HomeEntertainmentပုရိသတို့အသည်းစွဲ Megan Fox ရဲ့ အချစ်ဇာတ်လမ်းအသစ်။

ပုရိသတို့အသည်းစွဲ Megan Fox ရဲ့ အချစ်ဇာတ်လမ်းအသစ်။

- Advertisement -

Megan Fox သည် Brian Austin Green နဲ့ပြတ်စဲခဲ့ပြီးနောက် Machine Gun Kelly နဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဆက်လက်ရေးဖွဲ့နေကြောင်း သိရှိရပါတယ်။ အသက် (၃၄) နှစ်အရွယ် Megan နဲ့ အသက် (၄၆) နှစ်အရွယ် Brian တို့ နှစ်ဦးရဲ့ (၁၀) နှစ်နီးပါးကြာမြင့်လာခဲ့သည့် အိမ်ထောင်ရေးက ပြတ်စဲသွားခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာထားပြီးပြီဖြစ်ပါတယ်။

- Advertisement -

Megan အနေဖြင့် Machine Gun Kelly နဲ့ဖောက်ပြန်နေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပေမယ့် Megan ရဲ့ ခင်ပွန်းဟောင်း Brian က ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်အနည်းငယ်အကြာတွင် Los Angeles မြို့ရှိဘားတစ်ခု၌ တစ်ဦးနဲ့တစ်ဦးကြင်နာနေကြသည့် Megan နဲ့ Machine Gun Kelly တို့နှစ်ဦးရဲ့ပုံရိပ်များက မီဒီယာစာမျက်နှာများပေါ်၌ ဖော်ပြခံလာရပါတယ်။ သူတို့နှစ်ဦးလုံးသည် အများပြည်သူပိုင်နေရာ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ထားခြင်းမရှိဘဲ သက်ဆိုင်ရာမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

- Advertisement -

သတင်းရင်းမြစ်တစ်ဦးက US Weekly နဲ့ တွေ့ဆုံရာ၌ “Megan နဲ့ Brian တို့နှစ်ဦးပြတ်စဲသွားပြီးနောက်ပိုင်း MGK နဲ့ Megan တို့နှစ်ဦးအကြား ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့် Megan နဲ့ Brian တို့နှစ်ယောက်က လုံးဝအပြီးတိုင်ပြတ်စဲသွားတာမျိုးတော့ မဟုတ်သေးပါဘူး။” ဟု ပြောကြားခဲ့ပါတယ်။ Brian ကမူ Megan နဲ့ အိမ်ထောင်ရေးပြိုကွဲသွားရသည့်အကြောင်းရင်းက Megan ရဲ့  ဖောက်ပြန်မှုကြောင့်မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ Brain က “ကျွန်တော် MGK ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့ Megan က သူ့အကြောင်းကို ပြောဖူးပြီး သူတို့နှစ်ယောက်က သူငယ်ချင်းတွေပါ။ MGK က လူကောင်းတစ်ယောက်ဖြစ်တယ်လို့ Megan က ပြောခဲ့ပြီး ကျွန်တော်သူ့ရဲ့ ဒီလိုမျိုးဆုံးဖြတ်မှုအပေါ် ယုံကြည်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ Megan က အဲ့ဒီနေရာမှာ အင်မတန်တော်လို့ပါ။” ဟု ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

Brian သည် လက်ရှိအချိန်အထိ Megan နဲ့ MGK တို့နှစ်ဦးကို အကာအကွယ်ပေးနေဆဲဖြစ်သကဲ့သို့ Megan နဲ့ မိမိအကြား၌လည်း ကောင်းမွန်သည့်ဆက်ဆံရေးများရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ Brian က “ကျွန်တော်တို့နှစ်ယောက်အကြားမှာ အံ့အားသင့်စရာကောင်းတဲ့ဆက်ဆံရေးကောင်းတွေရှိခဲ့ပြီး ကျွန်တော် Megan ကို အမြဲတမ်းဆက်ချစ်သွားမှာဖြစ်သလို သူလည်း ကျွန်တော့်ကိုထာဝရချစ်သွားမယ်ဆိုတာ ကျွန်တော်သိပါတယ်။” ဟုပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

ပုရိသတို႕အသည္းစြဲ Megan Fox ရဲ႕ အခ်စ္ဇာတ္လမ္းအသစ္။

Megan Fox သည္ Brian Austin Green နဲ႔ျပတ္စဲခဲ့ၿပီးေနာက္ Machine Gun Kelly နဲ႔ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ကို ဆက္လက္ေရးဖဲြ႕ေနေၾကာင္း သိရွိရပါတယ္။ အသက္ (၃၄) ႏွစ္အရြယ္ Megan နဲ႔ အသက္ (၄၆) ႏွစ္အရြယ္ Brian တို႔ ႏွစ္ဦးရဲ႕ (၁၀) ႏွစ္နီးပါးၾကာျမင့္လာခဲ့သည့္ အိမ္ေထာင္ေရးက ျပတ္စဲသြားခဲ့ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာထားၿပီးၿပီျဖစ္ပါတယ္။

Megan အေနျဖင့္ Machine Gun Kelly နဲ႔ေဖာက္ျပန္ေနေၾကာင္း ေကာလာဟလသတင္းမ်ား ထြက္ေပၚခဲ့ေပမယ့္ Megan ရဲ႕ ခင္ပြန္းေဟာင္း Brian က ျငင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ ရက္သတၱပတ္အနည္းငယ္အၾကာတြင္ Los Angeles ၿမိဳ႕ရွိဘားတစ္ခု၌ တစ္ဦးနဲ႔တစ္ဦးၾကင္နာေနၾကသည့္ Megan နဲ႔ Machine Gun Kelly တို႔ႏွစ္ဦးရဲ႕ပံုရိပ္မ်ားက မီဒီယာစာမ်က္ႏွာမ်ားေပၚ၌ ေဖာ္ျပခံလာရပါတယ္။ သူတုိ႔ႏွစ္ဦးလံုးသည္ အမ်ားျပည္သူပိုင္ေနရာ၌ ကိုရိုနာဗုိင္းရပ္စ္ကာကြယ္ေရးအတြက္ ႏွာေခါင္းစည္းမ်ား တပ္ဆင္ထားျခင္းမရွိဘဲ သက္ဆုိင္ရာမွခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လ်စ္လ်ဴရႈခဲ့ေၾကာင္း သိရွိရပါတယ္။

သတင္းရင္းျမစ္တစ္ဦးက US Weekly နဲ႔ ေတြ႕ဆံုရာ၌ “Megan နဲ႔ Brian တို႔ႏွစ္ဦးျပတ္စဲသြားၿပီးေနာက္ပိုင္း MGK နဲ႔ Megan တို႔ႏွစ္ဦးအၾကား ရင္းႏွီးတဲ့ဆက္ဆံေရးေတြရွိလာခဲ့ပါတယ္။ ဒါေပမယ့္ Megan နဲ႔ Brian တို႔ႏွစ္ေယာက္က လံုးဝအၿပီးတုိင္ျပတ္စဲသြားတာမ်ိဳးေတာ့ မဟုတ္ေသးပါဘူး။” ဟု ေျပာၾကားခဲ့ပါတယ္။ Brian ကမူ Megan နဲ႔ အိမ္ေထာင္ေရးၿပိဳကဲြသြားရသည့္အေၾကာင္းရင္းက Megan ရဲ႕  ေဖာက္ျပန္မႈေၾကာင့္မဟုတ္ေၾကာင္း ျငင္းဆန္ခဲ့ပါတယ္။ Brain က “ကြ်န္ေတာ္ MGK ကို တစ္ခါမွ မျမင္ေတြ႕ခဲ့ဖူးပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္နဲ႔ Megan က သူ႔အေၾကာင္းကို ေျပာဖူးၿပီး သူတုိ႔ႏွစ္ေယာက္က သူငယ္ခ်င္းေတြပါ။ MGK က လူေကာင္းတစ္ေယာက္ျဖစ္တယ္လို႔ Megan က ေျပာခဲ့ၿပီး ကြ်န္ေတာ္သူ႔ရဲ႕ ဒီလိုမ်ိဳးဆံုးျဖတ္မႈအေပၚ ယံုၾကည္မႈရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ Megan က အဲ့ဒီေနရာမွာ အင္မတန္ေတာ္လို႔ပါ။” ဟု ေျပာၾကားခဲ့ေၾကာင္းသိရွိရပါတယ္။

Brian သည္ လက္ရွိအခ်ိန္အထိ Megan နဲ႔ MGK တုိ႔ႏွစ္ဦးကို အကာအကြယ္ေပးေနဆဲျဖစ္သကဲ့သို႔ Megan နဲ႔ မိမိအၾကား၌လည္း ေကာင္းမြန္သည့္ဆက္ဆံေရးမ်ားရွိခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ Brian က “ကြ်န္ေတာ္တို႔ႏွစ္ေယာက္အၾကားမွာ အံ့အားသင့္စရာေကာင္းတဲ့ဆက္ဆံေရးေကာင္းေတြရွိခဲ့ၿပီး ကြ်န္ေတာ္ Megan ကို အၿမဲတမ္းဆက္ခ်စ္သြားမွာျဖစ္သလို သူလည္း ကြ်န္ေတာ့္ကိုထာဝရခ်စ္သြားမယ္ဆိုတာ ကြ်န္ေတာ္သိပါတယ္။” ဟုေျပာၾကားခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ Mirror News

#HM(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read