HomeTechတရုတ်အချမ်းသာဆုံးသူဋ္ဌေးဖြစ်တဲ့ Jack Ma ကို ကျော်တက်သွားတဲ့ Pony Ma

တရုတ်အချမ်းသာဆုံးသူဋ္ဌေးဖြစ်တဲ့ Jack Ma ကို ကျော်တက်သွားတဲ့ Pony Ma

- Advertisement -

Pinduoduo Inc. က တရုတ်နိုင်ငံမှာ လက်ရှိအချမ်းသာဆုံး သူဋ္ဌေးကြီးတွေရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို  စာရင်းပြုစုလိုက်တဲ့အခါမှာတော့ တရုတ်နိုင်ငံအခြေစိုက် ဂိမ်းထုတ်လုပ်မှုမှာ ထိပ်တန်းအဆင့်မှာရောက်နေတဲ့ Tencent Holdings Ltd. ရဲ့ပိုင်ရှင် Pony Ma ဟာ ကမ္ဘာကျော်အွန်လိုင်းစျေးရုံ Alibaba Group Holding Ltd. ရဲ့ပိုင်ရှင် Jack Ma ထက်ကို ပိုမိုချမ်းသာလာကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။

Jack Ma ရဲ့လက်ရှိပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၈ ဘီလျံရှိပြီး Pony Ma ရဲ့ လက်ရှိပိုင်ဆိုင်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀ ဘီလျံရှိပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက နံပါတ်- ၁ အချမ်းသာဆုံးသောလုပ်ငန်းပိုင်ရှင်ရာထူးကို Pony Ma က ဆွတ်ခူးသွားတာပဲဖြစ်ပါတယ်။ Pony Ma ဟာ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အင်အားအကြီးမားဆုံးသော အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် Wang Jianlin ရဲ့ တရုတ်နိုင်ငံဒုတိယအချမ်းသာဆုံးလုပ်ငန်းပိုင်ရှင်ရာထူးကိုလည်း ရရှိသွားခဲ့ဖူးပါတယ်။

- Advertisement -

တရုတ်နိုင်ငံတောင်ပိုင်း Guangdong ဒေသကနေ ကြီးပျင်းလာတဲ့ Pony Ma ဟာ ကွန်ပျူတာသိပ္ပံကို Shenzhen တက္ကသိုလ်မှာသင်ယူပြီး တယ်လီဖုန်းလိုင်းဆက်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုမှာ Software  တီထွင်သူအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် အကုန်လောက်ရောက်တဲ့အခါမှာတော့ Tencent ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး  စာတိုပေးပို့ရေးဝန်ဆောင်မှုကိုပဲ  အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။

- Advertisement -

အသက် ၄၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Pony Ma ဟာ ကုမ္ပဏီရှယ်ယာ ၇% ကိုပိုင်ဆိုင်ထားပါတယ်။ ဒီနှစ်အတွင်းမှာလည်း Pony Ma က သူပိုင်ဆိုင်ထားတဲ့ ဒေါ်လာ ၁၄.၆  သန်း တန်ဖိုးရှိတဲ့  ရှယ်ယာအစုတွေထဲက  တစ်ချို့ကိုထုတ်ရောင်းလိုက်ရာမှ ဒေါ်လာ ၇၅၇ သန်းအထိ ရရှိပိုင်ဆိုင်လာတယ်လို့လည်း သိရပါတယ်။

