HomeSportယူနိုက်တက်ကစားသမားတစ်ဦးကို မိမိအသင်းထံပြောင်းရွှေ့လာရန် ကမ်းလှမ်းလိုက်သည့်ရော်နယ်ဒို။

ယူနိုက်တက်ကစားသမားတစ်ဦးကို မိမိအသင်းထံပြောင်းရွှေ့လာရန် ကမ်းလှမ်းလိုက်သည့်ရော်နယ်ဒို။

- Advertisement -

စပိန်လာလီဂါကလပ် ဗယ်လာဒိုးလစ်အသင်းပိုင်ရှင် ရော်နယ်ဒိုသည် ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူရန်ကမ်းလှမ်းလိုက်ကြောင်း သိရှိရပါတယ်။ ဘရာဇီးဂန္တဝင်ကစားသမားဟောင်းကြီး ရော်နယ်ဒိုသည် ကစားသမားဘဝမှ အနားယူပြီးနောက် လက်ရှိအချိန်တွင် ဗယ်လာဒိုးလစ်အသင်းကို ဝယ်ယူကာ မြက်ခင်းစိမ်းပြင်ပလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုသည် အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် ယူနိုက်တက်အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေသော ဆန်းချက်ဇ်ကို ကမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး အသက် (၃၁) နှစ်အရွယ် အဆိုပါချီလီလက်ရွေးစင်ကစားသမားသည် လက်ရှိအချိန်၌ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းထံ အငှားနဲ့သွားရောက်ကစားနေသည့် ကစားသမားလည်းဖြစ်ပါတယ်။ ဆန်းချက်ဇ်ကို အင်တာမီလန်အသင်းက အငှားစာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိသလို ယူနိုက်တက်အသင်းကလည်း ကစားသမားရဲ့ မြင့်မားသည့် လစာငွေပမာဏကြောင့် အမြန်ဆုံးရောင်းချရန် ဆန္ဒရှိနေပါတယ်။

ထိုကဲ့သို့အနေအထား၌ ဗယ်လာဒိုးလစ်အသင်းပိုင်ရှင်ရော်နယ်ဒိုက ဆန်းချက်ဇ်နဲ့ပတ်သက်၍ “သူက ဘယ်နေရာကိုသွားသွား အောင်မြင်ခဲ့တဲ့ကစားသမားတစ်ယောက်ပါ။ တကယ်လို့ သူအင်တာမီလန်အသင်းမှာ မအောင်မြင်ဘူးဆိုရင်လည်း ဗယ်လာဒိုးလစ်အသင်းက သူ့အတွက်တံခါးဖွင့်ထားပါတယ်။” ဟု  ပြောကြားခဲ့ပါတယ်။ ဆန်းချက်ဇ်သည် အင်တာမီလန်အသင်း၌လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည့် ကစားသမားတစ်ယောက်ဖြစ်ပြီး ဆမ်ဒိုးရီးယားအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌လည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ဆန်းချက်ဇ်သည် မိခင်ကလပ်အသင်းဖြစ်သည့် ယူနိုက်တက်အသင်းနဲ့ (၂၀၂၂) ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေသည့် ကစားသမားဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

ယူႏုိက္တက္ကစားသမားတစ္ဦးကို မိမိအသင္းထံေျပာင္းေရႊ႕လာရန္ ကမ္းလွမ္းလိုက္သည့္ေရာ္နယ္ဒို။

စပိန္လာလီဂါကလပ္ ဗယ္လာဒိုးလစ္အသင္းပိုင္ရွင္ ေရာ္နယ္ဒိုသည္ ယူႏုိက္တက္အသင္းရဲ႕ တိုက္စစ္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ကို ေခၚယူရန္ကမ္းလွမ္းလိုက္ေၾကာင္း သိရွိရပါတယ္။ ဘရာဇီးဂႏၱဝင္ကစားသမားေဟာင္းႀကီး ေရာ္နယ္ဒုိသည္ ကစားသမားဘဝမွ အနားယူၿပီးေနာက္ လက္ရွိအခ်ိန္တြင္ ဗယ္လာဒိုးလစ္အသင္းကို ဝယ္ယူကာ ျမက္ခင္းစိမ္းျပင္ပလႈပ္ရွားမႈမ်ားကို ဆက္လက္ေဆာင္ရြက္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုသည္ အသင္းရဲ႕တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းရန္အတြက္ ယူႏုိက္တက္အသင္းနဲ႔ အနာဂတ္မတည္မၿငိမ္ျဖစ္ေနေသာ ဆန္းခ်က္ဇ္ကို ကမ္းလွမ္းလုိက္ျခင္းျဖစ္ၿပီး အသက္ (၃၁) ႏွစ္အရြယ္ အဆိုပါခ်ီလီလက္ေရြးစင္ကစားသမားသည္ လက္ရွိအခ်ိန္၌ အီတလီစီးရီးေအကလပ္ အင္တာမီလန္အသင္းထံ အငွားနဲ႔သြားေရာက္ကစားေနသည့္ ကစားသမားလည္းျဖစ္ပါတယ္။ ဆန္းခ်က္ဇ္ကို အင္တာမီလန္အသင္းက အငွားစာခ်ဳပ္သက္တမ္းတုိးရန္ ဆႏၵမရွိသလို ယူႏုိက္တက္အသင္းကလည္း ကစားသမားရဲ႕ ျမင့္မားသည့္ လစာေငြပမာဏေၾကာင့္ အျမန္ဆံုးေရာင္းခ်ရန္ ဆႏၵရွိေနပါတယ္။

ထိုကဲ့သို႔အေနအထား၌ ဗယ္လာဒိုးလစ္အသင္းပိုင္ရွင္ေရာ္နယ္ဒိုက ဆန္းခ်က္ဇ္နဲ႔ပတ္သက္၍ “သူက ဘယ္ေနရာကိုသြားသြား ေအာင္ျမင္ခဲ့တဲ့ကစားသမားတစ္ေယာက္ပါ။ တကယ္လို႔ သူအင္တာမီလန္အသင္းမွာ မေအာင္ျမင္ဘူးဆိုရင္လည္း ဗယ္လာဒိုးလစ္အသင္းက သူ႔အတြက္တံခါးဖြင့္ထားပါတယ္။” ဟု  ေျပာၾကားခဲ့ပါတယ္။ ဆန္းခ်က္ဇ္သည္ အင္တာမီလန္အသင္း၌လည္း ပံုမွန္ပြဲထြက္ခြင့္ရရွိရန္ ရုန္းကန္ေနရသည့္ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ဆမ္ဒိုးရီးယားအသင္းကို ၂-၁ ဂိုးျဖင့္ အႏုိင္ရရွိခဲ့သည့္ပဲြ၌လည္း လူစားဝင္ကစားသမားအျဖစ္သာ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။

ဆန္းခ်က္ဇ္သည္ မိခင္ကလပ္အသင္းျဖစ္သည့္ ယူႏုိက္တက္အသင္းနဲ႔ (၂၀၂၂) ခုႏွစ္ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနသည့္ ကစားသမားျဖစ္ပါတယ္။

<Zawgyi Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eleven − 2 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...