HomeOtherဗြိတိန်ဒေသသို့ဆိုက်ကပ်လာခဲ့သည့် ကမ္ဘာ့အကြီးမားဆုံးကုန်တင်သင်္ဘောကြီး။

ဗြိတိန်ဒေသသို့ဆိုက်ကပ်လာခဲ့သည့် ကမ္ဘာ့အကြီးမားဆုံးကုန်တင်သင်္ဘောကြီး။

- Advertisement -

ဘောလုံးကွင်း (၄) ကွင်းစာ ပမာဏနဲ့ညီမျှသည့် ကမ္ဘာ့အကြီးမားဆုံးကုန်တင်သင်္ဘောကြီးတစ်စီး ဗြိတိန်သို့ ပထမဆုံးအကြိမ် ဆိုက်ကပ်ခဲ့ကြောင်း သိရှိရပါတယ်။ HMM Algeciras ဟုအမည်ရသည့် အဆိုပါသင်္ဘောကြီးသည် အလျား မီတာ (၄၀၀) ၊ အနံ (၆၁) မီတာ ရှည်လျားပြီး Thurrock ရှိ DP World London Gateway ၌ကုန်ချလျက်ရှိပြီး တရုတ်နိုင်ငံမှစတင်ကာ၊ တောင်ကိုရီးယား၊ နယ်သာလန်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံနိုင်ငံများသို့ ခုတ်မောင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါသင်္ဘောကြီးသည် တနင်္လာနေ့၌ ဗြိတိန်မှပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ဗြိတိန်မှကုန်ပစ္စည်းများကို တရုတ်နိုင်ငံနဲ့စင်ကာပူနိုင်ငံသို့ ပြန်လည်တင်ပို့သွားမည်ဖြစ်ပါတယ်။ HMM သင်္ဘောကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာလည်းဖြစ်၊ အဆိုပါကုန်တင်သင်္ဘောကြီးရဲ့ ပိုင်ရှင်လည်းဖြစ်သူ Peter Livey က “ဒီသင်္ဘောကြီးရဲ့ အရွယ်အစားက ကျွန်တော်တို့ဖောက်သည်တွေရဲ့ ကုန်ပစ္စည်းတွေကို အချိန်မှန်၊ နေရာမှန်ကို ပို့ဆောင်နိုင်ဖို့အတွက် စွမ်းဆောင်ရည်တွေပေးစွမ်းနိုင်ပါတယ်။” ဟုပြောကြားသွားခဲ့ပါတယ်။ HMM Algeciras အမည်ရ အဆိုပါအလွန့်အလွန်ကြီးမားသည့် Ultra Large Container Vessel (ULCV) သည် ပနားမားမှတ်ပုံတင် သင်္ဘောတစ်စီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

- Advertisement -

 

 

- Advertisement -




<Zawgyi Version>

 

Source ~ SkyNews

#HM(Soshwe)

#soshwenews

- Advertisement -

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty − 18 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...