HomeTechသတင်းမီဒီယာဝက်ဘ်ဆိုဒ်တွေနဲ့ Facebook အကြား အကျိုးအမြတ်ဝေမျှခွင့်ဥပဒေအသစ်။

သတင်းမီဒီယာဝက်ဘ်ဆိုဒ်တွေနဲ့ Facebook အကြား အကျိုးအမြတ်ဝေမျှခွင့်ဥပဒေအသစ်။

- Advertisement -

သြစတေးလျနိုင်ငံ ယှဉ်ပြိုင်မှုနဲ့အသုံးပြုသူဆိုင်ရာ အဖွဲ့အစည်း (Australian Competition and Consumer Commission – ACCC) က လူမှုကွန်ရက်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းဥပဒေအသစ်တစ်ခုကို ကြေငြာခဲ့ပါတယ်။ သြစတေးလျနိုင်ငံ အစိုးရအဖွဲ့က သြစတေးလျနိုင်ငံ ယှဉ်ပြိုင်မှုနဲ့အသုံးပြုသူဆိုင်ရာ အဖွဲ့အစည်းကို လှုမှုကွန်ရက်ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက် မျှဝေမှုဆိုင်ရာ စည်းမျဉ်းဥပဒေအသစ်ကို ချမှတ်ဖို့အတွက် ဖိအားပေးလာတာကြောင့် ဖြစ်ပါတယ်။

သြစတေးလျနိုင်ငံ အစိုးရအဖွဲ့က အခုလိုမျိုး ဖိအားပေးတယ်ဆိုတာကလည်း နည်းပညာကုမ္ပဏီတွေဟာ သတင်းထုတ်ဝေသူတွေဆီကနေ သတင်းတွေကို သူတို့ရဲ့လှုမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခြင်းအားဖြင့် အမြတ်ရနေပေမယ့် သတင်းဌာနတွေကို ထောက်ပံ့ကြေးမပေးတာကြောင့်ဖြစ်ကြောင်း ဆိုထားပါတယ်။

အဆိုပါ စည်းမျဉ်းဥပဒေမှာ သြစတေးလျနိုင်ငံအခြေစိုက် နိုင်ငံတကားသတင်းတွေကို ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာတိုုက်တွေက ထုတ်ဝေဖြန့်ချီထားတဲ့ သတင်းအချက်အလက်တွေကို လူမှုကွန်ရက်ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Facebook ကုမ္ပဏီ နဲ့ Google ကုမ္ပဏီတို့က သက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာမှာ  ဖော်ပြချင်တယ်ဆိုရင်တော့ သတင်းအချက်အလက်တွေကို ထိုက်တန်တဲ့အခကြေးငွေပေးပြီး ဝယ်ယူပြီးမှသာ လူမှုကွန်ရက်စာမျက်နှာတွေမှာ တရားဝင် ဖော်ပြခွင့်ပေးမယ်လို့ ကမ်းလှမ်းဖော်ပြထားပါတယ်။

အဆိုပါ ကမ်းလှမ်းချက်ကို Facebook ကုမ္ပဏီက CEO Mark Zuckerberg က ပယ်ချလိုက်ပါတယ်။ ACCC အဖွဲ့အစည်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချရခြင်းအကြောင်းကတော့ နည်းပညာကုမ္ပဏီတွေနဲ့ သတင်းထုတ်ဝေသူတွေကြားမှာ ကောင်းမွန်ပြည့်စုံပြီး ယှဉ်ပြိုင်မှုအားကောင်းတဲ့ ဆက်နွယ်မှုုရှိနေဆဲ ဖြစ်တာကြောင့်လို့ Facebook ကုမ္ပဏီက ဆိုထားပါတယ်။ ဒါ့အပြင် Facebook ကုမ္ပဏီဟာ သြစတေးလျနိုင်ငံက သတင်းစာတိုက်အချို့နဲ့ အလုပ်တွဲလုပ်နေတာကြာပြီဖြစ်ကြောင်း ဆိုထားပါသေးတယ်။

- Advertisement -

အကယ်၍ Facebook ကုမ္ပဏီနဲ့ Google ကုမ္ပဏီဟာ ACCC အဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေကို မလိုက်နာဘူးဆိုရင်တော့ အခုလက်ရှိမှာ Facebook ကုမ္ပဏီနဲ့ Google ကုမ္ပဏီက လက်တွဲထားတဲ့ သြစတေးလျနိုင်ငံ သတင်းစာတိုက်များနဲ့ လက်တွဲဖြုတ်ဖို့အတွက် ဖိအားပေးရမယ်လို့ သတိပေး  ပြောဆိုလာပါတယ်။

Facebook ကလည်း သြစတေးလျနိုင်ငံက သတင်းဌာနတွေနဲ့ လက်တွဲဖြုတ်လိုက်ရင်တောင်မှ လုပ်ငန်းမှာ ထိခိုက်နစ်နာမှု အများအပြား မရှိလာနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။ ACCC ရဲ့ သတိပေးမှုကို ယုံကြည်ချက်ရှိရှိ  Facebook က ထောက်ပြနိုင်တယ်ဆိုတာကလည်း Facebook အသုံးပြုသူတွေဟာ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သတင်းဆောင်းပါး အနည်းအကျဉ်းကိုသာ တွေ့မြင်နိုင်ရတာကြောင့်ပဲ ဖြစ်ပါတယ်။

- Advertisement -

သြစတေးလျနိုင်ငံ ယှဉ်ပြိုင်မှုနဲ့အသုံးပြုသူဆိုင်ရာ အဖွဲ့အစည်း (Australian Competition and Consumer Commission – ACCC) ရဲ့ ကမ်းလှမ်းချက်ကို လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ Google ကုမ္ပဏီကလည်း ပယ်ချလိုက်ပြီး သတင်းဆောင်းပါးတွေကို ကြေငြာပေးခြင်းအားဖြင့် Google ကုမ္ပဏီဟာ သြစတေးလျဒေါ်လာ ၁၀ သန်းလောက်ကို နှစ်စဉ်ရရှိနေကြောင်း ကြေငြာခဲ့ပါတယ်။

<Unicode Version>

 

 

သတင္းမီဒီယာဝက္ဘ္ဆိုဒ္ေတြနဲ႕ Facebook အၾကား အက်ိဳးအျမတ္ေဝမွ်ခြင့္ဥပေဒအသစ္။

ၾသစေတးလ်ႏိုင္ငံ ယွဥ္ၿပိဳင္မႈနဲ႔အသံုးျပဳသူဆိုင္ရာ အဖြဲ႔အစည္း (Australian Competition and Consumer Commission – ACCC) က လူမႈကြန္ရက္ကုမၸဏီေတြနဲ႔ ပတ္သက္ၿပီး စည္းမ်ဥ္းဥပေဒအသစ္တစ္ခုကို ေၾကျငာခဲ့ပါတယ္။ ၾသစေတးလ်ႏိုင္ငံ အစိုးရအဖြဲ႕က ၾသစေတးလ်ႏိုင္ငံ ယွဥ္ၿပိဳင္မႈနဲ႔အသံုးျပဳသူဆိုင္ရာ အဖြဲ႔အစည္းကို လႈမႈကြန္ရက္ဆက္သြယ္ေရး ကုမၸဏီေတြနဲ႔သက္ဆိုင္တဲ့ သတင္းအခ်က္အလက္ မွ်ေဝမႈဆိုင္ရာ စည္းမ်ဥ္းဥပေဒအသစ္ကို ခ်မွတ္ဖို႔အတြက္ ဖိအားေပးလာတာေၾကာင့္ ျဖစ္ပါတယ္။

ၾသစေတးလ်ႏိုင္ငံ အစိုးရအဖြဲ႕က အခုလိုမ်ိဳး ဖိအားေပးတယ္ဆိုတာကလည္း နည္းပညာကုမၸဏီေတြဟာ သတင္းထုတ္ေဝသူေတြဆီကေန သတင္းေတြကို သူတို႔ရဲ႕လႈမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေဖာ္ျပျခင္းအားျဖင့္ အျမတ္ရေနေပမယ့္ သတင္းဌာနေတြကို ေထာက္ပံ့ေၾကးမေပးတာေၾကာင့္ျဖစ္ေၾကာင္း ဆိုထားပါတယ္။

အဆိုပါ စည္းမ်ဥ္းဥပေဒမွာ ၾသစေတးလ်ႏိုင္ငံအေျခစိုက္ ႏိုင္ငံတကားသတင္းေတြကို ပံုႏွိပ္ထုတ္ေဝတဲ့ သတင္းစာတိုုက္ေတြက ထုတ္ေဝျဖန္႔ခ်ီထားတဲ့ သတင္းအခ်က္အလက္ေတြကို လူမႈကြန္ရက္ဆက္သြယ္ေရး ကုမၸဏီေတြျဖစ္တဲ့ Facebook ကုမၸဏီ နဲ႔ Google ကုမၸဏီတို႔က သက္ဆိုင္ရာ လူမႈကြန္ရက္စာမ်က္ႏွာမွာ  ေဖာ္ျပခ်င္တယ္ဆိုရင္ေတာ့ သတင္းအခ်က္အလက္ေတြကို ထိုက္တန္တဲ့အခေၾကးေငြေပးၿပီး ဝယ္ယူၿပီးမွသာ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ တရားဝင္ ေဖာ္ျပခြင့္ေပးမယ္လို႔ ကမ္းလွမ္းေဖာ္ျပထားပါတယ္။

- Advertisement -

အဆိုပါ ကမ္းလွမ္းခ်က္ကို Facebook ကုမၸဏီက CEO Mark Zuckerberg က ပယ္ခ်လိုက္ပါတယ္။ ACCC အဖြဲ႔အစည္းရဲ႕ ကမ္းလွမ္းခ်က္ကို ပယ္ခ်ရျခင္းအေၾကာင္းကေတာ့ နည္းပညာကုမၸဏီေတြနဲ႔ သတင္းထုတ္ေဝသူေတြၾကားမွာ ေကာင္းမြန္ျပည့္စံုၿပီး ယွဥ္ၿပိဳင္မႈအားေကာင္းတဲ့ ဆက္ႏြယ္မႈုရွိေနဆဲ ျဖစ္တာေၾကာင့္လို႔ Facebook ကုမၸဏီက ဆိုထားပါတယ္။ ဒါ့အျပင္ Facebook ကုမၸဏီဟာ ၾသစေတးလ်ႏိုင္ငံက သတင္းစာတိုက္အခ်ိဳ႕နဲ႔ အလုပ္တြဲလုပ္ေနတာၾကာၿပီျဖစ္ေၾကာင္း ဆိုထားပါေသးတယ္။

အကယ္၍ Facebook ကုမၸဏီနဲ႔ Google ကုမၸဏီဟာ ACCC အဖြဲ႔အစည္းက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းဥပေဒကို မလိုက္နာဘူးဆုိရင္ေတာ့ အခုလက္ရွိမွာ Facebook ကုမၸဏီနဲ႔ Google ကုမၸဏီက လက္တြဲထားတဲ့ ၾသစေတးလ်ႏိုင္ငံ သတင္းစာတုိက္မ်ားနဲ႔ လက္တြဲျဖဳတ္ဖို႔အတြက္ ဖိအားေပးရမယ္လို႔ သတိေပး  ေျပာဆိုလာပါတယ္။

Facebook ကလည္း ၾသစေတးလ်ႏိုင္ငံက သတင္းဌာနေတြနဲ႔ လက္တြဲျဖဳတ္လိုက္ရင္ေတာင္မွ လုပ္ငန္းမွာ ထိခိုက္နစ္နာမႈ အမ်ားအျပား မရွိလာႏိုင္ဘူးလို႔ ဆိုလိုက္ပါတယ္။ ACCC ရဲ႕ သတိေပးမႈကို ယံုၾကည္ခ်က္ရွိရွိ  Facebook က ေထာက္ျပႏိုင္တယ္ဆိုတာကလည္း Facebook အသံုးျပဳသူေတြဟာ သူတို႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ သတင္းေဆာင္းပါး အနည္းအက်ဥ္းကိုသာ ေတြ႔ျမင္ႏိုင္ရတာေၾကာင့္ပဲ ျဖစ္ပါတယ္။

ၾသစေတးလ်ႏိုင္ငံ ယွဥ္ၿပိဳင္မႈနဲ႔အသံုးျပဳသူဆိုင္ရာ အဖြဲ႔အစည္း (Australian Competition and Consumer Commission – ACCC) ရဲ႕ ကမ္းလွမ္းခ်က္ကို လြန္ခဲ့တဲ့ရက္သတၱပတ္အတြင္းမွာ Google ကုမၸဏီကလည္း ပယ္ခ်လိုက္ၿပီး သတင္းေဆာင္းပါးေတြကို ေၾကျငာေပးျခင္းအားျဖင့္ Google ကုမၸဏီဟာ ၾသစေတးလ်ေဒၚလာ ၁၀ သန္းေလာက္ကို ႏွစ္စဥ္ရရွိေနေၾကာင္း ေၾကျငာခဲ့ပါတယ္။

<Zawgyi Version>

Source ~ eandt

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × five =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...