HomeEducationပုဂ္ဂလိကကျောင်းများကို ခွင့်ပြုချက်တစ်ခုချမှတ်ပေးလိုက်သည့် ပညာရေးဝန်ကြီးဌာန။

ပုဂ္ဂလိကကျောင်းများကို ခွင့်ပြုချက်တစ်ခုချမှတ်ပေးလိုက်သည့် ပညာရေးဝန်ကြီးဌာန။

- Advertisement -

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကကျောင်းများကို စာသင်ခန်းအသစ်များ ထပ်မံတိုးမြှင့်ခွင့်ပြုလိုက်ပြီး ထိုကဲ့သို့ထပ်တိုးခွင့်ပြုလိုက်ခြင်းက ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ပတ်သက်သည့်လုပ်ငန်းစဉ်များကို တိကျသေချာစွာ လိုက်နာနိုင်မည်လည်း ဖြစ်ပါတယ်။ မြန်မာပုဂ္ဂလိကကျောင်းများအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ ဦးနေအုပ်က  ကျောင်းသား၊ ကျောင်းသူများကို အနည်းဆုံး (၆) ပေအကွာအဝေး၌ရှိစေလိုပါက ပုဂ္ဂလိကျောင်းများအနေဖြင့် စာသင်ခန်းများ ထပ်မံလိုအပ်မည်ဖြစ်ကြောင်း အကြံပေးခဲ့ပါတယ်။

ပုဂ္ဂလိကကျောင်းများအတွက် သတ်မှတ်ထားသည့်စည်းကမ်းများ၌ တရားဝင်မှတ်ပုံတင်ထားသည့် အခန်းများကိုသာ စာသင်ခန်းများအဖြစ် အသုံးပြုခွင့်ရရှိမည်ဖြစ်သောကြောင့် လက်တွေ့၌ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်မည်ဆိုပါက ပုဂ္ဂလိကကျောင်းများ၌ စာသင်ခန်းလိုအပ်ချက်များ မြင့်တက်လာမည်ဖြစ်ပါတယ်။ ထို့ကြောင့်လည်း အစိုးရက အဆိုပါအစီအစဉ်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဦးနေအုပ်က “မူလစာသင်ကျောင်းတည်ရှိတဲ့တစ်လမ်းတည်းမှာ ဒါမှမဟုတ် ကျောင်းနဲ့ကပ်လျက် အဆောက်အဦးမှာ စာသင်ခန်းအသစ်တွေ ထပ်မံတိုးချဲ့ဖို့ ကျွန်တော်တို့ရဲ့တောင်းဆိုမှုကို ဝန်ကြီးက ခွင့်ပြုချက်ပေးလိုက်ပါပြီ။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ ပုဂ္ဂလိကကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရပါတယ်။ အစိုးရလက်အောက်မှ အထက်တန်းကျောင်းများကို လာမယ့်ဇူလိုင်လ (၂၁) ရက်နေ့၌ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်အလယ်တန်းနဲ့မူလတန်းကျောင်းများကို အထက်တန်းကျောင်းများဖွင့်လှစ်အပြီး (၂) ပတ်အကြာ၌ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သို့ဖြစ်ရာ အစိုးရအနေဖြင့် အစိုးရနဲ့ပုဂ္ဂလိကကျောင်းများအတွက် စည်းမျဉ်းစည်းကမ်းများထုတ်ပြန်ရာ၌ ညီတူညီမျှဖြစ်သင့်ကြောင်း၊ လက်ရှိအချိန်၌ ပုဂ္ဂလိကကျောင်းများအနေဖြင့် အစိုးရကျောင်းများထက် ပိုမိုတင်းကြပ်သည့် စည်းမျဉ်းဥပဒေများကို လိုက်နာရမည့်အခြေအနေကို ရောက်ရှိနေကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများနဲ့မိသားစုဝင်များရဲ့ တစ်လအတွင်း ခရီးသွားရာဇဝင်၊ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီရဲ့ နေရပ်လိပ်စာနဲ့ အဆိုပါကျောင်းသား၊ ကျောင်းသူများနဲ့ ထိတွေ့ခဲ့သူများရဲ့ စာရင်းဇယားကိုပါ တိတိကျကျ ကောက်ယူထားရန် လိုအပ်ကြောင်းသိရှိရပါတယ်။

