HomeBanking & Financeမလေးရှားနိုင်ငံအခြေစိုက် Curlec ၌ ရင်းနှီးမြှုပ်နှံတော့မည့် ကုမ္ပဏီကြီးတစ်ခု။

မလေးရှားနိုင်ငံအခြေစိုက် Curlec ၌ ရင်းနှီးမြှုပ်နှံတော့မည့် ကုမ္ပဏီကြီးတစ်ခု။

- Advertisement -

VENTURE capital firm တစ်ခုဖြစ်သည့် 500 Startups သည် မလေးရှားနိုင်ငံအခြေစိုက် Curlec ၌ ရင်းနှီးမြှုပ်နှံခဲ့ပြီး Curlec သည် ဒေသတွင်းစီးပွားရေုးလုပ်ငန်းများတိုးတက်စေရန်အတွက် စီမံကိန်းအသစ်များကို  ရေးဆွဲထားကြောင်း သိရှိရပါတယ်။ အဆိုပါစီမံကိန်းအသစ်ကို ထုတ်ကုန်ဖွံ့ဖြိုးမှု၊ ဗျူဟာမြောက်အစီအစဉ်များနဲ့ စျေးကွက်ချဲ့ထွင်မှုများမှတစ်ဆင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က 500 Startups နဲ့ Curlec တို့ တွဲဖက်ထုတ်ပြန်သည့်ကြေညာချက်အရသိရှိရပါတယ်။

Curlec ကို ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်၌ Zac Liew နဲ့ Steve Kucia တို့နှစ်ဦးက တွဲဖက်တည်ထောင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများရဲ့ ထပ်တလဲလဲငွေပေးချေမှုများနဲ့ငွေကြေးစီးဆင်းမှုထိန်းချုပ်ရေးလုပ်ငန်းများကို အကူအညီပေးရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ Curlec သည် ဘဏ်မှတစ်ဆင့် တိုက်ရိုက်ငွေပေးချေနိုင်သည့် နည်းပညာကိုအခြေပြုတည်ထောင်ထားပြီး အဆိုပါစနစ်သည် တစ်ချိန်က  ကော်ပိုရေးရှင်းကြီးများသာ အသုံးပြုနိုင်သည့်စနစ်တစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိအချိန်၌မူ Curlec က AXA Affin၊ Axiata နဲ့ Stashaway တို့ကဲ့သို့ ကုမ္ပဏီများအပါအဝင် အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်ပါ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ Curlec အနေဖြင့် စတင်မိတ်ဆက်သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ဒေါ်လာ (၈၁.၅) သန်းကျော်ကို စီမံခန့်ခွဲပေးနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။ တည်ထောင်သူတစ်ဦးပင်ဖြစ်သည့် Mr. Liew က မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown စည်းမျဉ်းစည်းကမ်းများချမှတ်ခဲ့ရပေမယ့် ယခုနှစ်အတွင်း   ငွေပေးငွေယူပြုလုပ်နှုန်းက (၂၀) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆိုပါအချက်က သမာရိုးကျစီးပွားရေးလုပ်ငန်းအများအပြား အွန်လိုင်းပေါ်သို့တက်ရောက်လာပြီဆိုသည်ကို သက်သေပြနေသည့် အချက်လည်းဖြစ်ပါတယ်။

စျေးကွက်ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်နဲ့အမျှ စီးပွားရေးလုပ်ငန်းများ၌ Curlec ရဲ့ ရင်းနှီးမြှုပ်နှံမှုများက ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်းလည်း Mr. Liew က ထပ်လောင်းပြောကြားခဲ့ပါတယ်။ 500 Startups ရဲ့ မန်နေးဂျင်းပါတနာတစ်ဦးဖြစ်သူ Khailee Ng ကလည်း ယခုအခွင့်အရေးက Curlec အတွက် လုပ်ငန်းပိုမိုတိုးချဲ့နိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

- Advertisement -

ယခုကဲ့သို့ရင်းနှီးမြှုပ်နှံမှုသည် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများနဲ့ပတ်သက်၍ မလေးရှားနဲ့ အခြားသောအာဆီယံနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများရင်ဆိုင်နေရသည့် အခက်အခဲများ၊ ပြဿနာများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ဖြေရှင်းနိုင်ရေးအတွက် အစိုးရများအကြားပူးပေါင်းဆွေးနွေးနေစဉ်၌ အမှတ်မထင်  ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 

 

 

မေလးရွားႏိုင္ငံအေျခစိုက္ Curlec ၌ ရင္းႏွီးျမွဳပ္ႏွံေတာ့မည့္ ကုမၸဏီႀကီးတစ္ခု။

VENTURE capital firm တစ္ခုျဖစ္သည့္ 500 Startups သည္ မေလးရွားႏုိင္ငံအေျခစိုက္ Curlec ၌ ရင္းႏွီးျမွဳပ္ႏွံခဲ့ၿပီး Curlec သည္ ေဒသတြင္းစီးပြားေရးုလုပ္ငန္းမ်ားတိုးတက္ေစရန္အတြက္ စီမံကိန္းအသစ္မ်ားကို  ေရးဆဲြထားေၾကာင္း သိရွိရပါတယ္။ အဆိုပါစီမံကိန္းအသစ္ကို ထုတ္ကုန္ဖြံ႕ၿဖိဳးမႈ၊ ဗ်ဴဟာေျမာက္အစီအစဥ္မ်ားနဲ႔ ေစ်းကြက္ခ်ဲ႕ထြင္မႈမ်ားမွတစ္ဆင့္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ တနလၤာေန႔က 500 Startups နဲ႔ Curlec တုိ႔ တြဲဖက္ထုတ္ျပန္သည့္ေၾကညာခ်က္အရသိရွိရပါတယ္။

Curlec ကို ၿပီးခဲ့သည့္ (၂၀၁၈) ခုႏွစ္၌ Zac Liew နဲ႔ Steve Kucia တို႔ႏွစ္ဦးက တဲြဖက္တည္ေထာင္ခဲ့ၿပီး စီးပြားေရးလုပ္ငန္းမ်ားရဲ႕ ထပ္တလဲလဲေငြေပးေခ်မႈမ်ားနဲ႔ေငြေၾကးစီးဆင္းမႈထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အကူအညီေပးရန္ ရည္ရြယ္တည္ေထာင္ခဲ့ျခင္းျဖစ္ပါတယ္။ Curlec သည္ ဘဏ္မွတစ္ဆင့္ တိုက္ရိုက္ေငြေပးေခ်ႏုိင္သည့္ နည္းပညာကိုအေျချပဳတည္ေထာင္ထားၿပီး အဆိုပါစနစ္သည္ တစ္ခ်ိန္က  ေကာ္ပိုေရးရွင္းႀကီးမ်ားသာ အသံုးျပဳႏုိင္သည့္စနစ္တစ္ခုလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌မူ Curlec က AXA Affin၊ Axiata နဲ႔ Stashaway တို႔က့ဲသို႔ ကုမၸဏီမ်ားအပါအဝင္ အေသးစားနဲ႔ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအတြက္ပါ ဝန္ေဆာင္မႈေပးလ်က္ရွိပါတယ္။ Curlec အေနျဖင့္ စတင္မိတ္ဆက္သည့္အခ်ိန္မွစ၍ လက္ရွိအခ်ိန္အထိ ေဒၚလာ (၈၁.၅) သန္းေက်ာ္ကုိ စီမံခန္႔ခဲြေပးႏိုင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။ တည္ေထာင္သူတစ္ဦးပင္ျဖစ္သည့္ Mr. Liew က မေလးရွားႏုိင္ငံ၌ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ Lockdown စည္းမ်ဥ္းစည္းကမ္းမ်ားခ်မွတ္ခဲ့ရေပမယ့္ ယခုႏွစ္အတြင္း   ေငြေပးေငြယူျပဳလုပ္ႏႈန္းက (၂၀) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ေၾကာင္း ေျပာၾကားခဲ့ၿပီး အဆုိပါအခ်က္က သမာရိုးက်စီးပြားေရးလုပ္ငန္းအမ်ားအျပား အြန္လိုင္းေပၚသို႔တက္ေရာက္လာၿပီဆိုသည္ကို သက္ေသျပေနသည့္ အခ်က္လည္းျဖစ္ပါတယ္။

ေစ်းကြက္ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာသည္နဲ႔အမွ် စီးပြားေရးလုပ္ငန္းမ်ား၌ Curlec ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားက ပိုမိုက်ယ္ျပန္႔လာမည္ျဖစ္ေၾကာင္းလည္း Mr. Liew က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ 500 Startups ရဲ႕ မန္ေနးဂ်င္းပါတနာတစ္ဦးျဖစ္သူ Khailee Ng ကလည္း ယခုအခြင့္အေရးက Curlec အတြက္ လုပ္ငန္းပိုမိုတိုးခ်ဲ႕ႏိုင္မည့္ အခြင့္အေရးတစ္ရပ္ျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

- Advertisement -

ယခုကဲ့သုိ႔ရင္းႏွီးျမွဳပ္ႏွံမႈသည္ ဘ႑ာေရးဆုိင္ရာဝန္ေဆာင္မႈမ်ားနဲ႔ပတ္သက္၍ မေလးရွားနဲ႔ အျခားေသာအာဆီယံႏုိင္ငံမ်ားရွိ စီးပြားေရးလုပ္ငန္းမ်ားရင္ဆိုင္ေနရသည့္ အခက္အခဲမ်ား၊ ျပႆနာမ်ားကို ဒစ္ဂ်စ္တယ္စနစ္ျဖင့္ ေျဖရွင္းႏိုင္ေရးအတြက္ အစိုးရမ်ားအၾကားပူးေပါင္းေဆြးေႏြးေနစဥ္၌ အမွတ္မထင္  ပူးေပါင္းေဆာင္ရြက္မႈတစ္ခုျဖစ္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Businesstimes

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fifteen − 11 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...