HomeBanking & Financeဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာဘဏ္ဍာရေးစီမံခန့်ခွဲမှုအတွက် ဒေါ်လာ (၅) သန်းရင်းနှီးမြှုပ်နှံမည့်စီမံကိန်း။

ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာဘဏ္ဍာရေးစီမံခန့်ခွဲမှုအတွက် ဒေါ်လာ (၅) သန်းရင်းနှီးမြှုပ်နှံမည့်စီမံကိန်း။

- Advertisement -

AMTD, Xiaomi Finance, စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ် (SMU) နဲ့ စင်ကာပူအမျိုးသားတက္ကသိုလ်မှ သိပ္ပံပညာရပ်ဆိုင်ရာဌာနတို့ ပူးပေါင်း၍ ဒေါ်လာ (၅) သန်းတန်ကြေးရှိမယ့် ဒစ်ဂျစ်တယ်ဆိုင်ရာ ဘဏ္ဍာရေးစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါစီမံကိန်းသည် စင်ကာပူ၊ အရှေ့တောင်အာရှနဲ့ ပင်လယ်အော်ဒေသမှ အကြီးတန်းအမှုဆောင်ချုပ်များ၊ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာ စွန့်ဦးတီထွင်သူများနဲ့မူဝါဒချမှတ်သူများအတွက် ရည်ရွယ်ထားပါတယ်။

အဆိုပါစီမံကိန်းကို AXSI Program ဟု အမည်ပေးထားပြီး စီးပွားရေးလုပ်ငန်းများရဲ့ ဘဏ္ဍာရေးဆိုင်ရာ  ပြဿနာများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများကို အကောင်းဆုံး  မောင်းနှင်ပေးနိုင်ရန် အထောက်အကူပြုနိုင်ကြောင်းလည်း သိရှိရပါတယ်။ AMTD နဲ့ Xiaomi တို့မှ ASXI စီမံကိန်းအတွက် ဒေါ်လာ (၅) သန်း ကနဦးမတည်ထားပြီး SMU နဲ့ စင်ကာပူအမျိုးသားတက္ကသိုလ်ရှိ သိပ္ပံပညာဌာနတို့က သင်ရိုးညွှန်းတမ်းများ ရေးဆွဲရန်၊ သင်ကြားရေးအရင်းအမြစ်များကို တည်ဆောက်ရန်၊ စီမံခန့်ခွဲမှုနဲ့စည်းရုံးရေးကုန်ကျစရိတ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါစီမံကိန်း၌ အစိုးရဘက်မှထူးချွန်သည့်ပုဂ္ဂိုလ်များပါဝင်ပူးပေါင်းရေးအတွက်လည်း ရန်ပုံငွေတစ်စိတ်တစ်ပိုင်းထဲမှ ပညာသင်ဆုများပေးအပ်သွားရန်လည်း စီစဉ်ထားပါတယ်။

အဆိုပါစီမံကိန်း၌ နှစ်စဉ်ပညာသင်နှစ် (၂) ပိုင်းခွဲခြားထားပြီး တစ်ပိုင်း၌ ကျောင်းသား၊ ကျောင်းသူ (၂၅)  ယောက် တက်ရောက်နိုင်မည်ဖြစ်ပါတယ်။ ယခုနှစ်အတွက် ပထမဆုံးအတန်းကို လာမယ့် (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုလည်း နိုဝင်ဘာလ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် စင်ကာပူ FinTech ပွဲတော်နဲ့တိုက်ဆိုင်စေရန် အစီအစဉ်ရေးဆွဲထားပါတယ်။

ASXI စီမံကိန်း၌ ပါဝင်ခွင့်ရရှိသူများအနေဖြင့် စင်ကာပူနိုင်ငံ၌ အလုပ်အမှုဆောင်ကဏ္ဍကို (၅) ရက်ကြာ သင်ယူနိုင်မည်ဖြစ်ပြီး ဟောင်ကောင်၊ ဘေဂျင်းတို့၌ (၂) ရက်ကြာ သွားရောက်ပညာသင်ကြားမည့် အစီအစဉ်ကိုလည်း ထည့်သွင်းရေးဆွဲထားပါတယ်။ စင်ကာပူ၌ (၅) ရက်ကြာသင်ကြားမည့် သင်ခန်းစာများ၌ အာရှမှကောက်ယူရရှိထားသည့်စစ်တမ်းများပါဝင်မည်ဖြစ်ပြိး ဘဏ္ဍာရေးဆိုင်ရာဂေဟစနစ်အသစ်၊ ဘဏ်လုပ်ငန်းဆိုင်ရာ တီထွင်ကြံဆမှု၊ ရေရှည်တည်တ့ံခိုင်မြဲမှု၊ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းနည်းများအပြင် ဆိုက်ဘာလုံခြုံရေးတို့ရဲ့ အဓိကအကြောင်းအရာများ ပါဝင်မည်ဖြစ်ကြောင်း စီမံကိန်းရေးရာတာဝန်ရှိသူများက ဆိုပါတယ်။

- Advertisement -

ဒါ့အပြင် AMTD ရဲ့ ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဆိုင်ရာရင်းမြစ်များတိုးမြှင့်မှု၊ Xiaomi Finance မှ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာဝန်ဆောင်မှုအတွေ့အကြုံများ၊ ဖောက်သည်များနဲ့ ထိတွေ့ဆက်ဆံမှုများ၊ အင်တာနက်ပေါ်မှတစ်ဆင့် တီထွင်ဆန်းသစ်မှုများ၊ SMU ရဲ့ ခေါင်းဆောင်မှုစွမ်းဆောင်ရည်များ၊ ဒစ်ဂျစ်တယ်ဆိုင်ရာဘဏ္ဍာရေးလုပ်ငန်းများ၊ ဥပဒေနဲ့ အမျိုးသားတက္ကသိုလ်သိပ္ပံပညာဌာနမှ ဆိုက်ဘာလုံခြုံရေးများ၊ AI နည်းပညာများကိုလည်း သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 

 

ဒစ္ဂ်စ္တယ္ပိုင္းဆုိင္ရာဘ႑ာေရးစီမံခန္႔ခဲြမႈအတြက္ ေဒၚလာ (၅) သန္းရင္းႏွီးျမွဳပ္ႏွံမည့္စီမံကိန္း။

AMTD, Xiaomi Finance, စင္ကာပူစီမံခန္႔ခဲြမႈတ​ကၠသိုလ္ (SMU) နဲ႔ စင္ကာပူအမ်ိဳးသားတကၠသုိလ္မွ သိပၸံပညာရပ္ဆုိင္ရာဌာနတုိ႔ ပူးေပါင္း၍ ေဒၚလာ (၅) သန္းတန္ေၾကးရွိမယ့္ ဒစ္ဂ်စ္တယ္ဆုိင္ရာ ဘ႑ာေရးစီမံကိန္းတစ္ခုကို အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆုိပါစီမံကိန္းသည္ စင္ကာပူ၊ အေရွ႕ေတာင္အာရွနဲ႔ ပင္လယ္ေအာ္ေဒသမွ အႀကီးတန္းအမႈေဆာင္ခ်ဳပ္မ်ား၊ ဒစ္ဂ်စ္တယ္ဘဏ္လုပ္ငန္းဆုိင္ရာ စြန္႔ဦးတီထြင္သူမ်ားနဲ႔မူဝါဒခ်မွတ္သူမ်ားအတြက္ ရည္ရြယ္ထားပါတယ္။

အဆုိပါစီမံကိန္းကို AXSI Program ဟု အမည္ေပးထားၿပီး စီးပြားေရးလုပ္ငန္းမ်ားရဲ႕ ဘ႑ာေရးဆုိင္ရာ  ျပႆနာမ်ားကို ဒစ္ဂ်စ္တယ္နည္းလမ္းျဖင့္ ေျဖရွင္းေပးႏုိင္ရန္ႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို အေကာင္းဆံုး  ေမာင္းႏွင္ေပးႏိုင္ရန္ အေထာက္အကူျပဳႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။ AMTD နဲ႔ Xiaomi တို႔မွ ASXI စီမံကိန္းအတြက္ ေဒၚလာ (၅) သန္း ကနဦးမတည္ထားၿပီး SMU နဲ႔ စင္ကာပူအမ်ိဳးသားတကၠသိုလ္ရွိ သိပၸံပညာဌာနတုိ႔က သင္ရုိးညႊန္းတမ္းမ်ား ေရးဆြဲရန္၊ သင္ၾကားေရးအရင္းအျမစ္မ်ားကို တည္ေဆာက္ရန္၊ စီမံခန္႔ခဲြမႈနဲ႔စည္းရံုးေရးကုန္က်စရိတ္မ်ားကို ေထာက္ပံ့ေပးသြားမည္ျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါစီမံကိန္း၌ အစုိးရဘက္မွထူးခြ်န္သည့္ပုဂၢိဳလ္မ်ားပါဝင္ပူးေပါင္းေရးအတြက္လည္း ရန္ပံုေငြတစ္စိတ္တစ္ပိုင္းထဲမွ ပညာသင္ဆုမ်ားေပးအပ္သြားရန္လည္း စီစဥ္ထားပါတယ္။

အဆုိပါစီမံကိန္း၌ ႏွစ္စဥ္ပညာသင္ႏွစ္ (၂) ပိုင္းခဲြျခားထားၿပီး တစ္ပိုင္း၌ ေက်ာင္းသား၊ ေက်ာင္းသူ (၂၅)  ေယာက္ တက္ေရာက္ႏုိင္မည္ျဖစ္ပါတယ္။ ယခုႏွစ္အတြက္ ပထမဆံုးအတန္းကို လာမယ့္ (၂၀၂၀) ျပည့္ႏွစ္၊ ႏုိဝင္ဘာလ၌ စတင္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ဖြင့္ပြဲအခမ္းအနားကိုလည္း ႏိုဝင္ဘာလ (၉) ရက္ေန႔မွ (၁၃) ရက္ေန႔အထိ က်င္းပျပဳလုပ္မယ့္ စင္ကာပူ FinTech ပြဲေတာ္နဲ႔တိုက္ဆိုင္ေစရန္ အစီအစဥ္ေရးဆဲြထားပါတယ္။

ASXI စီမံကိန္း၌ ပါဝင္ခြင့္ရရွိသူမ်ားအေနျဖင့္ စင္ကာပူႏုိင္ငံ၌ အလုပ္အမႈေဆာင္က​႑ကို (၅) ရက္ၾကာ သင္ယူႏုိင္မည္ျဖစ္ၿပီး ေဟာင္ေကာင္၊ ေဘဂ်င္းတုိ႔၌ (၂) ရက္ၾကာ သြားေရာက္ပညာသင္ၾကားမည့္ အစီအစဥ္ကိုလည္း ထည့္သြင္းေရးဆဲြထားပါတယ္။ စင္ကာပူ၌ (၅) ရက္ၾကာသင္ၾကားမည့္ သင္ခန္းစာမ်ား၌ အာရွမွေကာက္ယူရရွိထားသည့္စစ္တမ္းမ်ားပါဝင္မည္ျဖစ္ၿပိး ဘ႑ာေရးဆိုင္ရာေဂဟစနစ္အသစ္၊ ဘဏ္လုပ္ငန္းဆုိင္ရာ တီထြင္ႀကံဆမႈ၊ ေရရွည္တည္တ့ံခုိင္ၿမဲမႈ၊ ဒစ္ဂ်စ္တယ္နည္းပညာပိုင္းဆုိင္ရာ ေျဖရွင္းနည္းမ်ားအျပင္ ဆုိက္ဘာလံုၿခံဳေရးတုိ႔ရဲ႕ အဓိကအေၾကာင္းအရာမ်ား ပါဝင္မည္ျဖစ္ေၾကာင္း စီမံကိန္းေရးရာတာဝန္ရွိသူမ်ားက ဆုိပါတယ္။

ဒါ့အျပင္ AMTD ရဲ႕ ဒစ္ဂ်စ္တယ္ဘ႑ာေရးဆုိင္ရာရင္းျမစ္မ်ားတုိးျမွင့္မႈ၊ Xiaomi Finance မွ ဒစ္ဂ်စ္တယ္နည္းပညာဆိုင္ရာဝန္ေဆာင္မႈအေတြ႕အႀကံဳမ်ား၊ ေဖာက္သည္မ်ားနဲ႔ ထိေတြ႕ဆက္ဆံမႈမ်ား၊ အင္တာနက္ေပၚမွတစ္ဆင့္ တီထြင္ဆန္းသစ္မႈမ်ား၊ SMU ရဲ႕ ေခါင္းေဆာင္မႈစြမ္းေဆာင္ရည္မ်ား၊ ဒစ္ဂ်စ္တယ္ဆုိင္ရာဘ႑ာေရးလုပ္ငန္းမ်ား၊ ဥပေဒနဲ႔ အမ်ိဳးသားတကၠသိုလ္သိပၸံပညာဌာနမွ ဆိုက္ဘာလံုၿခံဳေရးမ်ား၊ AI နည္းပညာမ်ားကိုလည္း သင္ၾကားျပသေပးသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ Businesstimes

#HM(Soshwe)

#soshwebannkingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 5 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...