HomeEducationအိန္ဒိယနဲ့ တရုတ်အကြားဖြစ်ပျက်နေတဲ့ ပဋိပက္ခများနှင့် အိန္ဒိယကျောင်းသား၊ ကျောင်းသူများ။

အိန္ဒိယနဲ့ တရုတ်အကြားဖြစ်ပျက်နေတဲ့ ပဋိပက္ခများနှင့် အိန္ဒိယကျောင်းသား၊ ကျောင်းသူများ။

- Advertisement -

အိန္ဒိယနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူအများစုသည် လာမယ့်နှစ်အတွင်း၌ တရုတ်နိုင်ငံသို့ ပညာတော်သင်သွားရောက်မည့် အစီအစဉ်များကို ရုပ်သိမ်းပြီး အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ အာရှရှိ အခြားသောဒေသများသို့ သွားရောက်ပညာသင်ကြားရန် ရွေးချယ်နေကြကြောင်း သိရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင်က အိန္ဒိယမှကျောင်းသား၊ ကျောင်းသူပေါင်း (၂၃,၀၀၀) ကျော်ခန့်က တရုတ်နိုင်ငံသို့ သွားရောက်ပညာသင်ကြားခဲ့ပြီး အထူးသဖြင့် ဆေးဝါးနဲ့စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များကို အဓိကသင်ကြားခဲ့ကြကြောင်း သိရှိရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်၌မူ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်အစပြုရာနိုင်ငံက တရုတ်နိုင်ငံဖြစ်နေခြင်း၊ အိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ဒေသ၌ စစ်ရေးအရထိတွေ့မှုများ ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် လာမယ့်စာသင်နှစ်၌ တရုတ်နိုင်ငံသို့ ပညာတော်သင်သွားရောက်ရန်စီစဉ်ထားသည့် အိန္ဒိယကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ရဲ့အစီအစဉ်များကို ပြောင်းလဲရတော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင််ငံအတွင်းရှိနိုင်ငံရပ်ခြားပညာသင်ရေးဆိုင်ရာကိစ္စအတွက် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုက ဆိုပါတယ်။

- Advertisement -

တရုတ်နိုင်ငံတွင်ဆေးဝါးပညာရပ်သင်ယူခြင်းက အိန္ဒိယနိုင်ငံရှိဆေးကျောင်းသားများအကြား ရေပန်းစားသည့် နိုင်ငံရပ်ခြားပညာရေးတစ်ခုဖြစ်ပြီး သင်ခန်းစာတစ်ခုလုံးအတွက် ရူပီ (၂၅) သိန်းမှ သိန်း (၃၀) အတွင်းသာ ကုန်ကျခြင်းကြောင့်လည်း ယခုကဲ့သို့ရေပန်းစားရခြင်းဖြစ်ကြောင်း မွမ်ဘိုင်းအခြေစိုက် ပညာရေးဆိုင်ရာအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ သို့သော်လည်း အိန္ဒိယကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံရပ်ခြားပညာသင်ယူရေးစနစ်၌ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့က ထိပ်ဆုံး (၃) နိုင်ငံစာရင်း၌ ရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံမှာမူ အဆင့် (၆) နေရာ၌သာ ရပ်တည်လျက်ရှိကြောင်း အချက်အလက်များကဖော်ပြခဲ့ပါတယ်။

- Advertisement -

ဒါ့အပြင် ဟောင်ကောင်နိုင်ငံ၌ သွားရောက်ပညာသင်ကြားခြင်းသည်ပင်လျှင် အိန္ဒိယကျောင်းသား၊   ကျောင်းသူများအကြား၌ ရေပန်းမစားတော့ဘဲ ထိုသို့ဖြစ်ရခြင်းက တရုတ်နိုင်ငံအနေဖြင့်  ဟောင်ကောင်ရဲ့အုပ်ချုပ်ရေးကို ဝင်ရောက်လွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေခြင်းကြောင့်ဖြစ်ပါတယ်။ အမည်လွှဲပြောင်းထားသည့် Sandeep Sharma ဆိုသည့် အတွေ့အကြုံ (၃) နှစ်ရှိ အင်ဂျင်နီယာတစ်ဦးကလည်း ကိုရိုနာဗိုင်းရပ်စ်ပြဿနာနဲ့ တရုတ်နဲ့အိန္ဒိယတို့အကြား နယ်စပ်ပြဿနာများကြောင့် တရုတ်နိုင်ငံရှိစီးပွားရေးတက္ကသိုလ်များ၌ ပညာသင်ကြားရန်  လျှောက်ထားတော့မည်မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

- Advertisement -

(၂၀၁၈) ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ နိုင်ငံရပ်ခြားမှကျောင်းလာတက်သည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၉၂,၁၈၅) ယောက်ရှိပြီး အိန္ဒိယကကျောင်းသား၊ ကျောင်းသူပေါင်း (၂၃,၁၉၈) ယောက်ဖြင့် တရုတ်နိုင်ငံသို့ ပညာတော်သင်သွားရောက်မှုအများဆုံးနိုင်ငံများစာရင်း၌ အဆင့် (၄) နေရာ၌ ရပ်တည်နေကာ  တောင်ကိုရီးယားနိုင်ငံမှ (၅၀,၆၀၀) ယောက်ဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၈,၆၀၈) ယောက်ဖြင့် အဆင့် (၁) နေရာ၊ ပါကစ္စတန်နိုင်ငံက (၂၈,၀၂၃) ယောက်ဖြင့် အဆင့် (၂) နေရာတို့၌ အသီးသီးရပ်တည်နေကြောင်း ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၌ တရုတ်ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရှိရပါတယ်။

<Unicode Version>

 

 

အိႏၵိယနဲ႕ တရုတ္အၾကားျဖစ္ပ်က္ေနတ့ဲ ပဋိပကၡမ်ားနွင့္ အိႏၵိယေက်ာင္းသား၊ ေက်ာင္းသူမ်ား။

အိႏၵိယႏုိင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူအမ်ားစုသည္ လာမယ့္ႏွစ္အတြင္း၌ တရုတ္ႏုိင္ငံသို႔ ပညာေတာ္သင္သြားေရာက္မည့္ အစီအစဥ္မ်ားကို ရုပ္သိမ္းၿပီး အေရွ႕အလယ္ပိုင္းေဒသ၊ အာဖရိကနဲ႔ အာရွရွိ အျခားေသာေဒသမ်ားသို႔ သြားေရာက္ပညာသင္ၾကားရန္ ေရြးခ်ယ္ေနၾကေၾကာင္း သိရွိရပါတယ္။ ကိုရိုနာဗုိင္းရပ္စ္မျဖစ္ပြားခင္က အိႏၵိယမွေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၂၃,၀၀၀) ေက်ာ္ခန္႔က တရုတ္ႏုိင္ငံသို႔ သြားေရာက္ပညာသင္ၾကားခဲ့ၿပီး အထူးသျဖင့္ ေဆးဝါးနဲ႔စီမံခန္႔ခဲြမႈဆုိင္ရာဘာသာရပ္မ်ားကို အဓိကသင္ၾကားခဲ့ၾကေၾကာင္း သိရွိရပါတယ္။

ဒါေပမယ့္ လက္ရွိအခ်ိန္၌မူ ကမာၻ႕ကပ္ေရာဂါတစ္ခုျဖစ္သည့္ ကိုရိုနာဗုိင္းရပ္စ္အစျပဳရာႏုိင္ငံက တရုတ္ႏိုင္ငံျဖစ္ေနျခင္း၊ အိႏၵိယနဲ႔တရုတ္ႏွစ္ႏုိင္ငံအၾကား နယ္စပ္ေဒသ၌ စစ္ေရးအရထိေတြ႕မႈမ်ား ျဖစ္ပြားခဲ့ျခင္းတို႔ေၾကာင့္ လာမယ့္စာသင္ႏွစ္၌ တရုတ္ႏုိင္ငံသို႔ ပညာေတာ္သင္သြားေရာက္ရန္စီစဥ္ထားသည့္ အိႏၵိယေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔ရဲ႕အစီအစဥ္မ်ားကို ေျပာင္းလဲရေတာ့မည္ျဖစ္ေၾကာင္း အိႏၵိယႏုိင္္ငံအတြင္းရွိႏုိင္ငံရပ္ျခားပညာသင္ေရးဆိုင္ရာကိစၥအတြက္ ကူညီေဆာင္ရြက္ေပးေနသည့္ အဖဲြ႕အစည္းတစ္ခုက ဆုိပါတယ္။

တရုတ္ႏုိင္ငံတြင္ေဆးဝါးပညာရပ္သင္ယူျခင္းက အိႏၵိယႏုိင္ငံရွိေဆးေက်ာင္းသားမ်ားအၾကား ေရပန္းစားသည့္ ႏုိင္ငံရပ္ျခားပညာေရးတစ္ခုျဖစ္ၿပီး သင္ခန္းစာတစ္ခုလံုးအတြက္ ရူပီ (၂၅) သိန္းမွ သိန္း (၃၀) အတြင္းသာ ကုန္က်ျခင္းေၾကာင့္လည္း ယခုကဲ့သို႔ေရပန္းစားရျခင္းျဖစ္ေၾကာင္း မြမ္ဘိုင္းအေျခစိုက္ ပညာေရးဆုိင္ရာေအဂ်င္စီတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ သို႔ေသာ္လည္း အိႏၵိယေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ႏုိင္ငံရပ္ျခားပညာသင္ယူေရးစနစ္၌ အေမရိကန္၊ ကေနဒါနဲ႔ ၾသစေၾတးလ်ႏုိင္ငံတို႔က ထိပ္ဆံုး (၃) ႏိုင္ငံစာရင္း၌ ရပ္တည္လ်က္ရွိၿပီး တရုတ္ႏုိင္ငံမွာမူ အဆင့္ (၆) ေနရာ၌သာ ရပ္တည္လ်က္ရွိေၾကာင္း အခ်က္အလက္မ်ားကေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ ေဟာင္ေကာင္ႏုိင္ငံ၌ သြားေရာက္ပညာသင္ၾကားျခင္းသည္ပင္လွ်င္ အိႏၵိယေက်ာင္းသား၊   ေက်ာင္းသူမ်ားအၾကား၌ ေရပန္းမစားေတာ့ဘဲ ထိုသို႔ျဖစ္ရျခင္းက တရုတ္ႏုိင္ငံအေနျဖင့္  ေဟာင္ေကာင္ရဲ႕အုပ္ခ်ဳပ္ေရးကို ဝင္ေရာက္လႊမ္းမိုးႏုိင္ရန္ ႀကိဳးပမ္းေနျခင္းေၾကာင့္ျဖစ္ပါတယ္။ အမည္လႊဲေျပာင္းထားသည့္ Sandeep Sharma ဆုိသည့္ အေတြ႕အႀကံဳ (၃) ႏွစ္ရွိ အင္ဂ်င္နီယာတစ္ဦးကလည္း ကိုရိုနာဗုိင္းရပ္စ္ျပႆနာနဲ႔ တရုတ္နဲ႔အိႏၵိယတို႔အၾကား နယ္စပ္ျပႆနာမ်ားေၾကာင့္ တရုတ္ႏုိင္ငံရွိစီးပြားေရးတကၠသိုလ္မ်ား၌ ပညာသင္ၾကားရန္  ေလွ်ာက္ထားေတာ့မည္မဟုတ္ေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

(၂၀၁၈) ခုႏွစ္အတြင္း တရုတ္ႏုိင္ငံသုိ႔ ႏုိင္ငံရပ္ျခားမွေက်ာင္းလာတက္သည့္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၄၉၂,၁၈၅) ေယာက္ရွိၿပီး အိႏၵိယကေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၂၃,၁၉၈) ေယာက္ျဖင့္ တရုတ္ႏိုင္ငံသို႔ ပညာေတာ္သင္သြားေရာက္မႈအမ်ားဆံုးႏုိင္ငံမ်ားစာရင္း၌ အဆင့္ (၄) ေနရာ၌ ရပ္တည္ေနကာ  ေတာင္ကိုရီးယားႏုိင္ငံမွ (၅၀,၆၀၀) ေယာက္ျဖင့္ အဆင့္ (၃) ေနရာ၌ ရပ္တည္ေနပါတယ္။ ဒါ့အျပင္ ထိုင္းႏိုင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၂၈,၆၀၈) ေယာက္ျဖင့္ အဆင့္ (၁) ေနရာ၊ ပါကစၥတန္ႏုိင္ငံက (၂၈,၀၂၃) ေယာက္ျဖင့္ အဆင့္ (၂) ေနရာတုိ႔၌ အသီးသီးရပ္တည္ေနေၾကာင္း ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္၌ တရုတ္ပညာေရးဝန္ႀကီးဌာနမွထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Economictimes

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read