HomeSportလာမယ့်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်း၌ နေရာပြန်ရလာနိုင်သည့် တိုက်စစ်မှူးတစ်ဦး။

လာမယ့်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်း၌ နေရာပြန်ရလာနိုင်သည့် တိုက်စစ်မှူးတစ်ဦး။

- Advertisement -

အင်တာမီလန်အသင်း၌ အငှားနဲ့သွားရောက်ကစားလျက်ရှိသည့် ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်သည် လာမယ့်ဘောလုံးရာသီ၌ အသင်းထံပြန်လာပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် အခွင့်အရေးရရှိနိုင်ကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ အသက် (၃၁) နှစ်အရွယ် အဆိုပါချီလီလက်ရွေးစင်ကစားသမားသည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ၌ မီခီတာရန်နဲ့ အလဲအထပ်ပြုလုပ်ရင်း အာဆင်နယ်အသင်းမှ ယူနိုက်တက်အသင်းထံသို့  ပြောင်းရွှေ့လာခဲ့သည့် ကစားသမားဖြစ်ပြီး အသင်းအတွက် (၄၅) ပွဲကစား၊ သွင်းဂိုး (၅) ဂိုးသာ သွင်းယူနိုင်ခဲ့သည့် ကစားသမားလည်း  ဖြစ်ပါတယ်။

လက်ရှိဘောလုံးရာသီ၌ အင်တာမီလန်အသင်းသို့ အငှားနဲ့သွားရောက်ကစားလျက်ရှိသည့် ဆန်းချက်ဇ်အနေဖြင့် အသင်းအတွက် ပြိုင်ပွဲစုံ (၁၆) ပွဲကစားပြီးချိန်၌ (၁) ဂိုးသွင်း၊ (၃) ကြိမ်ဂိုးဖန်တီးမှု  ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်အနေဖြင့် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ် ကျန်ရှိနေခြင်းကြောင့် လာမယ့်နွေရာသီ၌ ယူနိုက်တက်အသင်းထံ ပြန်လာဖွယ်ရှိပြီး The Mirror သတင်းစာရဲ့  ဖော်ပြချက်အရ အသင်းရဲ့အမှုဆောင်ချုပ်အက်ဝုဒ်ဝက်က ဆန်းချက်ဇ်ကို အသင်း၌ပြန်ခေါ်ထားရန် ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းအနေဖြင့် ဆန်းချက်ဇ်အတွက် တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းပေးချေရဦးမည်ဖြစ်ပြီး သတင်းများရဲ့ဖော်ပြချက်အရ ဆန်းချက်ဇ်အနေဖြင့် နည်းပြဆိုးလ်ရှားရဲ့အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရှိရန် တိုက်ပွဲဝင်နိုင်မည့်အခွင့်အရေးတစ်ရပ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဆန်းချက်ဇ်ကို ယူနိုက်တက်အသင်းက အပြီးသတ်ရောင်းချရန် ဆန္ဒရှိခဲ့ပေမယ့် ကစားသမားရဲ့လုပ်ခလစာမြင့်မားမှုကြောင့် ဆန်းချက်ဇ်ကိုခေါ်ယူလိုသည့်အသင်းများက နောက်ဆုတ်သွားခဲ့ပြီး လက်ရှိအချိန်၌ ဆန်းချက်ဇ်အနေဖြင့် သူ့ရဲ့ကစားသမားဘဝကို ယူနိုက်တက်အသင်း၌သာ ဆက်လက်ဖြတ်သန်းရတော့မည်လည်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

 

 





<Zawgyi Version>

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read