“Lucifer” ဇာတ်ကားထဲမှာပါဝင်တဲ့ နတ်ဆိုး “Lucifer” ဟာ နတ်ဆိုးမဖြစ်ခင်က နတ်ပြည်မှာခန့်ညားထည်ဝါပြီး စွမ်းအင်ကြီးမားတဲ့ နတ်သားတစ်ပါးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နတ်ပြည်ကချမှတ်ထားတဲ့ အရေးကြီးတဲ့စည်းကမ်းတွေကို မလိုက်နာတာကြောင့် နတ်ပြည်ကနေနှင်ထုတ်ခံရပြီး ငရဲပြည်ကို ရောက်သွားပါတယ်။ Lucifer တစ်ယောက် ငရဲပြည်မှာ ဗိုလ်ကျရတာပျင်းလာပြန်တော့လည်း ငရဲပြည်ကို စွန့်ခွာကာ လူတွေနေထိုင်ရာ ကမ္ဘာမြေကြီးပေါ်ဆင်းလာပြီး “Lux” လို့အမည်ရတဲ့ ကလပ်ကို ဦးဆောင်စီမံရပါတော့တယ်။
နတ်ဆိုးအသွင်နဲ့ ကြောက်စရာအလွန်ကောင်းပေမယ့် လူသားအသွင်ပြောင်းလိုက်တဲ့အခါ အရမ်းကိုမှ ချောမောခန့်ညားလှတဲ့ Lucifer ဟာ ကလပ်ကို ဦးဆောင်စီမံနေရင်းကနေ လော့စ်အိန်ဂျလိစ်မှာဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ အဖွဲ့အစည်းကို အမှုအမှန်တွေရှာဖွေတွေ့ရှိနိုင်အောင် ကူညီပေးရင်းကနေ စုံထောက်မလေးကို ချစ်သက်ဝင်သွားပါတော့တယ်။ ဇာတ်ကားထဲမှာ နတ်ဆိုး Lucifer ဟာ အပြစ်သားတွေအပေါ် အညှာအတာကင်းမဲ့ပေမယ့် ချစ်ရတဲ့အမျိုးသမီးအတွက်တော့ အသက်စွန့်ပြီး ကာကွယ်ကူညီပေးတတ်တဲ့ အချစ်သူရဲကောင်းကြီး ဖြစ်နေပြန်ပါတယ်။
the devil made us do it. 😈 #lucifer will return for a sixth and final season. like, FINAL final. pic.twitter.com/o27z6ToMaV
— Lucifer (@LuciferNetflix) June 23, 2020
Lucifer ဇာတ်ကားကို Fox ရုပ်ရှင်ထုတ်လုပ်ရေးက Season – 3 အထိ ထုတ်ဝေပြသခဲ့ပြီး Lucifer ဇာတ်ကားနဲ့ ပတ်သက်ပြီး နောက်ထပ်ဇာတ်ကားအပိုင်းတွေကို Fox ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ရိုက်ကူးထုတ်လုပ်ခြင်းမပြုတော့ဘူးလို့ ကြေငြာခဲ့ခြင်းကြောင့် ကြည့်ရှုသူပရိသတ်တွေရဲ့ အပြစ်တင်ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရပါတယ်။ ဒါပေမယ့် Fox ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ ငြင်းပယ်ခြင်းခံရပြီးတဲ့ ၁ လအကြာမှာပဲ Netflix က “Lucifer”ဇာတ်ကားကို Season – 4 ကနေ စတင်ရိုက်ကူးခဲ့ပါတယ်။
Lucifer ဇာတ်ကားကို ကြည့်ရှုသူပရိသတ်တွေက Season – 5 ဟာ နောက်ဆုံးအပိုင်းဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် လွန်ခဲ့တဲ့အင်္ဂါနေ့မှာတော့ Netflix က “Lucifer” ဇာတ်ကားရဲ့ Season – 6 ကို ရိုက်ကူးဖြစ်မယ်ဆိုတာနဲ့ပတ်သက်ပြီး အရိပ်အမြွက်ပေးပြောဆိုခဲ့ပါတယ်။ Season – 6 မထွက်လာခင်သေးမှာတော့ ကြည့်ရှုသူတွေအနေနဲ့ Season – 5 ရဲ့ အပိုင်း-၂ ပိုင်းကို စောင့်မျှော်ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ်။
<Unicode Version>
Lucifer – Season 6 ထြက္ရွိလာေတာ့မယ္ဆိုတ့ဲ ေကာလဟာလနဲ႕ပက္သက္ၿပီး Netflix ရဲ႕ေျဖရွင္းခ်က္။
