HomeHome & Propertyအိမ်ခြံမြေအသစ်တည်ဆောက်ဖို့အတွက် စာချုပ်အသစ်ချုပ်ဆိုလိုက်တဲ့ Ascott

အိမ်ခြံမြေအသစ်တည်ဆောက်ဖို့အတွက် စာချုပ်အသစ်ချုပ်ဆိုလိုက်တဲ့ Ascott

- Advertisement -

၂၀၂၀ ခုနှစ် ပထမ ၅ လအတွင်းမှာတော့ နိုင်ငံ ၁၉ နိုင်ငံမှာရှိတဲ့ အိမ်ခြံမြေအသစ်စီမံကိန်း ၂၅ ခုကို စတင်အကောင်အထည်ဖော်ဖို့အတွက် CapitaLand ကုမ္ပဏီ နဲ့ Ascott ကုမ္ပဏီတို့ဟာ စာချုပ်အသစ်တွေကို ချုပ်ဆိုထားပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ စာချုပ်အသစ်အပေါ် မူတည်ပြီး အဆောက်အအုံအသစ် ၂၅ ခု တည်ဆောက်သွားမယ်ဆိုတာကိုပါ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

Ascott ကုမ္ပဏီက တရုတ်နိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ မော်ရိုကိုနိုင်ငံတို့က မြို့တော်တွေမှာလည်း အိမ်ခြံမြေအဆောက်အအုံအသစ်တွေကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်တော့ Henan ဒေသက မြို့တော် Zhengzhou နဲ့ Jiangxi ဒေသက မြို့တော် Nanchang  တို့မှာ လူနေအိမ်အသစ်တွေကို တိုးချဲ့တည်ဆောက်သွားမှာပဲဖြစ်ပါတယ်။

- Advertisement -

အင်ဒိုနီးရှားနိုင်ငံ Papua နယ်မှာရှိတဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ Jayapura နဲ့ Morocco နိုင်ငံက အချက်အခြာအကျဆုံးမြို့တော် Casablanca မှာလည်း လူနေအိမ်တွေတည်ဆောက်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

- Advertisement -

CapitaLand ကုမ္ပဏီ CEO Kevin Goh က Ascott ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး “COVID-19 ရောဂါကို တိုက်ထုတ်နိုင်ပြီဆိုတာနဲ့ Ascott ကုမ္ပဏီနဲ့ ပူးပေါင်းပြီး တည်းခိုခန်းတွေ တည်ဆောက်နိုင်ဖို့ အားလုံးပြင်ဆင်ထားပြီးပါပြီ။ စီးပွားဖက်တွေနဲ့ အိမ်ငှားနေထိုင်လိုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုစနစ်ကို ပေးစွမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ Ascott ကုမ္ပဏီရဲ့  ဆောင်ရွက်မှုအပေါ် အပြည့်အဝယုံကြည်မှုရှိတာမို့ နောင်အနာဂါတ်မှာလည်း Ascott ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ဆိုထားပါတယ်။

- Advertisement -

ဒီနှစ်အတွင်းမှာလည်း စင်္ကာပူနိုင်ငံ ၊ တရုတ်နိုင်ငံက Changsha နဲ့ Tianjin ၊ သြစတေးလျနိုင်ငံက Gold Coast ၊ ဂျပန်နိုင်ငံက Osaka နဲ့ ပြင်သစ်နိုင်ငံတို့မှာ အငှားတိုက်ခန်းတွေကို Ascott ကုမ္ပဏီက ဦးဆောင်တည်ဆောက် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

<Unicode Version>

 

 

 

အိမ္ျခံေျမအသစ္တည္ေဆာက္ဖို႔အတြက္ စာခ်ဳပ္အသစ္ခ်ဳပ္ဆိုလိုက္တဲ့ Ascott

၂၀၂၀ ခုႏွစ္ ပထမ ၅ လအတြင္းမွာေတာ့ ႏိုင္ငံ ၁၉ ႏိုင္ငံမွာရွိတ့ဲ အိမ္ျခံေျမအသစ္စီမံကိန္း ၂၅ ခုကို စတင္အေကာင္အထည္ေဖာ္ဖို႕အတြက္ CapitaLand ကုမၸဏီ နဲ႔ Ascott ကုမၸဏီတို႔ဟာ စာခ်ဳပ္အသစ္ေတြကို ခ်ဳပ္ဆိုထားၿပီျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္နဲ႔ ၂၀၂၄ ခုႏွစ္အတြင္းမွာ စာခ်ဳပ္အသစ္အေပၚ မူတည္ၿပီး အေဆာက္အအံုအသစ္ ၂၅ ခု တည္ေဆာက္သြားမယ္ဆိုတာကိုပါ ေၾကျငာခဲ့တာပဲျဖစ္ပါတယ္။

Ascott ကုမၸဏီက တ႐ုတ္ႏိုင္ငံ ၊ အင္ဒိုနီးရွားႏိုင္ငံနဲ႔ ေမာ္႐ိုကိုႏိုင္ငံတို႔က ၿမိဳ႕ေတာ္ေတြမွာလည္း အိမ္ျခံေျမအေဆာက္အအံုအသစ္ေတြကို တည္ေဆာက္သြားမယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံမွာဆိုရင္ေတာ့ Henan ေဒသက ၿမိဳ႕ေတာ္ Zhengzhou နဲ႔ Jiangxi ေဒသက ၿမိဳ႕ေတာ္ Nanchang  တို႔မွာ လူေနအိမ္အသစ္ေတြကို တိုးခ်ဲ႕တည္ေဆာက္သြားမွာပဲျဖစ္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ Papua နယ္မွာရွိတဲ့ အႀကီးမားဆံုးၿမိဳ႕ေတာ္ျဖစ္တဲ့ Jayapura နဲ႔ Morocco ႏိုင္ငံက အခ်က္အျခာအက်ဆံုးၿမိဳ႕ေတာ္ Casablanca မွာလည္း လူေနအိမ္ေတြတည္ေဆာက္သြားဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။

CapitaLand ကုမၸဏီ CEO Kevin Goh က Ascott ကုမၸဏီနဲ႔ ပူးေပါင္းလုပ္ကိုင္ေဆာင္ရြက္မႈနဲ႔ပတ္သက္ၿပီး “COVID-19 ေရာဂါကို တိုက္ထုတ္ႏိုင္ၿပီဆိုတာနဲ႔ Ascott ကုမၸဏီနဲ႔ ပူးေပါင္းၿပီး တည္းခိုခန္းေတြ တည္ေဆာက္ႏိုင္ဖို႔ အားလံုးျပင္ဆင္ထားၿပီးပါၿပီ။ စီးပြားဖက္ေတြနဲ႔ အိမ္ငွားေနထိုင္လိုသူေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ ေနထိုင္မႈစနစ္ကို ေပးစြမ္းႏိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ဟာ Ascott ကုမၸဏီရဲ႕  ေဆာင္ရြက္မႈအေပၚ အျပည့္အဝယံုၾကည္မႈရွိတာမို႔ ေနာင္အနာဂါတ္မွာလည္း Ascott ကုမၸဏီနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။” လို႔ ဆိုထားပါတယ္။

ဒီႏွစ္အတြင္းမွာလည္း စကၤာပူႏိုင္ငံ ၊ တ႐ုတ္ႏိုင္ငံက Changsha နဲ႔ Tianjin ၊ ၾသစေတးလ်ႏိုင္ငံက Gold Coast ၊ ဂ်ပန္ႏိုင္ငံက Osaka နဲ႔ ျပင္သစ္ႏိုင္ငံတို႔မွာ အငွားတိုက္ခန္းေတြကို Ascott ကုမၸဏီက ဦးေဆာင္တည္ေဆာက္ ဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။

<Zawgyi Version>

 

Source ~ Straitstimes

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read