Netflix ကုမ္ပဏီဥက္ကဋ္ဌ Reed Hastings နဲ့ သူ့ရဲ့ချစ်ဇနီး ပရဟိတဝါသနာရှင် Patty Quillin တို့နှစ်ဦးဟာ တက္ကသိုလ်ကျောင်းနဲ့ ကောလိပ်ကျောင်းတွေမှာ ပညာသင်ကြားဖို့ ပညာသင်စရိတ်မတတ်နိုင်တဲ့ လူမည်းကျောင်းသူ/ကျောင်းသားတွေအတွက် ပညာသင်စရိတ်ထောက်ပံ့စရိတ် ဒေါ်လာသန်း ၁၂၀ ကို လှူဒါန်းခဲ့ကြပါတယ်။
Netflix ကုမ္ပဏီဥက္ကဋ္ဌ Reed Hastings နဲ့ ချစ်ဇနီး Patty Quillin တို့ဟာ အမေရိကန်ပြည်ထောင်စု Atlanta ပြည်နယ်ရှိ တက္ကသိုလ်ကျောင်းတွေဖြစ်တဲ့ Spelman ကောလိပ်ကျောင်းနဲ့ Morehouse ကောလိပ်ကျောင်းတွေမှာ တက်ရောက်နေတဲ့ လူမည်းကျောင်းသူ/ကျောင်းသားတွေအတွက် တက္ကသိုလ်ပညာသင်စရိတ်ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ Hastings ဟာ အသက်ငယ်ရွယ်စဉ်က Peace Corps အဖွဲ့အစည်းမှာ စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့့ပြီး Swaziland နိုင်ငံမှာလည်း အထက်တန်းသချင်္ာ သင်ကြားပေးခဲ့ပါတယ်။ Patty Quillin ကတော့ ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ ပရဟိတလှုပ်ရှားမှုတွေကို စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
Reed Hastings နဲ့ Patty Quillin တို့က “ကျွန်မတို့နှစ်ဦးလုံးက ကောင်းမွန်ပြီးအရည်အသွေးပြည့်ဝတဲ့ ပညာရေးကို သင်ယူခွင့်ရခဲ့တဲ့ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်တယ်။ သမိုင်းကြောင်းကို ပြန်ကောက်ရရင် လူမည်းကျောင်းသူ/ကျောင်းသားလေးတွေ တက်ရောက်ပညာသင်ကြားနေတဲ့ တက္ကသိုလ်တွေဟာ လုံလောက်တဲ့ ပညာသင်ထောက်ပံ့စရိတ်တွေကို မရရှိကြပါဘူး။ ဒါကြောင့်လည်း ကျွန်မတို့က လူမည်းကျောင်းသူ/ကျောင်းသားလေးတွေအတွက် အဓိကထားပြီး လှူဒါန်းခဲ့တာပါ။” လို့ ဆိုခဲ့ပါတယ်။
Reed Hastings နဲ့ Patty Quillin တို့နှစ်ဦးလှူဒါန်းထားတဲ့ ပညာသင်စရိတ်ထောက်ပံ့ငွေတွေဟာ နောက်ထပ် ၁၀ စုနှစ်တစ်ခုအတွင်း ကျောင်းသူ/ ကျောင်းသားပေါင်း (၂၀၀) ကို ၄ နှစ်စာပညာသင်ကြားနိုင်ခွင့် ပေးအပ်နိုင်မှာပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမုန်းတီးမှုတွေ ပပျောက်သွားအောင် ပြုလုပ်တဲ့ လှုပ်ရှားမှုတွေအတွက် Apple ကုမ္ပဏီက ဒေါ်လာသန်း ၁၀၀ လှူဒါန်းခဲ့ပြီး လူမည်းအနုပညာရှင်တွေရဲ့ အနုပညာလှုပ်ရှားမှုတွေကို ထောက်ပံ့အားပေးဖို့အတွက်နဲ့ အာဖရိကန်-အမေရိကန်နိုင်ငံသားတွေရဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် Google ကုမ္ပဏီကလည်း ဒေါ်လာ ၂၇၅ သန်းလှူဒါန်းခဲ့ပါသေးတယ်။
<Unicode Version>
လူမည္းတကၠသိုလ္ေက်ာင္းသားေတြကို ေဒၚလာသန္း ၁၂၀ ပညာသင္စရိတ္ခ်ီးျမႇင့္ခဲ့တဲ့ နည္းပညာကုမၸဏီပိုင္ရွင္ႀကီး။
Netflix ကုမၸဏီဥကၠ႒ Reed Hastings နဲ႔ သူ႕ရဲ႕ခ်စ္ဇနီး ပရဟိတဝါသနာရွင္ Patty Quillin တို႔ႏွစ္ဦးဟာ တကၠသိုလ္ေက်ာင္းနဲ႔ ေကာလိပ္ေက်ာင္းေတြမွာ ပညာသင္ၾကားဖို႔ ပညာသင္စရိတ္မတတ္ႏိုင္တဲ့ လူမည္းေက်ာင္းသူ/ေက်ာင္းသားေတြအတြက္ ပညာသင္စရိတ္ေထာက္ပံ့စရိတ္ ေဒၚလာသန္း ၁၂၀ ကို လွဴဒါန္းခဲ့ၾကပါတယ္။
Netflix ကုမၸဏီဥကၠ႒ Reed Hastings နဲ႔ ခ်စ္ဇနီး Patty Quillin တို႔ဟာ အေမရိကန္ျပည္ေထာင္စု Atlanta ျပည္နယ္ရွိ တကၠသိုလ္ေက်ာင္းေတြျဖစ္တ့ဲ Spelman ေကာလိပ္ေက်ာင္းနဲ႔ Morehouse ေကာလိပ္ေက်ာင္းေတြမွာ တက္ေရာက္ေနတဲ့ လူမည္းေက်ာင္းသူ/ေက်ာင္းသားေတြအတြက္ တကၠသိုလ္ပညာသင္စရိတ္ကို လွဴဒါန္းခဲ့တာပဲျဖစ္ပါတယ္။ Hastings ဟာ အသက္ငယ္ရြယ္စဥ္က Peace Corps အဖြဲ႔အစည္းမွာ ေစတနာ့ဝန္ထမ္းအျဖစ္ ထမ္းေဆာင္ခ့ဲ့ၿပီး Swaziland ႏိုင္ငံမွာလည္း အထက္တန္းသခ်ၤာ သင္ၾကားေပးခဲ့ပါတယ္။ Patty Quillin ကေတာ့ ပညာေရးက႑နဲ႔ ပတ္သက္တဲ့ ပရဟိတလႈပ္ရွားမႈေတြကို စြမ္းေဆာင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။
Reed Hastings နဲ႔ Patty Quillin တို႔က “ကၽြန္မတို႔ႏွစ္ဦးလံုးက ေကာင္းမြန္ၿပီးအရည္အေသြးျပည့္ဝတဲ့ ပညာေရးကို သင္ယူခြင့္ရခဲ့တဲ့ အခြင့္ထူးခံ လူတန္းစားေတြ ျဖစ္တယ္။ သမိုင္းေၾကာင္းကို ျပန္ေကာက္ရရင္ လူမည္းေက်ာင္းသူ/ေက်ာင္းသားေလးေတြ တက္ေရာက္ပညာသင္ၾကားေနတဲ့ တကၠသိုလ္ေတြဟာ လံုေလာက္တဲ့ ပညာသင္ေထာက္ပံ့စရိတ္ေတြကို မရရွိၾကပါဘူး။ ဒါေၾကာင့္လည္း ကၽြန္မတုိ႔က လူမည္းေက်ာင္းသူ/ေက်ာင္းသားေလးေတြအတြက္ အဓိကထားၿပီး လွဴဒါန္းခဲ့တာပါ။” လို႔ ဆိုခဲ့ပါတယ္။
Reed Hastings နဲ႔ Patty Quillin တို႔ႏွစ္ဦးလွဴဒါန္းထားတဲ့ ပညာသင္စရိတ္ေထာက္ပံ့ေငြေတြဟာ ေနာက္ထပ္ ၁၀ စုႏွစ္တစ္ခုအတြင္း ေက်ာင္းသူ/ ေက်ာင္းသားေပါင္း (၂၀၀) ကို ၄ ႏွစ္စာပညာသင္ၾကားႏိုင္ခြင့္ ေပးအပ္ႏိုင္မွာပဲျဖစ္ပါတယ္။ လူမ်ိဳးေရးခြဲျခားမုန္းတီးမႈေတြ ပေပ်ာက္သြားေအာင္ ျပဳလုပ္တဲ့ လႈပ္ရွားမႈေတြအတြက္ Apple ကုမၸဏီက ေဒၚလာသန္း ၁၀၀ လွဴဒါန္းခဲ့ၿပီး လူမည္းအႏုပညာရွင္ေတြရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ေထာက္ပံ့အားေပးဖို႔အတြက္နဲ႔ အာဖရိကန္-အေမရိကန္ႏိုင္ငံသားေတြရဲ႕ အေသးစားစီးပြားေရးလုပ္ငန္းေတြကုိ ေထာက္ပံ့ကူညီႏိုင္ဖို႔အတြက္ Google ကုမၸဏီကလည္း ေဒၚလာ ၂၇၅ သန္းလွဴဒါန္းခဲ့ပါေသးတယ္။
<Zawgyi Version>
#soshwetech
#soshweforyourdailylife
#likeandshare