HomeSportယူနိုက်တက်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ရဲ့ မွန်မြတ်တဲ့လုပ်ရပ်။

ယူနိုက်တက်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ရဲ့ မွန်မြတ်တဲ့လုပ်ရပ်။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သူရပ်ရှ်ဖို့ဒ်သည် နွေရာသီကျောင်းပိတ်ရက်ကာလ၌ အစားအသောက်လိုအပ်ချက်ရှိနေသည့် မိသားစုများနဲ့ကလေးငယ်များကိုထောက်ပံ့သည့်အစီအစဉ်အား ရပ်တန့်ခြင်းမပြုရန် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ထံ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပေးပို့ခဲ့ရာ လက်ရှိအချိန်၌ ရပ်ရှ်ဖို့ဒ်ရဲ့အကြံပြုချက်ကို ဝန်ကြီးချုပ်မှလက်ခံလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ရပ်ရှ်ဖို့ဒ်သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း၌လည်း Fareshare UK ဟုအမည်ရသည့် ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ပူးပေါင်းကာ ပရိသတ်များထံမှအလှူခံရရှိငွေ ပေါင်သန်း (၂၀) ကို ဗြိတိန်ဒေသတွင်း၌ အစားအသောက်လိုအပ်ချက်ရှိနေသည့် ကလေးငယ်များထံ အစားအသောက်များလှူဒါန်းခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ထံရေးသားပေးပို့ခဲ့သည့်စာအတွင်း၌ ရပ်ရှ်ဖို့ဒ်က “ပြီးခဲ့တဲ့နှစ်အတွင်းက ဗြိတိန်မှာရှိတဲ့ ဘယ်စာသင်ခန်းမှာမဆို ကလေးအယောက် (၃၀) ရှိရင် (၉) ယောက်လောက်က ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။” ဟု အဓိကရေးသားဖော်ပြခဲ့ပြီး အကယ်၍သာ သူ့ရဲ့တောင်းဆိုချက်ကို ခွင့်မပြုခဲ့ပါက အရှုံးပေးသွားမည်မဟုတ်ကြောင်းလည်း ရေးသားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ ယခုကဲ့သို့တောင်းဆိုချက်ကို လွှတ်တော်အမတ်များနဲ့ပြည်သူလူထုက ဝိုင်းဝန်းထောက်ခံပေးခဲ့ကြပြီး လက်ရှိအချိန်၌မူ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ပေါင်သန်း (၁၂၀) အသုံးပြုကာ အစားအသောက်လိုအပ်ချက်ရှိနေသည့် မိသားစုများနဲ့ ကလေးငယ်များကို အစားအသောက်များ အခမဲ့ပြန်လည်ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

- Advertisement -

ယူႏိုက္တက္တိုက္စစ္မွဴးရပ္ရွ္ဖို႔ဒ္ရဲ႕ မြန္ျမတ္တဲ့လုပ္ရပ္။

ယူႏိုက္တက္အသင္းရဲ႕ အဓိကတုိက္စစ္မွဴးတစ္ဦးျဖစ္သူရပ္ရွ္ဖို႔ဒ္သည္ ေႏြရာသီေက်ာင္းပိတ္ရက္ကာလ၌ အစားအေသာက္လိုအပ္ခ်က္ရွိေနသည့္ မိသားစုမ်ားနဲ႔ကေလးငယ္မ်ားကိုေထာက္ပံ့သည့္အစီအစဥ္အား ရပ္တန္႔ျခင္းမျပဳရန္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ထံ အိတ္ဖြင့္ေပးစာတစ္ေစာင္ ေရးသားေပးပို႔ခဲ့ရာ လက္ရွိအခ်ိန္၌ ရပ္ရွ္ဖို႔ဒ္ရဲ႕အႀကံျပဳခ်က္ကို ဝန္ႀကီးခ်ဳပ္မွလက္ခံလုိက္ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ ရပ္ရွ္ဖို႔ဒ္သည္ ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္း၌လည္း Fareshare UK ဟုအမည္ရသည့္ ေငြေၾကးရန္ပံုေငြအဖဲြ႕နဲ႔ ပူးေပါင္းကာ ပရိသတ္မ်ားထံမွအလွဴခံရရွိေငြ ေပါင္သန္း (၂၀) ကို ၿဗိတိန္ေဒသတြင္း၌ အစားအေသာက္လိုအပ္ခ်က္ရွိေနသည့္ ကေလးငယ္မ်ားထံ အစားအေသာက္မ်ားလွဴဒါန္းခဲ့ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ထံေရးသားေပးပို႔ခဲ့သည့္စာအတြင္း၌ ရပ္ရွ္ဖို႔ဒ္က “ၿပီးခဲ့တဲ့ႏွစ္အတြင္းက ၿဗိတိန္မွာရွိတဲ့ ဘယ္စာသင္ခန္းမွာမဆို ကေလးအေယာက္ (၃၀) ရွိရင္ (၉) ေယာက္ေလာက္က ဆင္းရဲမဲြေတမႈနဲ႔ ရင္ဆုိင္ခဲ့ရတာပါ။” ဟု အဓိကေရးသားေဖာ္ျပခဲ့ၿပီး အကယ္၍သာ သူ႔ရဲ႕ေတာင္းဆိုခ်က္ကို ခြင့္မျပဳခဲ့ပါက အရံႈးေပးသြားမည္မဟုတ္ေၾကာင္းလည္း ေရးသားခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ရဲ႕ ယခုကဲ့သို႔ေတာင္းဆိုခ်က္ကို လႊတ္ေတာ္အမတ္မ်ားနဲ႔ျပည္သူလူထုက ဝုိင္းဝန္းေထာက္ခံေပးခဲ့ၾကၿပီး လက္ရွိအခ်ိန္၌မူ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က ေပါင္သန္း (၁၂၀) အသံုးျပဳကာ အစားအေသာက္လိုအပ္ခ်က္ရွိေနသည့္ မိသားစုမ်ားနဲ႔ ကေလးငယ္မ်ားကို အစားအေသာက္မ်ား အခမဲ့ျပန္လည္ေကြ်းေမြးသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Mirror

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read