COVID-19 ရောဂါပျံ့နှံ့မှုဟာ လူသားတွေရဲ့ကျန်းမာရေး ၊ ကမ္ဘာ့စီးပွါးရေးလှုပ်ရှားမှုနဲ့ နိုင်ငံတကာက ကုန်စည်စီးဆင်းမှုတွေကို ထိခိုက်နစ်နာစေတဲ့အပြင် အနုပညာလောကရဲ့ လှုပ်ရှားမှုတွေကိုလည်း အနည်းနဲ့အများ နှောင့်နှေးကြန့်ကြာစေတယ်ဆိုတာကိုတော့ အားလုံးသတိထားမိမှာပါ။
ရောဂါပျံ့နှံ့မှုကို ထိရောက်စွာ လျှော့ချနိုင်ဖို့အတွက် အချိန်ကာလတော်တော်ကြာကြာ လူတွေအားလုံးက မိမိရဲ့နေအိမ်မှာပဲ နေထိုင်နေရတာဖြစ်ပါတယ်။ ဟောလီဝုဒ်ကအနုပညာရှင်တွေဟာလည်း အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားရတာမို့ ရုပ်ရှင်ထုတ်လုပ်ရေးတွေဟာလည်း ခန့်မှန်းထားတဲ့အချိန်ထက် နောက်ကျသွားပါတယ်။
ဖေဖော်ဝါရီလအစပိုင်းမှာ အီတလီနိုင်ငံမှာ ရိုက်ကူးဖို့ပြင်ဆင်ထားတဲ့ Mission : Impossible 7 ဟာလည်း ရောဂါပျံ့နှံ့မှုကြောင့် ရိုက်ကူးရေးကို ရပ်ဆိုင်းလိုက်ရာကနေ ကြည့်ရှုသူပရိသတ်ကို ကတိပေးထားတဲ့အတိုင်း ထုတ်လွှင့်ပေးရမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
မတ်လ ၁၂ရက်နေ့မှာ “A Quiet Place” ဇာတ်ကား ရိုက်ကူးသူဒါရိုက်တာ John Krasinski က “ပရိသတ်တွေရဲ့ ထောက်ခံ့အားပေးမှုကြောင့် ကျွန်တော်တို့တွေ အရမ်းကိုမှအားတက်ရပါတယ်။ ကမ္ဘာပေါ်မှာ လက်တလောဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် အခုချိန်က လုပ်ချင်တာကိုမလုပ်သေးဘဲ စောင့်ဆိုင်းနေရဦးမှာပါ။” လို့ ဆိုထားပါတယ်။
“A Quiet Place” ဇာတ်ကား ထုတ်လုပ်သူကလည်း “ဇာတ်ကားကိုကြည့်ရှုချင်နေပြီဖြစ်တဲ့ ပရိသတ်ကြီးနဲ့အတူ အဖွဲ့သားအားလုံးကလည်း ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးအတူတကွ လုံခြုံစိတ်ချစွာ ကြည့်ရှုနိုင်မယ့် အချိန်တစ်ခုရောက်လာဖို့တော့ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေရပါဦးမယ်။” လို့ အားပေးပြောဆိုထားပါတယ်။
Universal Pictures ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး ကုမ္ပဏီကလည်း ထုတ်လွှင့်ဖို့ကျန်သေးတဲ့ ဇာတ်ကားအသစ်တွေဖြစ်တဲ့ “Emma” ၊ “Invisible Man” နဲ့ “The Hunt” ဇာတ်ကားတို့ကို အချိန်အကြာကြီး လက်ဝယ်သိမ်းထားတာထက် ပရိသတ်တွေ အဆင်ပြေတဲ့နည်းလမ်းနဲ့ ကြည့်ရှုနိုင်ဖို့အတွက် စီစဉ်ပြုလုပ်ပေးသွားမယ်လို့ မတ််လကတည်းက ကြေငြာခဲ့တာပဲဖြစ်ပါတယ်။
NBC Universal ကုမ္ပဏီရဲ့ CEO Jeff Shell က မတ် လ ၁၆ရက်နေ့မှာ “ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လွှင့်ပြသမယ့် အချိန်ကို ရွှေ့ဆိုင်းလိုက်တာထက် ပရိသတ်တွေက ကြည့်လိုတဲ့ဇာတ်ကားတွေကို ကြည့်ရှုနိုင်ဖို့အတွက် စီစဉ်ပေးခြင်းက နှစ်ဦးနှစ်ဖက်လုံးကို အဆင်ပြေစေမှာပါ။” လို့ ဆိုခဲ့ပါသေးတယ်။
“No Time To Die” နဲ့ “Top Gun: Maverick” ဇာတ်ကားတွေကို ထုတ်လွှင့်ပြသမယ့် ရက်အသစ်ကို ကြေငြာပြီးသားဖြစ်တာမို့ စိတ်ချလုံခြုံရတဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ပေးနိုင်စွမ်းရှိတဲ့ ရုပ်ရှင်ရုံတွေမှာ သွားရောက်ကြည့်ရှုနိုင်ဖို့ကိုလည်း စီစဉ်ထားပြီးပြီဆိုတာကိုလည်း သိရပါတယ်။
ဆက်လက်ပြီး ပြသဖို့ရွှေ့ဆိုင်းလိုက်တဲ့ ရုပ်ရှင်တွေကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်။
Matrix 4
Original Date: May 21, 2021
New Release: April 1, 2022
Tenet
Original Date: July 17, 2020
New Release: August 12, 2020
Black Widow
Original Date: May 11, 2020
New Release: November 6, 2020
Candyman
Original Date: June 12, 2020
New Release: September 25, 2020
Soul
Original Date: June 19, 2020
New Release: November 20, 2020
Mulan
Original Date: March 27, 2020
New Release: August 21, 2020
The New Mutants
Original Date: April 3, 2020
New Release: August 28, 2020
Mission Impossible 7 & 8
Original Date: July 23, 2021, and August 5, 2022
New Release: November 19, 2021, and November 4, 2022
Antebellum
Original Date: April 24, 2020
New Release: August 20, 2020
Morbius
Original Date: July 31, 2020
New Release: March 19, 2021
The Eternals
Original Date: November 6, 2020
New Release: February 12, 2021
Untitled Elvis Presley biopic
Original Date: October 1, 2021
New Release: November 5, 2021
The Flash
Original Date: June 3, 2022
New Release: July 1, 2022
Shazam! 2
Original Date: November 4, 2022
New Release: April 1, 2022
Thor: Love and Thunder
Original Date: February 18, 2022
New Release: November 5, 2021
Charm City Kings
Original Date: April 10, 2020
New Release: August 21, 2020
The French Dispatch
Original Date: July 24, 2020
New Release: October 16, 2020
The Batman
Original Date: June 25, 2021
New Release: October 1, 2021
Doctor Strange in the Multiverse of Madness
Original Date: May 7, 2021
New Release: March 25, 2022
Tom & Jerry
Original Date: December 23, 2020
New Release: March 5, 2021
<Unicode Version>