“Lucifer” ဇာတ္ကားထဲမွာပါဝင္တဲ့ နတ္ဆိုး “Lucifer” ဟာ နတ္ဆိုးမျဖစ္ခင္က နတ္ျပည္မွာခန္႔ညားထည္ဝါၿပီး စြမ္းအင္ႀကီးမားတဲ့ နတ္သားတစ္ပါးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ နတ္ျပည္ကခ်မွတ္ထားတဲ့ အေရးႀကီးတဲ့စည္းကမ္းေတြကို မလိုက္နာတာေၾကာင့္ နတ္ျပည္ကေနႏွင္ထုတ္ခံရၿပီး ငရဲျပည္ကို ေရာက္သြားပါတယ္။ Lucifer တစ္ေယာက္ ငရဲျပည္မွာ ဗိုလ္က်ရတာပ်င္းလာျပန္ေတာ့လည္း ငရဲျပည္ကို စြန္႔ခြာကာ လူေတြေနထိုင္ရာ ကမာၻေျမႀကီးေပၚဆင္းလာၿပီး “Lux” လို႔အမည္ရတဲ့ ကလပ္ကို ဦးေဆာင္စီမံရပါေတာ့တယ္။
နတ္ဆိုးအသြင္နဲ႔ ေၾကာက္စရာအလြန္ေကာင္းေပမယ့္ လူသားအသြင္ေျပာင္းလိုက္တဲ့အခါ အရမ္းကိုမွ ေခ်ာေမာခန္႔ညားလွတဲ့ Lucifer ဟာ ကလပ္ကို ဦးေဆာင္စီမံေနရင္းကေန ေလာ့စ္အိန္ဂ်လိစ္မွာျဖစ္ေပၚလာတဲ့ ရာဇဝတ္မႈေတြကို စံုစမ္းစစ္ေဆးတဲ့ အဖြဲ႔အစည္းကို အမႈအမွန္ေတြရွာေဖြေတြ႕ရွိႏိုင္ေအာင္ ကူညီေပးရင္းကေန စံုေထာက္မေလးကို ခ်စ္သက္ဝင္သြားပါေတာ့တယ္။ ဇာတ္ကားထဲမွာ နတ္ဆိုး Lucifer ဟာ အျပစ္သားေတြအေပၚ အညႇာအတာကင္းမဲ့ေပမယ့္ ခ်စ္ရတဲ့အမ်ိဳးသမီးအတြက္ေတာ့ အသက္စြန္႔ၿပီး ကာကြယ္ကူညီေပးတတ္တဲ့ အခ်စ္သူရဲေကာင္းႀကီး ျဖစ္ေနျပန္ပါတယ္။
the devil made us do it. 😈 #lucifer will return for a sixth and final season. like, FINAL final. pic.twitter.com/o27z6ToMaV
— Lucifer (@LuciferNetflix) June 23, 2020
Lucifer ဇာတ္ကားကို Fox ႐ုပ္ရွင္ထုတ္လုပ္ေရးက Season – 3 အထိ ထုတ္ေဝျပသခဲ့ၿပီး Lucifer ဇာတ္ကားနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ဇာတ္ကားအပိုင္းေတြကို Fox ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီက ႐ိုက္ကူးထုတ္လုပ္ျခင္းမျပဳေတာ့ဘူးလို႔ ေၾကျငာခဲ့ျခင္းေၾကာင့္ ၾကည့္႐ႈသူပရိသတ္ေတြရဲ႕ အျပစ္တင္ေဝဖန္မႈကို အျပင္းအထန္ခံခဲ့ရပါတယ္။ ဒါေပမယ့္ Fox ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီရဲ႕ ျငင္းပယ္ျခင္းခံရၿပီးတဲ့ ၁ လအၾကာမွာပဲ Netflix က “Lucifer”ဇာတ္ကားကို Season – 4 ကေန စတင္႐ိုက္ကူးခဲ့ပါတယ္။
Lucifer ဇာတ္ကားကို ၾကည့္႐ႈသူပရိသတ္ေတြက Season – 5 ဟာ ေနာက္ဆံုးအပိုင္းျဖစ္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ လြန္ခဲ့တဲ့အဂၤါေန႔မွာေတာ့ Netflix က “Lucifer” ဇာတ္ကားရဲ႕ Season – 6 ကို ႐ိုက္ကူးျဖစ္မယ္ဆိုတာနဲ႔ပတ္သက္ၿပီး အရိပ္အႁမြက္ေပးေျပာဆိုခဲ့ပါတယ္။ Season – 6 မထြက္လာခင္ေသးမွာေတာ့ ၾကည့္႐ႈသူေတြအေနနဲ႔ Season – 5 ရဲ႕ အပိုင္း-၂ ပိုင္းကို ေစာင့္ေမွ်ာ္ၾကည့္႐ႈရဦးမွာပဲျဖစ္ပါတယ္။
<Zawgyi Version>
Source ~ EW
#SY(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare