HomeLifeStyleပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ပြုလုပ်ပေးခဲ့တာကြောင့် မမျှော်လင့်ထားတဲ့ ဆုလက်ဆောင်တွေရရှိခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေး။

ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ပြုလုပ်ပေးခဲ့တာကြောင့် မမျှော်လင့်ထားတဲ့ ဆုလက်ဆောင်တွေရရှိခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေး။

- Advertisement -

အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အထက်တန်းကျောင်းသား Antonio Gwynn Jr ဆိုသူဟာ George Floyd သေဆုံးမှုကြောင့် လမ်းပေါ်ထွက်ဆန္ဒပြသူတွေ ပစ်ချသွားတဲ့အမှိုက်တွေကို ပတ်ဝန်းကျင်က လူတွေအားလုံး အိပ်စက်အနားယူနေတဲ့ ညသန်းခေါင်ကျော်အချိန်မှာ ရှင်းလင်းပေးခဲ့ပြီး အခုလိုမျိုး ပတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းလင်းဖို့အတွက် အချိန် ၁၀ နာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

မနက်မိုးလင်းလို့ အိမ်နီးနားချင်းတွေက ၄င်းတို့နေအိမ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ဖို့ ထွက်လာချိန်မှာတော့ သန့်ရှင်းနေတဲ့ဝန်းကျင်ကိုကြည့်ပြီး အံ့သြပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ Antonio ရဲ့လုပ်ရပ်ကို လူတွေက ချီးမွမ်းထောပနာပြုကြမှာဖြစ်ပြီး Antonio အနေနဲ့လည်း ပီတိတွေစားကာ ဝမ်းသာပျော်ရွှင်နေမှာ အမှန်ပဲပေါ့နော်။

- Advertisement -

ဒါပေမယ့် Antonio ရဲ့ စစ်မှန်တဲ့စိတ်သဘောထားနဲ့ ကြင်နာတတ်တဲ့လုပ်ရပ်တွေကို အသိအမှတ်ပြုတဲ့ Matt Block ဆိုသူက အနီရောင် Mustang ကားကို Antonio ကို ဆုလက်ဆောင်အဖြစ် ပေးအပ်လိုက်ပြီး Bob Briceland ကုမ္ပဏီကလည်း Antonio ကို ၁ နှစ်တာ ကားအာမခံပြုပြင်မွမ်းမံခွင့် ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ Buffalo ဒေသမှာရှိတဲ့ Medaille ကောလိပ်ကျောင်းကလည်း Antonio ကို လေးနှစ်တာ ပညာသင်ဆု ပေးအပ်ခဲ့ပါတယ်။

- Advertisement -

Antonio က ပတ်ဝန်းကျင်ကို ရှင်းလင်းပေးရခြင်းအကြောင်းအရင်းနဲ့ ပတ်သက်ပြီး “မနက်မိုးလင်းတဲ့အခါမှာ ဒီပတ်ဝန်းကျင်က လူတွေဟာ ဒီလမ်းတွေပေါ်မှာ သွားလာနေကြမှာပဲလေ။ အဲ့လိုမျိုးသွားလာနေတဲ့အချိန်မှာ လမ်းပေါ်ပြန့်ကျဲနေတဲ့ စိတ်ညစ်ဖွယ်အရှုပ်အပွတွေကြောင့် ကျွန်တော့ရဲ့အိမ်နီးနားချင်းတွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 + nineteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...