- Advertisement -

၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံ အစိုးရအဖွဲ့အာဏာပိုင်တွေက ဂိမ်းအသစ်များထုတ်လုပ်ခြင်းကို  ခေတ္တရပ်ဆိုင်းစေခဲ့တာကြောင့် Tencent ကုမ္ပဏီက အခက်တွေ့နေခဲ့ပါတယ်။ ဒါပေမယ့် COVID-19  ရောဂါပျံ့နှံ့မှုကြောင့် အိမ်တွင်းအောင်းနေရတဲ့ လူအများစုဟာ ဂိမ်းတွေကို အပျင်းပြေကစားလာကြပါတယ်။ Tencent ကုမ္ပဏီက အင်တာကနေတဆင့် ကစားရတဲ့ဂိမ်းများကို အဆင့်မြင့်ပေးလိုက်ခြင်းက ဂိမ်းကစားလိုသူတွေရဲ့ အာရုံစိုက်ခြင်းကိုခံရလာတာကြောင့် Tencent ကုမ္ပဏီဟာ အခုချိန်မှာတော့  အခြားသောကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ / အဖွဲ့အစည်းတွေထက်ကို  ပိုပြီးအမြတ်ရရှိလာကာ လုပ်ငန်းကိုပုံမှန်လည်ပတ်နိုင်နေတာပဲ ဖြစ်ပါတယ်။

Bloomberg Intelligence ဌာနမှ Ling က Tencent ကုမ္ပဏီဟာ အင်တာနက်ကနေတဆင့်  ဂိမ်းကစားသူတွေ ၊ ဖျော်ဖြေပွဲတွေကို  ကြည့်ရှုသူတွေနဲ့ ကြော်ငြာပြုလုပ်သူတွေ အများအပြားရှိလာတာကြောင့်  အမြတ်များစွာရရှိလာပြီး ၂၀၂၀ ခုနှစ်ရောက်တော့ ရှယ်ယာတန်ဖိုးကလည်း ၃၁%  လောက်ထိ  တိုးတက်လာခဲ့တယ်လို့ ဆိုထားပါတယ်။

<Unicode Version>

 

 

တ႐ုတ္အခ်မ္းသာဆံုးသူေ႒းျဖစ္တဲ့ Jack Ma ကို ေက်ာ္တက္သြားတ့ဲ Pony Ma

Pinduoduo Inc. က တ႐ုတ္ႏိုင္ငံမွာ လက္ရွိအခ်မ္းသာဆံုး သူေ႒းႀကီးေတြရဲ႕ ပိုင္ဆိုင္မႈတန္ဖိုးကို  စာရင္းျပဳစုလိုက္တဲ့အခါမွာေတာ့ တ႐ုတ္ႏိုင္ငံအေျခစိုက္ ဂိမ္းထုတ္လုပ္မႈမွာ ထိပ္တန္းအဆင့္မွာေရာက္ေနတဲ့ Tencent Holdings Ltd. ရဲ႕ပိုင္ရွင္ Pony Ma ဟာ ကမာၻေက်ာ္အြန္လိုင္းေစ်း႐ံု Alibaba Group Holding Ltd. ရဲ႕ပိုင္ရွင္ Jack Ma ထက္ကို ပိုမိုခ်မ္းသာလာေၾကာင္း အံ့အားသင့္ဖြယ္ ေတြ႕ရွိခ့ဲပါတယ္။

Jack Ma ရဲ႕လက္ရွိပိုင္ဆိုင္မႈတန္ဖိုးဟာ အေမရိကန္ေဒၚလာ ၄၈ ဘီလ်ံရွိၿပီး Pony Ma ရဲ႕ လက္ရွိပိုင္ဆိုင္မႈတန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၅၀ ဘီလ်ံရွိပါတယ္။ ဒါေၾကာင့္ တ႐ုတ္ႏိုင္ငံက နံပါတ္- ၁ အခ်မ္းသာဆံုးေသာလုပ္ငန္းပိုင္ရွင္ရာထူးကို Pony Ma က ဆြတ္ခူးသြားတာပဲျဖစ္ပါတယ္။ Pony Ma ဟာ ၂၀၁၃ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံရဲ႕ အင္အားအႀကီးမားဆံုးေသာ အိမ္ျခံေျမလုပ္ငန္းပိုင္ရွင္ Wang Jianlin ရဲ႕ တ႐ုတ္ႏိုင္ငံဒုတိယအခ်မ္းသာဆံုးလုပ္ငန္းပိုင္ရွင္ရာထူးကိုလည္း ရရွိသြားခဲ့ဖူးပါတယ္။

တ႐ုတ္ႏိုင္ငံေတာင္ပိုင္း Guangdong ေဒသကေန ႀကီးပ်င္းလာတဲ့ Pony Ma ဟာ ကြန္ပ်ဴတာသိပၸံကို Shenzhen တကၠသိုလ္မွာသင္ယူၿပီး တယ္လီဖုန္းလိုင္းဆက္သြယ္ေရးဝန္ေဆာင္မႈဆိုင္ရာ ကုန္ပစၥည္းေတြ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီတစ္ခုမွာ Software  တီထြင္သူအျဖစ္ လုပ္ေဆာင္ခဲ့ပါတယ္။ ၁၉၉၀ ခုႏွစ္ အကုန္ေလာက္ေရာက္တဲ့အခါမွာေတာ့ Tencent ကုမၸဏီကို တည္ေထာင္ခဲ့ၿပီး  စာတိုေပးပို႔ေရးဝန္ေဆာင္မႈကိုပဲ  အဓိကထားလုပ္ေဆာင္ခဲ့ပါတယ္။

အသက္ ၄၈ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ Pony Ma ဟာ ကုမၸဏီရွယ္ယာ ၇% ကိုပိုင္ဆိုင္ထားပါတယ္။ ဒီႏွစ္အတြင္းမွာလည္း Pony Ma က သူပိုင္ဆိုင္ထားတဲ့ ေဒၚလာ ၁၄.၆  သန္း တန္ဖိုးရွိတဲ့  ရွယ္ယာအစုေတြထဲက  တစ္ခ်ိဳ႕ကိုထုတ္ေရာင္းလိုက္ရာမွ ေဒၚလာ ၇၅၇ သန္းအထိ ရရွိပိုင္ဆိုင္လာတယ္လို႔လည္း သိရပါတယ္။

၂၀၁၈ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံ အစိုးရအဖြဲ႕အာဏာပိုင္ေတြက ဂိမ္းအသစ္မ်ားထုတ္လုပ္ျခင္းကို  ေခတၱရပ္ဆိုင္းေစခဲ့တာေၾကာင့္ Tencent ကုမၸဏီက အခက္ေတြ႕ေနခဲ့ပါတယ္။ ဒါေပမယ့္ COVID-19  ေရာဂါပ်ံ႕ႏွံ႔မႈေၾကာင့္ အိမ္တြင္းေအာင္းေနရတဲ့ လူအမ်ားစုဟာ ဂိမ္းေတြကို အပ်င္းေျပကစားလာၾကပါတယ္။ Tencent ကုမၸဏီက အင္တာကေနတဆင့္ ကစားရတဲ့ဂိမ္းမ်ားကို အဆင့္ျမင့္ေပးလိုက္ျခင္းက ဂိမ္းကစားလိုသူေတြရဲ႕ အာ႐ံုစိုက္ျခင္းကိုခံရလာတာေၾကာင့္ Tencent ကုမၸဏီဟာ အခုခ်ိန္မွာေတာ့  အျခားေသာကုန္ပစၥည္းနဲ႔ဝန္ေဆာင္မႈေတြကို ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီ / အဖြဲ႔အစည္းေတြထက္ကို  ပိုၿပီးအျမတ္ရရွိလာကာ လုပ္ငန္းကိုပံုမွန္လည္ပတ္ႏိုင္ေနတာပဲ ျဖစ္ပါတယ္။

Bloomberg Intelligence ဌာနမွ Ling က Tencent ကုမၸဏီဟာ အင္တာနက္ကေနတဆင့္  ဂိမ္းကစားသူေတြ ၊ ေဖ်ာ္ေျဖပြဲေတြကို  ၾကည့္႐ႈသူေတြနဲ႔ ေၾကာ္ျငာျပဳလုပ္သူေတြ အမ်ားအျပားရွိလာတာေၾကာင့္  အျမတ္မ်ားစြာရရွိလာၿပီး ၂၀၂၀ ခုႏွစ္ေရာက္ေတာ့ ရွယ္ယာတန္ဖိုးကလည္း ၃၁%  ေလာက္ထိ  တိုးတက္လာခဲ့တယ္လို႔ ဆိုထားပါတယ္။
<Zawgyi Version>

 

Source ~ Economic Times

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read