WWE လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်တဲ့အပြင် ကမ္ဘာကျော်ဟောလီဝုဒ်မင်းသားကြီး Dwayne Johnson ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စု Minneapolis ဒေသက ရဲအရာရှိတွေအနေနဲ့ ကြီးမားတဲ့ပြစ်မှု ကျူးလွန်ထားခြင်းမရှိတဲ့ လူမည်းအမျိုးသား George Floyd ကို အာဏာသုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ၈မိနစ်ကြာမြင့်တဲ့ ဗီဒီယိုထဲမှာ အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်ဖြစ်သူ Donald Trump ရဲ့ လစ်လျူရှုမှုကို စောင်းမြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။
Dwayne ဟာ ဗီဒီယိုထဲမှာတော့ သမ္မတကြီး Donald Trump ရဲ့နာမည်ကို ထုတ်ဖော်မပြောခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုသားတွေဟာ တရားမျှတစွာ ဆက်ဆံခြင်းမခံရတဲ့ လူမည်းတွေအတွက် တရားမျှတမှုကိုပေးအပ်ပြီး အပြစ်ကင်းစင်တဲ့ လူမည်းအမျိုးသား/အမျိုးသမီးတွေကို ကာကွယ်ပေးမယ့် တရားမျှတပြီး ချစ်ခင်ကြင်နာတတ်တဲ့ နှလုံးသားကိုပိုင်ဆိုင်ထားတဲ့ စစ်မှန်တဲ့ခေါင်းဆောင်ကို လိုအပ်နေကြောင်း ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
Where are you?#normalizeequality#blacklivesmatter pic.twitter.com/Xid3BC4B2n
— Dwayne Johnson (@TheRock) June 4, 2020
ဒါ့အပြင် အဆိုပါဗီဒီယိုထဲမှာ Dwayne က လူမည်းအမျိုးသား/အမျိုးသမီးတွေရဲ့ အသက်ဟာလည်း တန်ဖိုးရှိကြောင်းနဲ့ အသားရောင်မတူညီမှုပေမယ့်လည်း လေးစားစွာဆက်ဆံမှုကို နိုင်ငံသားတိုင်း ရရှိသင့်ကြောင်းကို အခိုင်အမာပြောဆိုခဲ့ပါတယ်။ Dwayne က အဆိုပါဗီဒီယိုထဲမှာတော့ အခုလက်ရှိ အမေရိကန်ပြည်ထောင်စုမှာ စစ်မှန်ပြီးအရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းမရှိနေကြောင်းကို သွယ်ဝိုက်ပြီးပြောခဲ့တာကို မြင်ရပါတယ်။
Dwayne ရဲ့ ရင်ထဲကလာတဲ့ စစ်မှန်တဲ့ခံစားချက်တွေနဲ့ တိုက်တွန်းမှုတွေကို နားထောင်လိုက်ရတဲ့ Dwayne ရဲ့ ပရိသတ်တွေဟာ မကြာခင်မှာကျင်းပတော့မယ့် ၂၀၂၀ ခုနှစ် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ Dwayneကို အားပေးလာခဲ့ကြတာပဲဖြစ်ပါတယ်။ သတင်းထောက်တွေရဲ့ပြောကြားချက်အရ Dwayne ဟာ ၂၀၂ဝခုနှစ် သမ္မတရွေးကောက်ပွဲအတွက် တစ်ကြိုးပေးခံထားရတဲ့ တတိယမြောက် သမ္မတလောင်းကြီးဖြစ်နေပါပြီ။
ဒါပေမယ့် ပရိသတ်တွေက Dwayne သာ ၂၀၂ဝခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် တစ်ခဲနက်အားပေးမည်ဖြစ်ကြောင်း ပြောဆိုထားကြတာနဲ့ ပတ်သက်ပြီး Dwayne က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
<Unicode Version>
သမ္မတရွေးကောက်ပွဲအတွက် ပရိသတ်တွေရဲ့အားပေးမှု အပြည့်အဝရရှိနေပြီဖြစ်တဲ့ Dwayne Johnson
<Zawgyi Version>
Source ~ Elitereaders
#SY(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare