ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် The Witcher 2 ဇာတ်လမ်းတွဲရိုက်ကူးရေးကို လာမယ့်သြဂုတ်လ (၁၇) ရက်နေ့၌ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်တနင်္လာနေ့က တရားဝင်ကြေညာခဲ့ပါတယ်။ Variety ရဲ့ဖော်ပြချက်အရ The Witcher 2 ဇာတ်ကားကို Arborfield studios ၌ ရိုက်ကူးနေခြင်းဖြစ်ပြီး အဆိုပါဇာတ်လမ်းတွဲ၌ အသစ်လာရောက်ပူးပေါင်းသည့် Game of Thrones ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်ဟောင်း Kristofer Hivju သည် ပြီးခဲ့သည့်မတ်လအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းကြောင့် စတူဒီယိုကို ပိတ်ချပစ်ခဲ့ရပါတယ်။
I’m dusting off my lute and quill,
I have some news, some mead to spill:
After all the months we’ve been apart
It’s time for production to restart.
The Witcher and his bard – who’s flawless,
Will reunite on set 17 August.— The Witcher (@witchernetflix) June 22, 2020
သို့သော်လည်း အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်သူ Hivju သည် ကိုရိုနာဗိုင်းရပ်စ် လုံးဝပျောက်ကင်းသွားခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဧပြီလအတွင်းကကြေညာခဲ့ပါတယ်။ The Witcher ဇာတ်လမ်းတွဲကို ပိုလန်စာရေးဆရာ Andrzej Sapkowski ရဲ့ စာအုပ်တွဲ (၈) အုပ်ကို အခြေခံ ရိုက်ကူးသွားမည်ဖြစ်ပြီး Season 1 ကို ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းက Netflix ၌ ပြသခဲ့ပြီးဖြစ်ပါတယ်။ The Wrap ရဲ့ဖော်ပြချက်အရ လာမယ့် Season 2 ၌ Hivju အပြင် Kim Bodnia၊ Yasen Atour၊ Agnes Born၊ Paul Bullion၊ Thue Ersted Rasmussen၊ Aisha Fabienne Ross နဲ့ Mecia Simson တို့ ပါဝင်သရုပ်ဆောင်ကြမည်လည်းဖြစ်ပါတယ်။
<Unicode Version>
ပရိသတ္မ်ားထံ ျပန္လည္ေရာက္ရွိလာေတာ့မည့္ The Witcher 2
ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ရပ္နားထားရသည့္ The Witcher 2 ဇာတ္လမ္းတြဲရုိက္ကူးေရးကို လာမယ့္ၾသဂုတ္လ (၁၇) ရက္ေန႔၌ ျပန္လည္စတင္သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္တနလၤာေန႔က တရားဝင္ေၾကညာခဲ့ပါတယ္။ Variety ရဲ႕ေဖာ္ျပခ်က္အရ The Witcher 2 ဇာတ္ကားကို Arborfield studios ၌ ရိုက္ကူးေနျခင္းျဖစ္ၿပီး အဆိုပါဇာတ္လမ္းတြဲ၌ အသစ္လာေရာက္ပူးေပါင္းသည့္ Game of Thrones ဇာတ္လမ္းတြဲရဲ႕ သရုပ္ေဆာင္ေဟာင္း Kristofer Hivju သည္ ၿပီးခဲ့သည့္မတ္လအတြင္း၌ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံခဲ့ရျခင္းေၾကာင့္ စတူဒီယိုကို ပိတ္ခ်ပစ္ခဲ့ရပါတယ္။
I’m dusting off my lute and quill,
I have some news, some mead to spill:
After all the months we’ve been apart
It’s time for production to restart.
The Witcher and his bard – who’s flawless,
Will reunite on set 17 August.— The Witcher (@witchernetflix) June 22, 2020
သို႔ေသာ္လည္း အသက္ (၄၁) ႏွစ္အရြယ္ရွိၿပီျဖစ္သူ Hivju သည္ ကိုရိုနာဗုိင္းရပ္စ္ လံုးဝေပ်ာက္ကင္းသြားခဲ့ၿပီျဖစ္ေၾကာင္း ၿပီးခဲ့သည့္ဧၿပီလအတြင္းကေၾကညာခဲ့ပါတယ္။ The Witcher ဇာတ္လမ္းတြဲကို ပိုလန္စာေရးဆရာ Andrzej Sapkowski ရဲ႕ စာအုပ္တြဲ (၈) အုပ္ကို အေျခခံ ရိုက္ကူးသြားမည္ျဖစ္ၿပီး Season 1 ကို ၿပီးခ့ဲသည့္ဒီဇင္ဘာလအတြင္းက Netflix ၌ ျပသခဲ့ၿပီးျဖစ္ပါတယ္။ The Wrap ရဲ႕ေဖာ္ျပခ်က္အရ လာမယ့္ Season 2 ၌ Hivju အျပင္ Kim Bodnia၊ Yasen Atour၊ Agnes Born၊ Paul Bullion၊ Thue Ersted Rasmussen၊ Aisha Fabienne Ross နဲ႔ Mecia Simson တို႔ ပါဝင္သရုပ္ေဆာင္ၾကမည္လည္းျဖစ္ပါတယ္။
<Zawgyi Version>
Source ~ PEOPLE
#HM(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare