HomeOtherဗြိတိန်ကိုခြိ်မ်းခြောက်လိုက်သည့် တရုတ်နိုင်ငံ။

ဗြိတိန်ကိုခြိ်မ်းခြောက်လိုက်သည့် တရုတ်နိုင်ငံ။

- Advertisement -

ဗြိတိန်အနေဖြင့် ဟောင်ကောင်အရေး၌သတ်မှတ်ထားသည့်စည်းကို ကျော်လွန်လာမည်ဆိုပါက ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သတိပေးခြိမ်းခြောက်လိုက်ပါတယ်။  ဟောင်ကောင်ဒေသတွင်း ချမှတ်ထားသည့် ဥပဒေများကို တရုတ်ခေါင်းဆောင်များက ဝင်ရောက်စွက်ဖက်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဟောင်ကောင်လုံခြုံရေးနဲ့ပတ်သက်၍ အမေရိကန်၊ ဗြိတိန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုများဖြစ်ပွားလျက်ရှိပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က တရုတ်နိုင်ငံအနေဖြင့်  ဟောင်ကောင်အုပ်ချုပ်ရေးနဲ့ပက်သက်ပြီး လွှမ်းမိုးခြယ်လှယ်မည့်ဥပဒေကို အတည်ပြုပြဌာန်းလိုက်မည်ဆိုပါက ဟောင်ကောင်နိုင်ငံသား (၃) သန်းနီးပါးကို ဗြိတိန်မှ တံခါးဖွင့်ကြိုဆိုနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ The Times သတင်းစာ၌ ဖော်ပြချက်အရ Boris Johnson အနေဖြင့် ဟောင်ကောင်နိုင်ငံသား (၂.၈၅) သန်းကို ဗြိတိန်နိုင်ငံသားအဖြစ် အပြည့်အဝ လက်ခံပေးသွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းက ဗြိတိန်နိုင်ငံရဲ့ပြည်ဝင်ခွင့်သမိုင်း၌ အကြီးမားဆုံးအပြောင်းအလဲဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

- Advertisement -

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ဗြိတိန်အနေဖြင့် သူတို့ရဲ့ဦးတည်ချက်ကိုမပြောင်းလဲပါက စီးပွားရေးကို အကြီးအကျယ်ထိခိုက်နိုင်ကြောင်း တန်ပြန်သတိပေးပြောကြားခဲ့ပါတယ်။ ယခုသတိပေးချက်က HSBC နဲ့ ဗြိတိန်ရှိနျူကလီးယားစက်ရုံများ၌ တရုတ်တို့ရဲ့ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်စေနိုင်ကြောင်းလည်း ခန့်မှန်းမှုများ ရှိနေပါတယ်။ ဗြိတိန်ရှိ တရုတ်သံအမတ် Liu Xiaoming က “အချို့သော ဗြိတိန်နိုင်ငံရေးသမားတွေက စစ်အေးတိုက်ပွဲတွေ၊ ကိုလိုနီစိတ်ဓာတ်တွေကို လိုလားနေကြတုန်းပါ။  နောက်ပြီးသူတို့က  ဟောင်ကောင်ကို တရုတ်လက်အောက်ခံဖြစ်ဖို့အတွက် ငြင်းဆန်နေကြပါတယ်။” ဟုပြောကြားခဲ့ပါတယ်။

- Advertisement -

တရုတ်ရဲ့လုပ်ရပ်များကြောင့် တရုတ်နိုင်ငံနဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျတို့အပါအဝင် အခြားသောနိုင်ငံများအကြား၌ တင်းမာမှုများဖြစ်ပေါ်လျက်ရှိနေပါတယ်။ တရုတ်တို့ရဲ့ ယခုလုပ်ရပ်သည် ဗြိတိန်နဲ့တရုတ်နိုင်ငံတို့အကြား တရားဝင်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးထံတိုင်ကြားသွားရန် စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

ၿဗိတိန္ကိုၿခိ္မ္းေျခာက္လုိက္သည့္ တရုတ္ႏုိင္ငံ။

ၿဗိတိန္အေနျဖင့္ ေဟာင္ေကာင္အေရး၌သတ္မွတ္ထားသည့္စည္းကို ေက်ာ္လြန္လာမည္ဆုိပါက ျပန္လည္တံု႔ျပန္သြားမည္ျဖစ္ေၾကာင္း တရုတ္ႏိုင္ငံက သတိေပးၿခိမ္းေျခာက္လိုက္ပါတယ္။  ေဟာင္ေကာင္ေဒသတြင္း ခ်မွတ္ထားသည့္ ဥပေဒမ်ားကို တရုတ္ေခါင္းေဆာင္မ်ားက ဝင္ေရာက္စြက္ဖက္ရန္ ျပင္ဆင္ေနျခင္းျဖစ္ၿပီး ေဟာင္ေကာင္လံုၿခံဳေရးနဲ႔ပတ္သက္၍ အေမရိကန္၊ ၿဗိတိန္နဲ႔ တရုတ္ႏုိင္ငံတို႔အၾကား တင္းမာမႈမ်ားျဖစ္ပြားလ်က္ရွိပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က တရုတ္ႏုိင္ငံအေနျဖင့္  ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးနဲ႕ပက္သက္ၿပီး လႊမ္းမုိးျခယ္လွယ္မည့္ဥပေဒကို အတည္ျပဳျပဌာန္းလိုက္မည္ဆိုပါက ေဟာင္ေကာင္ႏိုင္ငံသား (၃) သန္းနီးပါးကို ၿဗိတိန္မွ တံခါးဖြင့္ႀကိဳဆုိေနမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ The Times သတင္းစာ၌ ေဖာ္ျပခ်က္အရ Boris Johnson အေနျဖင့္ ေဟာင္ေကာင္ႏိုင္ငံသား (၂.၈၅) သန္းကို ၿဗိတိန္ႏိုင္ငံသားအျဖစ္ အျပည့္အဝ လက္ခံေပးသြားမည္ျဖစ္ၿပီး ထိုသို႔ျပဳလုပ္ျခင္းက ၿဗိတိန္ႏိုင္ငံရဲ႕ျပည္ဝင္ခြင့္သမုိင္း၌ အႀကီးမားဆံုးအေျပာင္းအလဲျဖစ္လာႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

- Advertisement -

တရုတ္ကြန္ျမဴနစ္ပါတီ (CCP) က ၿဗိတိန္အေနျဖင့္ သူတုိ႔ရဲ႕ဦးတည္ခ်က္ကိုမေျပာင္းလဲပါက စီးပြားေရးကို အႀကီးအက်ယ္ထိခိုက္ႏုိင္ေၾကာင္း တန္ျပန္သတိေပးေျပာၾကားခဲ့ပါတယ္။ ယခုသတိေပးခ်က္က HSBC နဲ႔ ၿဗိတိန္ရွိႏ်ဴကလီးယားစက္ရံုမ်ား၌ တရုတ္တို႔ရဲ႕ရင္းႏွီးျမွဳပ္ႏွံမႈမ်ားကို ထိခိုက္ေစႏုိင္ေၾကာင္းလည္း ခန္႔မွန္းမႈမ်ား ရွိေနပါတယ္။ ၿဗိတိန္ရွိ တရုတ္သံအမတ္ Liu Xiaoming က “အခ်ိဳ႕ေသာ ၿဗိတိန္ႏုိင္ငံေရးသမားေတြက စစ္ေအးတုိက္ပဲြေတြ၊ ကိုလိုနီစိတ္ဓာတ္ေတြကို လိုလားေနၾကတုန္းပါ။  ေနာက္ၿပီးသူတို႔က  ေဟာင္ေကာင္ကုိ တရုတ္လက္ေအာက္ခံျဖစ္ဖို႔အတြက္ ျငင္းဆန္ေနၾကပါတယ္။” ဟုေျပာၾကားခဲ့ပါတယ္။

တရုတ္ရဲ႕လုပ္ရပ္မ်ားေၾကာင့္ တရုတ္ႏုိင္ငံနဲ႔ အေမရိကန္၊ ၿဗိတိန္၊ ၾသစေၾတးလ်တုိ႔အပါအဝင္ အျခားေသာႏိုင္ငံမ်ားအၾကား၌ တင္းမာမႈမ်ားျဖစ္ေပၚလ်က္ရွိေနပါတယ္။ တရုတ္တို႔ရဲ႕ ယခုလုပ္ရပ္သည္ ၿဗိတိန္နဲ႔တရုတ္ႏုိင္ငံတို႔အၾကား တရားဝင္ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ်ိဳးေဖာက္ျခင္းျဖစ္ၿပီး ကုလသမဂၢရဲ႕ အေထြေထြအတြင္းေရးမွဴးထံတိုင္ၾကားသြားရန္ စီစဥ္ထားေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Mirror

#HM(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty + sixteen =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...