HomeHome & PropertyCOVID-19 အလွန် အာရှပစိဖိတ်တစ်ခွင် ကုမ္ပဏီနဲ့အဖွဲ့အစည်းများရဲ့ လုပ်ငန်းခွင်ပြောင်းလဲမှုများ။

COVID-19 အလွန် အာရှပစိဖိတ်တစ်ခွင် ကုမ္ပဏီနဲ့အဖွဲ့အစည်းများရဲ့ လုပ်ငန်းခွင်ပြောင်းလဲမှုများ။

- Advertisement -

COVID-19 ရောဂါပျံ့နှံ့မှုကို လျှော့ချနိုင်ဖို့ ကုမ္ပဏီအဖွဲ့အစည်းအများစုဟာ ဝန်ထမ်းတွေကို သူတို့ရဲ့နေအိမ်ကနေ ကုမ္ပဏီနဲ့အဖွဲ့အစည်းအတွက် နည်းပညာအားကိုးပြီး အလုပ်လုပ်စေခဲ့ပါတယ်။ အခုချိန်မှာတော့ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာလျှော့ချနိုင်တဲ့ ကျန်းမာရေးညွှန်ကြားမှုတွေကို  အားလုံးက လိုက်နာလုပ်ဆောင်နေကြနိုင်ပြီမို့ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေက လုပ်ငန်းခွင်တွေကို  ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေကြပြီဖြစ်ကြောင်းကို JLL Asia Pacific  ရဲ့ စစ်တမ်းကောက်ချက်အရ သိရှိရပါတယ်။

JLL အဖွဲ့အစည်းရဲ့ သတင်းပေးပို့ချက်အရ ၈၀% သော လုပ်ငန်းရှင်တွေက လုပ်ငန်းခွင်တွေကို  ပြန်လည်မွမ်းမံနိုင်ဖို့အတွက် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ အချိန်ကာလတစ်ခုအထိ ပိတ်သိမ်းထားရတဲ့  လုပ်ငန်းခွင်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လုပ်ငန်းရှင်တွေ လိုက်နာရမယ့်အချက်အလက်တွေကို JLL Asia Pacific မှ ပြောရေးဆိုခွင့်ရှိသူက ထောက်ပြအကြံပြုထားပါတယ်။

- Advertisement -

JLL Asia Pacific အဖွဲ့အစည်က စီမံအုပ်ချုပ်ရေးမှူးဒါရိုက်တာ Martin Hinge က “လုပ်ငန်းခွင်တွေ  ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ လုပ်ငန်းရှင်အများစုဟာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး  လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ကို ဖန်တီးပေးဖို့အတွက်ကိုပဲ အာရုံစိုက်နေကြပါတယ်။” လို့ ဆိုထားပါတယ်။

- Advertisement -

JJL Asia Pacific ရဲ့ Portfolio Design ခေါင်းဆောင် Gonzalo Portellano က “ရေတိုကာလအတွက်  လုပ်ငန်းရှင်းတွေ ကုမ္ပဏီပိုင်ရှင်တွေဟာ ဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရပြီး  သက်သောင့်သက်သာရှိတဲ့ လုပ်ငန်းခွင်ကို ဖန်တီးပေးဖို့ နည်းလမ်းအသစ်တွေ လိုအပ်လာမယ်။ ဒါပေမယ့်  ရေရှည်ကို ကြည့်မယ်ဆိုရင်တော့ လုပ်ငန်းရှင်တွေက ကုမ္ပဏီဝန်ထမ်းတွေကို လုပ်ငန်းခွင်တက်ရောက်ပြီး  လုပ်ငန်းဆောင်တာတွေကို ကျေပွန်စေချင်တယ်ဆိုရင်တော့ ထိရောက်တဲ့ ရောဂါကုသဆေး မရှာတွေ့မှီအချိန်ထိ  ဝန်းထမ်းတွေရဲ့ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ကိုဖန်တီးပေးဖို့ လိုပါမယ်။” လို့ ဆိုထားပါတယ်။

- Advertisement -

လုပ်ငန်းအဖွဲ့အစည်းတွေက ဦးဆောင်သူတွေဟာ လက်အောက်ငယ်သား ဝန်ထမ်းတွေအတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီပြီး ငွေကုန်ကြေးကျသက်သာတဲ့ လုပ်ငန်းခွင်မျိုးကို  ဖန်တီးပေးဖို့ တိကျသေချာတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှာပဲဖြစ်ပါတယ်။ ဝေးလံခေါင်သီတဲ့ဒေသတွေကနေ  ကုမ္ပဏီ အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတွေကို သက်သောင့်သက်သာရှိပြီး   မှန်ကန်တိကျတဲ့ ဆက်သွယ်မှုရရှိစေဖို့အတွက် ကုမ္ပဏီအဖွဲ့အစည်းက ဦးဆောင်သူအကြီးအကဲတွေက ဂရုတစိုက် စီစဉ်ပေးရမှာပဲဖြစ်ပါတယ်။

Portellano က “ကုမ္ပဏီအများစုဟာ ကပ်ရောဂါမပျံ့ပွါးခင် မြို့အသီးသီးမှာရှိတဲ့ ကျယ်ဝန်းတဲ့ရုံးခန်းတွေကနေ  သေးငယ်တဲ့လုပ်ငန်းခွင်ရုံးခန်းတွေဆီကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စတင်စီစဉ်နေကြပါပြီ။  နည်းပညာကိုအခြေပြုပြီး  ကောင်းမွန်စွာလည်ပတ်နိုင်တဲ့ လုပ်ငန်းခွင်ကို ဖန်တီးနိုင်ဖို့ဆိုရင် လုပ်ငန်းခွင်ရုံးခန်းတွေနားမှာ ခိုင်ခံ့တဲ့ အခြေခံအဆောက်အအုံတွေ ၊ ဝန်ထမ်းတွေ လွယ်ကူစွာသွားလာနိုင်ဖို့အတွက် အသုံးဝင်တဲ့ လူထုကူးသန်းသွားလာမှုစနစ်တွေနဲ့ ဝန်ထမ်းတွေတတ်နိုင်တဲ့ လူနေအိမ်အဆောက်အအုံများရှိရာ နေရာဒေသကို  ရွေးချယ်ဖို့လိုပါမယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့အစည်းက ကုမ္ပဏီတွေအတွက်အသုံးဝင်မယ့်  လုပ်ငန်းခွင်မျိုးကို ကူညီဖန်တီးပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။” လို့ အကြံပေးပြောဆိုထားပါတယ်။

<Unicode Version>

 

COVID-19 အလြန္ အာရွပစိဖိတ္တစ္ခြင္ ကုမၸဏီနဲ႔အဖြဲ႔အစည္းမ်ားရဲ႕  လုပ္ငန္းခြင္ေျပာင္းလဲမႈမ်ား။

COVID-19 ေရာဂါပ်ံ႕ႏွံ႔မႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ ကုမၸဏီအဖြဲ႔အစည္းအမ်ားစုဟာ ဝန္ထမ္းေတြကို သူတို႔ရဲ႕ေနအိမ္ကေန ကုမၸဏီနဲ႔အဖြဲ႔အစည္းအတြက္ နည္းပညာအားကိုးၿပီး အလုပ္လုပ္ေစခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ထိေရာက္စြာေလွ်ာ့ခ်ႏိုင္တဲ့ က်န္းမာေရးၫႊန္ၾကားမႈေတြကို  အားလံုးက လိုက္နာလုပ္ေဆာင္ေနၾကႏိုင္ၿပီမို႔ လုပ္ငန္းရွင္ေတြနဲ႔ ကုမၸဏီပိုင္ရွင္ေတြက လုပ္ငန္းခြင္ေတြကို  ျပန္လည္ဖြင့္လွစ္ဖို႔ စီစဥ္ေနၾကၿပီျဖစ္ေၾကာင္းကို JLL Asia Pacific  ရဲ႕ စစ္တမ္းေကာက္ခ်က္အရ သိရွိရပါတယ္။

JLL အဖြဲ႔အစည္းရဲ႕ သတင္းေပးပို႔ခ်က္အရ ၈၀% ေသာ လုပ္ငန္းရွင္ေတြက လုပ္ငန္းခြင္ေတြကို  ျပန္လည္မြမ္းမံႏိုင္ဖို႔အတြက္ စီစဥ္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ အခ်ိန္ကာလတစ္ခုအထိ ပိတ္သိမ္းထားရတဲ့  လုပ္ငန္းခြင္ေတြကို ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ လုပ္ငန္းရွင္ေတြ လိုက္နာရမယ့္အခ်က္အလက္ေတြကို JLL Asia Pacific မွ ေျပာေရးဆိုခြင့္ရွိသူက ေထာက္ျပအၾကံျပဳထားပါတယ္။

JLL Asia Pacific အဖြဲ႔အစည္က စီမံအုပ္ခ်ဳပ္ေရးမွဴးဒါ႐ိုက္တာ Martin Hinge က “လုပ္ငန္းခြင္ေတြ  ျပန္လည္ဖြင့္လွစ္ဖို႔ စီစဥ္ေနတဲ့ လုပ္ငန္းရွင္အမ်ားစုဟာ ဝန္ထမ္းေတြရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး  လံုျခံဳစိတ္ခ်ရတဲ့ လုပ္ငန္းခြင္ကို ဖန္တီးေပးဖို႔အတြက္ကိုပဲ အာ႐ံုစိုက္ေနၾကပါတယ္။” လို႔ ဆိုထားပါတယ္။

JJL Asia Pacific ရဲ႕ Portfolio Design ေခါင္းေဆာင္ Gonzalo Portellano က “ေရတိုကာလအတြက္  လုပ္ငန္းရွင္းေတြ ကုမၸဏီပိုင္ရွင္ေတြဟာ ဝန္ထမ္းေတြအတြက္ လံုျခံဳစိတ္ခ်ရၿပီး  သက္ေသာင့္သက္သာရွိတဲ့ လုပ္ငန္းခြင္ကို ဖန္တီးေပးဖို႔ နည္းလမ္းအသစ္ေတြ လိုအပ္လာမယ္။ ဒါေပမယ့္  ေရရွည္ကို ၾကည့္မယ္ဆိုရင္ေတာ့ လုပ္ငန္းရွင္ေတြက ကုမၸဏီဝန္ထမ္းေတြကို လုပ္ငန္းခြင္တက္ေရာက္ၿပီး  လုပ္ငန္းေဆာင္တာေတြကို ေက်ပြန္ေစခ်င္တယ္ဆိုရင္ေတာ့ ထိေရာက္တဲ့ ေရာဂါကုသေဆး မရွာေတြ႕မွီအခ်ိန္ထိ  ဝန္းထမ္းေတြရဲ႕ က်န္းမာေရးအတြက္ လံုျခံဳစိတ္ခ်ရတဲ့ လုပ္ငန္းခြင္ကိုဖန္တီးေပးဖို႔ လိုပါမယ္။” လို႔ ဆိုထားပါတယ္။

လုပ္ငန္းအဖြဲ႔အစည္းေတြက ဦးေဆာင္သူေတြဟာ လက္ေအာက္ငယ္သား ဝန္ထမ္းေတြအတြက္ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္ေတြနဲ႔ ကိုက္ညီၿပီး ေငြကုန္ေၾကးက်သက္သာတဲ့ လုပ္ငန္းခြင္မ်ိဳးကို  ဖန္တီးေပးဖို႔ တိက်ေသခ်ာတဲ့ ဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္ရမွာပဲျဖစ္ပါတယ္။ ေဝးလံေခါင္သီတဲ့ေဒသေတြကေန  ကုမၸဏီ အဖြဲ႔အစည္းအတြက္ အလုပ္လုပ္ေပးေနတဲ့ ဝန္ထမ္းေတြကို သက္ေသာင့္သက္သာရွိၿပီး   မွန္ကန္တိက်တဲ့ ဆက္သြယ္မႈရရွိေစဖို႔အတြက္ ကုမၸဏီအဖြဲ႔အစည္းက ဦးေဆာင္သူအႀကီးအကဲေတြက ဂ႐ုတစိုက္ စီစဥ္ေပးရမွာပဲျဖစ္ပါတယ္။

Portellano က “ကုမၸဏီအမ်ားစုဟာ ကပ္ေရာဂါမပ်ံ႕ပြါးခင္ ၿမိဳ႕အသီးသီးမွာရွိတဲ့ က်ယ္ဝန္းတဲ့႐ံုးခန္းေတြကေန  ေသးငယ္တဲ့လုပ္ငန္းခြင္႐ံုးခန္းေတြဆီကို ေျပာင္းေရႊ႕ဖြင့္လွစ္ဖို႔ စတင္စီစဥ္ေနၾကပါၿပီ။  နည္းပညာကိုအေျချပဳၿပီး  ေကာင္းမြန္စြာလည္ပတ္ႏိုင္တဲ့ လုပ္ငန္းခြင္ကို ဖန္တီးႏိုင္ဖို႔ဆိုရင္ လုပ္ငန္းခြင္႐ံုးခန္းေတြနားမွာ ခိုင္ခံ့တဲ့ အေျခခံအေဆာက္အအံုေတြ ၊ ဝန္ထမ္းေတြ လြယ္ကူစြာသြားလာႏိုင္ဖို႔အတြက္ အသံုးဝင္တဲ့ လူထုကူးသန္းသြားလာမႈစနစ္ေတြနဲ႔ ဝန္ထမ္းေတြတတ္ႏိုင္တဲ့ လူေနအိမ္အေဆာက္အအံုမ်ားရွိရာ ေနရာေဒသကို  ေရြးခ်ယ္ဖို႔လိုပါမယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အဖြဲ႔အစည္းက ကုမၸဏီေတြအတြက္အသံုးဝင္မယ့္  လုပ္ငန္းခြင္မ်ိဳးကို ကူညီဖန္တီးေပးႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားသြားပါမယ္။” လို႔ အၾကံေပးေျပာဆိုထားပါတယ္။

<Zawgyi Version>

 

Source ~ WorldProperty

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read