COVID-19 ေၾကာင့္ ထုတ္လႊင့္ျပသမယ့္ရက္ေတြ ေရႊ႕ဆိုင္းခဲ့ရတဲ့ Hollywood ဇာတ္ကားေကာင္းမ်ား။
COVID-19 ေရာဂါပ်ံ႕ႏွံ႔မႈဟာ လူသားေတြရဲ႕က်န္းမာေရး ၊ ကမာၻ႔စီးပြါးေရးလႈပ္ရွားမႈနဲ႔ ႏိုင္ငံတကာက ကုန္စည္စီးဆင္းမႈေတြကို ထိခိုက္နစ္နာေစတဲ့အျပင္ အႏုပညာေလာကရဲ႕ လႈပ္ရွားမႈေတြကိုလည္း အနည္းနဲ႔အမ်ား ေႏွာင့္ေႏွးၾကန္႔ၾကာေစတယ္ဆိုတာကိုေတာ့ အားလံုးသတိထားမိမွာပါ။
ေရာဂါပ်ံ႕ႏွံ႔မႈကို ထိေရာက္စြာ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ အခ်ိန္ကာလေတာ္ေတာ္ၾကာၾကာ လူေတြအားလံုးက မိမိရဲ႕ေနအိမ္မွာပဲ ေနထိုင္ေနရတာျဖစ္ပါတယ္။ ေဟာလီဝုဒ္ကအႏုပညာရွင္ေတြဟာလည္း အႏုပညာလႈပ္ရွားမႈေတြကို ေခတၱရပ္ဆိုင္းထားရတာမို႔ ႐ုပ္ရွင္ထုတ္လုပ္ေရးေတြဟာလည္း ခန္႔မွန္းထားတဲ့အခ်ိန္ထက္ ေနာက္က်သြားပါတယ္။
ေဖေဖာ္ဝါရီလအစပိုင္းမွာ အီတလီႏိုင္ငံမွာ ႐ိုက္ကူးဖို႔ျပင္ဆင္ထားတဲ့ Mission : Impossible 7 ဟာလည္း ေရာဂါပ်ံ႕ႏွံ႔မႈေၾကာင့္ ႐ိုက္ကူးေရးကို ရပ္ဆိုင္းလိုက္ရာကေန ၾကည့္ရႈသူပရိသတ္ကို ကတိေပးထားတဲ့အတိုင္း ထုတ္လႊင့္ေပးရမယ့္ရက္ကို ေရႊ႕ဆိုင္းလိုက္ရပါတယ္။
မတ္လ ၁၂ရက္ေန႔မွာ “A Quiet Place” ဇာတ္ကား ႐ိုက္ကူးသူဒါ႐ိုက္တာ John Krasinski က “ပရိသတ္ေတြရဲ႕ ေထာက္ခံ့အားေပးမႈေၾကာင့္ ကၽြန္ေတာ္တို႔ေတြ အရမ္းကိုမွအားတက္ရပါတယ္။ ကမာၻေပၚမွာ လက္တေလာျဖစ္ပ်က္ေနတဲ့ အေျခအေနေတြေၾကာင့္ အခုခ်ိန္က လုပ္ခ်င္တာကိုမလုပ္ေသးဘဲ ေစာင့္ဆိုင္းေနရဦးမွာပါ။” လို႔ ဆိုထားပါတယ္။
“A Quiet Place” ဇာတ္ကား ထုတ္လုပ္သူကလည္း “ဇာတ္ကားကိုၾကည့္႐ႈခ်င္ေနၿပီျဖစ္တဲ့ ပရိသတ္ႀကီးနဲ႔အတူ အဖြဲ႔သားအားလံုးကလည္း ရင္ခုန္စိတ္လႈပ္ရွားေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႕အားလုံးအတူတကြ လံုျခံဳစိတ္ခ်စြာ ၾကည့္႐ႈႏိုင္မယ့္ အခ်ိန္တစ္ခုေရာက္လာဖို႔ေတာ့ စိတ္ရွည္စြာနဲ႔ ေစာင့္ဆိုင္းေနရပါဦးမယ္။” လို႔ အားေပးေျပာဆိုထားပါတယ္။
Universal Pictures ႐ုပ္ရွင္႐ိုက္ကူးထုတ္လုပ္ေရး ကုမၸဏီကလည္း ထုတ္လႊင့္ဖို႔က်န္ေသးတဲ့ ဇာတ္ကားအသစ္ေတြျဖစ္တဲ့ “Emma” ၊ “Invisible Man” နဲ႔ “The Hunt” ဇာတ္ကားတို႔ကို အခ်ိန္အၾကာႀကီး လက္ဝယ္သိမ္းထားတာထက္ ပရိသတ္ေတြ အဆင္ေျပတဲ့နည္းလမ္းနဲ႔ ၾကည့္႐ႈႏိုင္ဖို႔အတြက္ စီစဥ္ျပဳလုပ္ေပးသြားမယ္လို႔ မတ္္လကတည္းက ေၾကျငာခဲ့တာပဲျဖစ္ပါတယ္။
NBC Universal ကုမၸဏီရဲ႕ CEO Jeff Shell က မတ္ လ ၁၆ရက္ေန႔မွာ “႐ုပ္ရွင္ဇာတ္ကားေတြ ထုတ္လႊင့္ျပသမယ့္ အခ်ိန္ကို ေရႊ႕ဆိုင္းလိုက္တာထက္ ပရိသတ္ေတြက ၾကည့္လိုတဲ့ဇာတ္ကားေတြကို ၾကည့္႐ႈႏိုင္ဖို႔အတြက္ စီစဥ္ေပးျခင္းက ႏွစ္ဦးႏွစ္ဖက္လံုးကို အဆင္ေျပေစမွာပါ။” လို႔ ဆိုခဲ့ပါေသးတယ္။
“No Time To Die” နဲ႔ “Top Gun: Maverick” ဇာတ္ကားေတြကို ထုတ္လႊင့္ျပသမယ့္ ရက္အသစ္ကို ေၾကျငာၿပီးသားျဖစ္တာမို႔ စိတ္ခ်လံုျခံဳရတဲ့ က်န္းမာေရးဝန္ေဆာင္မႈကို ေပးႏိုင္စြမ္းရွိတဲ့ ႐ုပ္ရွင္႐ံုေတြမွာ သြားေရာက္ၾကည့္ရႈႏိုင္ဖို႔ကိုလည္း စီစဥ္ထားၿပီးၿပီဆိုတာကိုလည္း သိရပါတယ္။
ဆက္လက္ၿပီး ျပသဖို႕ေရႊ႕ဆိုင္းလိုက္တ့ဲ ရုပ္ရွင္ေတြကိုလည္း ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။
Matrix 4
Original Date: May 21, 2021
New Release: April 1, 2022
Tenet
Original Date: July 17, 2020
New Release: August 12, 2020
Black Widow
Original Date: May 11, 2020
New Release: November 6, 2020
Candyman
Original Date: June 12, 2020
New Release: September 25, 2020
Soul
Original Date: June 19, 2020
New Release: November 20, 2020
Mulan
Original Date: March 27, 2020
New Release: August 21, 2020
The New Mutants
Original Date: April 3, 2020
New Release: August 28, 2020
Mission Impossible 7 & 8
Original Date: July 23, 2021, and August 5, 2022
New Release: November 19, 2021, and November 4, 2022
Antebellum
Original Date: April 24, 2020
New Release: August 20, 2020
Morbius
Original Date: July 31, 2020
New Release: March 19, 2021
The Eternals
Original Date: November 6, 2020
New Release: February 12, 2021
Untitled Elvis Presley biopic
Original Date: October 1, 2021
New Release: November 5, 2021
The Flash
Original Date: June 3, 2022
New Release: July 1, 2022
Shazam! 2
Original Date: November 4, 2022
New Release: April 1, 2022
Thor: Love and Thunder
Original Date: February 18, 2022
New Release: November 5, 2021
Charm City Kings
Original Date: April 10, 2020
New Release: August 21, 2020
The French Dispatch
Original Date: July 24, 2020
New Release: October 16, 2020
The Batman
Original Date: June 25, 2021
New Release: October 1, 2021
Doctor Strange in the Multiverse of Madness
Original Date: May 7, 2021
New Release: March 25, 2022
Tom & Jerry
Original Date: December 23, 2020
New Release: March 5, 2021
<Zawgyi Version>
Source ~ USMagazine
#SY(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare