တွေကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့ တစ်ယောက်တည်းကစားတာထက် သူငယ်ချင်း (သို့) မိသားစုဝင်တွေနဲ့ အတူဆော့ကစားတာက ပိုပြီးပျော်စရာကောင်းမှာပါနော်။

- Advertisement -

ဂိမ်းထဲကဇာတ်ကောင်သူရဲကောင်းတွေကိုတော့ သူတို့ရဲ့စွမ်းအားတွေနဲ့ ဝတ်စုံတွေကို အဆင့်မြင့်ပေးမယ့် စနစ်တွေလည်းပါဝင်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားသူတွေအနေနဲ့ ကိုယ်သဘောကျနှစ်သက်တဲ့ အချိန်နဲ့နေရာကို   ရွေးချယ်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပေးပါသေးတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကနေစပြီး Marvel’s Avengers ဂိမ်းကို PC ၊ PS4 ၊ Stadia နဲ့ Xbox One တို့မှာ ကစားနိုင်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ် အကုန်ပိုင်းလောက်မှာလည်း PS5 နဲ့ Xbox Series X တို့မှာလည်း ကစားနိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါဂိမ်းကို ကစားချင်တဲ့ ဂိမ်းကစားသူတွေအနေနဲ့ အခုကတည်းက ကြိုတင်ဝယ်ယူထားလို့ရနေပါပြီနော်။

- Advertisement -

<Unicode Version>

 

၂၀၂၀ ခုႏွစ္အကုန္ေလာက္မွာ ထြက္ရွိလာမယ့္ “Marvel’s Avengers” Game

အေမရိကန္ျပည္ေထာင္စုအေျခစိုက္ ဗီဒီယိုဂိမ္းေတြကို တီထြင္ထုတ္လုပ္တဲ့ Crystal Dynamics က “Marvel’s Avengers” ဂိမ္းကိုတီထြင္ခဲ့ၿပီး လြန္ခဲ့တဲ့ရက္အခ်ိဳ႕က အခ်ိန္ ၇ မိနစ္စာ ၾကာရွည္တဲ့ ဂိမ္းေၾကာ္ျငာကို  တိုက္႐ိုက္ထုတ္လႊင့္ေပးခဲ့တာပဲျဖစ္ပါတယ္။ အဆိုပါ ဗီဒီယိုထဲမွာေတာ့ ဂိမ္းဇာတ္လမ္းနဲ႔ ဂိမ္းထဲမွာပါဝင္တဲ့  သူရဲေကာင္းဇာတ္ေကာင္ေတြအေၾကာင္းကို အက်ဥ္းခ်ဳပ္ေဖာ္ျပထားပါတယ္။

အဆိုပါဗီဒီယိုဂိမ္းဟာ Thor ဇာတ္ေကာင္ကိုအဓိကထားၿပီး Hulk နဲ႔ Iron Man တို႔ကို အရံဇာတ္ေကာင္အျဖစ္ ထည့္သြင္းေပးထားပါတယ္။ ဂိမ္းထဲမွာေတာ့ သူရဲေကာင္းဇာတ္ေကာင္ေတြဟာ သူတို႔ရဲ႕စြမ္းအားေတြကို အသံုးျပဳၿပီး စြမ္းအင္ႀကီးမားတဲ့ရန္သူေတြကို ေခ်မႈန္းႏိုင္မယ့္ လႈပ္ရွားမႈေတြကိုလည္း ျမင္ေတြ႕ရမွာပဲျဖစ္ပါတယ္။

Avengers သူရဲေကာင္း ဗီဒီယိုဂိမ္းကို ေၾကျငာထားတဲ့ ဗီဒီယိုထဲမွာေတာ့ အမ်ိဳးသမီးသူရဲေကာင္းေတြျဖစ္တဲ့ Ms.Marvel နဲ႔ Black Widow တို႕ကိုလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အဆိုပါဗီဒီယိုဂိမ္းကို ေဆာ့ဖို႔ဆိုရင္ေတာ့ ဂိမ္းထဲမွာပါတဲ့ တာဝန္လုပ္ေဆာင္ခ်က္ေတြကို ၿပီးေျမာက္ေအာင္ေဆာင္ရြက္ႏိုင္ဖို႔ တစ္ေယာက္တည္းကစားတာထက္ သူငယ္ခ်င္း (သို႔) မိသားစုဝင္ေတြနဲ႔ အတူေဆာ့ကစားတာက ပိုၿပီးေပ်ာ္စရာေကာင္းမွာပါေနာ္။

 

- Advertisement -

ဂိမ္းထဲကဇာတ္ေကာင္သူရဲေကာင္းေတြကိုေတာ့ သူတို႔ရဲ႕စြမ္းအားေတြနဲ႔ ဝတ္စံုေတြကို အဆင့္ျမင့္ေပးမယ့္ စနစ္ေတြလည္းပါဝင္ပါတယ္။ ဒါ့အျပင္ ဂိမ္းကစားသူေတြအေနနဲ႔ ကိုယ္သေဘာက်ႏွစ္သက္တဲ့ အခ်ိန္နဲ႔ေနရာကို   ေရြးခ်ယ္ႏိုင္ဖို႔အတြက္လည္း ျပင္ဆင္ထားေပးပါေသးတယ္။

စက္တင္ဘာလ ၄ ရက္ေန႔ကေနစၿပီး Marvel’s Avengers ဂိမ္းကို PC ၊ PS4 ၊ Stadia နဲ႔ Xbox One တို႔မွာ ကစားႏိုင္မွာျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ အကုန္ပိုင္းေလာက္မွာလည္း PS5 နဲ႔ Xbox Series X တို႔မွာလည္း ကစားႏိုင္မွာပဲျဖစ္ပါတယ္။ အဆိုပါဂိမ္းကို ကစားခ်င္တဲ့ ဂိမ္းကစားသူေတြအေနနဲ႔ အခုကတည္းက ႀကိဳတင္ဝယ္ယူထားလို႔ရေနပါၿပီေနာ္။

<Zawgyi Version>

 

Source ~ Gadgets

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine − 6 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...