HomeTechApple ရဲ့ iOS 14 ထူးခြားချက်များ။

Apple ရဲ့ iOS 14 ထူးခြားချက်များ။

- Advertisement -

Apple သည် iOS 14 ကိုမိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး အသုံးပြုသူများအနေဖြင့် မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားသည့်အပြောင်းအလဲများနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သိရှိရပါတယ်။ iOS 14 ၌ အသုံးပြုသူများသည် မိမိတို့ရဲ့ မေးလ်နဲ့ Brower apps များကို Apple ရဲ့ မေးလ်နဲ့ Safari apps များမှမဟုတ်ဘဲ မိမိတို့နှစ်သက်ရာ Browser apps များမှ ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပြီး Apple ရဲ့ HomePod ၌လည်း Spotify သို့မဟုတ် Pandora တို့ကဲ့သို့ Third Party ဂီတဝန်ဆောင်မှု apps များကို အသုံးပြုခွင့်ပေးသွားမည်ဖြစ်ပါတယ်။

ယခု iOS 14 သည် မိမိတို့ရဲ့ပလက်ဖောင်းကို အလွန်အမင်းထိန်းချုပ်ထားသည်ဟု ပြိုင်ဘက်များရဲ့ ဝေဖန်မှုကိုဖြေရှင်းနိုင်ခဲ့သည့် Feature အသစ်တစ်ခုဟုဆိုနိုင်ပြီး အသုံးပြုသူများသည် အီးမေးလ်ဝင်လာစဉ် ဖတ်ရှုရာ၌ Apple မှ ပြသထားသည့် apps အစား အသုံးပြုသူများ အသုံးပြုလိုသည့် app ကိုသာ  ရွေးချယ်ခွင့်  ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Apple အနေဖြင့် မိမိတို့ရဲ့ကိုယ်ပိုင် streaming ကိုသာ ဦးစားပေးသုံးစွဲစေပြီး အဆိုပါအချက်က Apple ကို မျက်နှာသာပေးထားခြင်းဖြစ်ကြောင်း Spotify ဘက်မှစွပ်စွဲချက်များထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်၌မူ Apple က Spotify ကဲ့သို့ Third Party ဂီတဝန်ဆောင်မှု apps များကို အသုံးပြုခွင့်  ပေးလိုက်ခြင်းဖြစ်ပါတယ်။

Apple ရဲ့ လက်ဝါးကြီးအုပ်ခြယ်လှယ်မှုများကို စောဒကတက်မှုများပြားလာသည့်နောက် Apple ဘက်မှ ယခုကဲ့သို့ဖြေလျှော့ပေးလိုက်ဟန်ရှိပြီး ယခုအစီအစဉ်အောင်မြင်သွားမည်ဆိုပါက Apple ရဲ့ အနာဂတ်ခရီးလမ်းက ဖြောင့်ဖြူးသွားနိုင်မည်ဟု တာဝန်ရှိသူများကယူဆနေကြပါတယ်။ iPhone အသုံးပြုသူများသည် ယခင်က မိမိတို့ရဲ့ဖုန်းထဲမှ Safari ကို uninstall ပြုလုပ်၍မရခဲ့သလို Google Chrome နဲ့ Firefox တို့ကဲ့သို့ Default မေးလ် သို့မဟုတ် Browser app များကို အသုံးပြုခွင့်မရခဲ့ခြင်းကြောင့် အသုံးပြုသူများကို အလွန်အမင်းထိန်းချုပ်ခဲ့သည်ဟုလည်း စွပ်စွဲမှုများထွက်ပေါ်ခဲ့ပါတယ်။

- Advertisement -

သို့သော် ယခု iOS 14 သည် Android စနစ်များကို တိုက်ရိုက်ကူးချထားသည်ဟုလည်း စွပ်စွဲမှုများရှိနေပြီး iPhone အနေဖြင့် Third Party ဝန်ဆောင်မှုလုပ်ငန်းများနဲ့ပတ်သက်၍ လက်ဝါးကြီးအုပ်ခြယ်လှယ်မှုများ၊ အသုံးပြုသူများအပေါ် ထိန်းချုပ်မှုများကိုဖြေလျှော့လိုက်သည့်တိုင် အခြားသောစိန်ခေါ်မှုများနဲ့ ဆက်လက်ရင်ဆိုင်ရဖွယ်ရှိပါတယ်။

- Advertisement -

<Unicode Version>

 

 

Apple ရဲ႕ iOS 14 ထူးျခားခ်က္မ်ား။

Apple သည္ iOS 14 ကိုမိတ္ဆက္ေပးလိုက္ၿပီျဖစ္ၿပီး အသံုးျပဳသူမ်ားအေနျဖင့္ ေမွ်ာ္လင့္ထားသည္ထက္ ပိုမိုႀကီးမားသည့္အေျပာင္းအလဲမ်ားနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း သိရွိရပါတယ္။ iOS 14 ၌ အသံုးျပဳသူမ်ားသည္ မိမိတုိ႔ရဲ႕ ေမးလ္နဲ႔ Brower apps မ်ားကို Apple ရဲ႕ ေမးလ္နဲ႔ Safari apps မ်ားမွမဟုတ္ဘဲ မိမိတို႔ႏွစ္သက္ရာ Browser apps မ်ားမွ ေျပာင္းလဲအသံုးျပဳႏုိင္မည္ျဖစ္ၿပီး Apple ရဲ႕ HomePod ၌လည္း Spotify သို႔မဟုတ္ Pandora တုိ႔က့ဲသို႔ Third Party ဂီတဝန္ေဆာင္မႈ apps မ်ားကို အသံုးျပဳခြင့္ေပးသြားမည္ျဖစ္ပါတယ္။

ယခု iOS 14 သည္ မိမိတုိ႔ရဲ႕ပလက္ေဖာင္းကို အလြန္အမင္းထိန္းခ်ဳပ္ထားသည္ဟု ၿပိဳင္ဘက္မ်ားရဲ႕ ေဝဖန္မႈကိုေျဖရွင္းႏုိင္ခဲ့သည့္ Feature အသစ္တစ္ခုဟုဆုိႏုိင္ၿပီး အသံုးျပဳသူမ်ားသည္ အီးေမးလ္ဝင္လာစဥ္ ဖတ္ရႈရာ၌ Apple မွ ျပသထားသည့္ apps အစား အသံုးျပဳသူမ်ား အသံုးျပဳလိုသည့္ app ကုိသာ  ေရြးခ်ယ္ခြင့္  ေပးလုိက္ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ Apple အေနျဖင့္ မိမိတို႔ရဲ႕ကိုယ္ပိုင္ streaming ကိုသာ ဦးစားေပးသံုးစြဲေစၿပီး အဆုိပါအခ်က္က Apple ကုိ မ်က္ႏွာသာေပးထားျခင္းျဖစ္ေၾကာင္း Spotify ဘက္မွစြပ္စြဲခ်က္မ်ားထြက္ေပၚခဲ့ၿပီး လက္ရွိအခ်ိန္၌မူ Apple က Spotify က့ဲသုိ႔ Third Party ဂီတဝန္ေဆာင္မႈ apps မ်ားကို အသံုးျပဳခြင့္  ေပးလိုက္ျခင္းျဖစ္ပါတယ္။

Apple ရဲ႕ လက္ဝါးႀကီးအုပ္ျခယ္လွယ္မႈမ်ားကို ေစာဒကတက္မႈမ်ားျပားလာသည့္ေနာက္ Apple ဘက္မွ ယခုက့ဲသို႔ေျဖေလွ်ာ့ေပးလိုက္ဟန္ရွိၿပီး ယခုအစီအစဥ္ေအာင္ျမင္သြားမည္ဆုိပါက Apple ရဲ႕ အနာဂတ္ခရီးလမ္းက ေျဖာင့္ျဖဴးသြားႏုိင္မည္ဟု တာဝန္ရွိသူမ်ားကယူဆေနၾကပါတယ္။ iPhone အသံုးျပဳသူမ်ားသည္ ယခင္က မိမိတို႔ရဲ႕ဖုန္းထဲမွ Safari ကို uninstall ျပဳလုပ္၍မရခဲ့သလို Google Chrome နဲ႔ Firefox တို႔ကဲ့သို႔ Default ေမးလ္ သို႔မဟုတ္ Browser app မ်ားကို အသံုးျပဳခြင့္မရခဲ့ျခင္းေၾကာင့္ အသံုးျပဳသူမ်ားကို အလြန္အမင္းထိန္းခ်ဳပ္ခဲ့သည္ဟုလည္း စြပ္စြဲမႈမ်ားထြက္ေပၚခ့ဲပါတယ္။

သို႔ေသာ္ ယခု iOS 14 သည္ Android စနစ္မ်ားကို တိုက္ရုိက္ကူးခ်ထားသည္ဟုလည္း စြပ္စြဲမႈမ်ားရွိေနၿပီး iPhone အေနျဖင့္ Third Party ဝန္ေဆာင္မႈလုပ္ငန္းမ်ားနဲ႔ပတ္သက္၍ လက္ဝါးႀကီးအုပ္ျခယ္လွယ္မႈမ်ား၊ အသံုးျပဳသူမ်ားအေပၚ ထိန္းခ်ဳပ္မႈမ်ားကိုေျဖေလွ်ာ့လုိက္သည့္တုိင္ အျခားေသာစိန္ေခၚမႈမ်ားနဲ႔ ဆက္လက္ရင္ဆုိင္ရဖြယ္ရွိပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ CNBC

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...