HomeLifeStyleအရှေ့တောင်အာရှဒေရှိ အပန်းဖြေစခန်းတွေကို ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ဟိုတယ်လုပ်ငန်းစုကြီးတစ်ခု။
အရှေ့တောင်အာရှဒေရှိ အပန်းဖြေစခန်းတွေကို ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ဟိုတယ်လုပ်ငန်းစုကြီးတစ်ခု။
- Advertisement -
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပေါ်လာတဲ့ Covid-19 ရောဂါဟာ အချိန်တိုအတွင်းမှာပဲ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပါတယ်။ ၂၀၂ဝခုနှစ် ဧပြီလအထိ ကမ္ဘာတစ်ဝှမ်း  ရောဂါပိုးကူးစက်ခံရသူတွေအမြောက်အမြားရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးသူတွေလည်း အများအပြား ရှိနေခဲ့ပါတယ်။  အခုချိန်အထိလည်း  ရောဂါပိုးကူးစက်ခံရသူတွေရှိနေဆဲဖြစ်ပြီး  သေဆုံးသူတွေလည်း တစ်နေ့တစ်ခြား တိုးပွားလျက်ရှိပါတယ်။
ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းက စီးပွားရေးလုပ်ငန်းတွေဟာလည်း ယာယီရပ်တန့်ထားခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝှမ်းမှာ စီးပွားရေးကျဆင်းမှုတွေနဲ့  ကုန်စည်စီးဆင်းမှု  နှေးကွေးခြင်းတွေ ကြုံတွေ့လာရပါတယ်။ ရောဂါပျံ့နှံ့မှုကို တတ်နိုင်သမျှ  အမြန်ဆုံးလျှော့ချနိုင်ဖို့အတွက်   အိမ်ထဲကနေ အိမ်အပြင်သို့ အကြောင်းရင်းမရှိဘဲ ထွက်ခြင်းကို ထိရောက်စွာ ပိတ်ပင်တားမြစ်နိုင်ခဲ့တာကြောင့်  ရောဂါကူးစက်ခံရသူဦးရေက နည်းပါးလာပါတယ်။
နိုင်ငံအတွင်းလုပ်ငန်းတွေကို ရပ်တန့်ထားမယ်ဆိုရင် စီးပွါးရေးကျဆင်းမှုကို ကြုံတွေ့ရနိုင်တာကြောင့်  နိုင်ငံတကာက ခေါင်းဆောင်တွေက လုပ်ငန်းတွေကို  ပုံမှန်အတိုင်းမဟုတ်ရင်တောင်  တစ်ဖန်ပြန်လည်ပတ်နိုင်ဖို့အတွက် စနစ်ကျပြီး စိတ်ချလုံခြုံတဲ့ ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေ  ပြုလုပ်နိုင်သူတွေကိုသာ အိမ်အပြင်သို့ထွက်ပြီး လုပ်ငန်းခွင်သို့  ဝင်ရောက်နိုင်ဖို့အတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။
- Advertisement -
အရှေ့တောင်အာရှတစ်ခွင်မှာ နာမည်ကြီးအပန်းဖြေစခန်းတွေကို ဖွင့်လှစ်ထားတဲ့ ဟိုတယ်လုပ်ငန်းဖြစ်တဲ့ Aman ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အရှေ့တောင်အာရှမှာ ဖွင့်လှစ်ထားတဲ့ အဆင့်မြင့်ဇိမ်ခံဟိုတယ်တွေမှာ ခရီးသွားတွေ လာရောက်နေထိုင်နိုင်ဖို့အတွက် စိတ်ချရပြီးစနစ်ကျတဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ထည့်သွင်းထားပြီဖြစ်ကြောင်း ကြေငြာပြောဆိုခဲ့ပါတယ်။
- Advertisement -
Aman ဟိုတယ်လုပ်ငန်းဟာ အာရှတစ်ခွင်မှာ အပန်းဖြေစခန်းနဲ့ အခြားသော  လူနေအဆောက်အအုံပေါင်း ၂၁ ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ Phuket က Amanpuri အပန်းဖြေစခန်းကို ဇူလိုင်လ ၁ရက်နေ့ ၊  ဖိလစ်ပိုင်နိုင်ငံက Amanpulo အပန်းဖြေစခန်းကို ဇွ န်လ ၂၆ရက်နေ့နဲ့ အင်ဒိုုနီးရှားနိုင်ငံက အပန်းဖြေစခန်း ၅ ခုကို ဇွန်လ ၁၉ရက် – သြဂုတ်လ ၁ရက်နေ့အတွင်းမှာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံက Amanoi အပန်းဖြေစခန်းနဲ့ Cambodia နိုင်ငံက Amansara အပန်းဖြေစခန်းတွေကိုတော့  ရောဂါစတင်ပျံ့နှံ့တဲ့အချိန်ကတည်းက မပိတ်ထားခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာရှိတဲ့  အပန်းဖြေစခန်း ၄ ခုကိုတော့ ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ဆိုထားပါတယ်။
<Unicode Version>
- Advertisement -
<Zawgyi Version>
Source ~ Dotproperty
#SY(Soshwe)
#soshweproperty
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
10 + three =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...