- Advertisement -

အချို့သော ပုဂ္ဂလိကျောင်းများမှာမူ ပြီးခဲ့သည့်မေလအတွင်းမှစတင်ကာ အွန်လိုင်းသင်ကြားရေးစနစ်ဖြင့် သင်ခန်းစာများကို စတင်ပို့ချနေကြပြီဖြစ်ပေမယ့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကမူ “တချို့ကျောင်းသားတွေက အွန်လိုင်းပေါ်က ပညာသင်ကြားရေးစနစ်ကို ဆန့်ကျင်နေကြပါတယ်။ ဒီစနစ်က ပညာရေးတစ်ခုတည်းအပေါ် အရမ်းကိုအာရုံစိုက်လွန်းအားကြီးပြီး ကျွန်မတို့အနေနဲ့ စာသင်ခန်းပြင်ပက အတွေ့အကြုံတွေကိုလည်း တန်ဖိုးထားရမှာပါ။ ကျောင်းမှာဆို ကလေးတွေအတွက် ကစားဖို့ ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက်အဲ့ဒီကနေမှတစ်ဆင့် သင်ခန်းစာတွေကို  လေ့လာမှတ်သားနိုင်တာကြောင့်ပါ။” ဟု ပြီးခဲ့သည့်မေလ (၁၉) ရက်နေ့က ပြုလုပ်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်တစ်ခု၌ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 

 

ပုဂၢလိကေက်ာင္းမ်ားကို ခြင့္ျပဳခ်က္တစ္ခုခ်မွတ္ေပးလုိက္သည့္ ပညာေရးဝန္ႀကီးဌာန။

ျမန္မာႏုိင္ငံ ပညာေရးဝန္ႀကီးဌာနသည္ ပုဂၢလိကေက်ာင္းမ်ားကို စာသင္ခန္းအသစ္မ်ား ထပ္မံတုိးျမွင့္ခြင့္ျပဳလိုက္ၿပီး ထိုကဲ့သို႔ထပ္တုိးခြင့္ျပဳလုိက္ျခင္းက ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္၌ ကိုရိုနာဗုိင္းရပ္စ္ကာကြယ္ေရးနဲ႔ပတ္သက္သည့္လုပ္ငန္းစဥ္မ်ားကို တိက်ေသခ်ာစြာ လိုက္နာႏုိင္မည္လည္း ျဖစ္ပါတယ္။ ျမန္မာပုဂၢလိကေက်ာင္းမ်ားအဖဲြ႕ခ်ဳပ္ဥကၠဌျဖစ္သူ ဦးေနအုပ္က  ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အနည္းဆံုး (၆) ေပအကြာအေဝး၌ရွိေစလိုပါက ပုဂၢလိေက်ာင္းမ်ားအေနျဖင့္ စာသင္ခန္းမ်ား ထပ္မံလိုအပ္မည္ျဖစ္ေၾကာင္း အႀကံေပးခဲ့ပါတယ္။

ပုဂၢလိကေက်ာင္းမ်ားအတြက္ သတ္မွတ္ထားသည့္စည္းကမ္းမ်ား၌ တရားဝင္မွတ္ပံုတင္ထားသည့္ အခန္းမ်ားကိုသာ စာသင္ခန္းမ်ားအျဖစ္ အသံုးျပဳခြင့္ရရွိမည္ျဖစ္ေသာေၾကာင့္ လက္ေတြ႕၌ ကိုရိုနာဗိုင္းရပ္စ္အႏၱရာယ္ကို ကာကြယ္မည္ဆုိပါက ပုဂၢလိကေက်ာင္းမ်ား၌ စာသင္ခန္းလိုအပ္ခ်က္မ်ား ျမင့္တက္လာမည္ျဖစ္ပါတယ္။ ထို႔ေၾကာင့္လည္း အစုိးရက အဆုိပါအစီအစဥ္ကို ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ဦးေနအုပ္က “မူလစာသင္ေက်ာင္းတည္ရွိတဲ့တစ္လမ္းတည္းမွာ ဒါမွမဟုတ္ ေက်ာင္းနဲ႔ကပ္လ်က္ အေဆာက္အဦးမွာ စာသင္ခန္းအသစ္ေတြ ထပ္မံတုိးခ်ဲ႕ဖို႔ ကြ်န္ေတာ္တို႔ရဲ႕ေတာင္းဆိုမႈကို ဝန္ႀကီးက ခြင့္ျပဳခ်က္ေပးလိုက္ပါၿပီ။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

ဒါေပမယ့္ လက္ရွိအခ်ိန္အထိ ပုဂၢလိကေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳရန္ ညႊန္ၾကားခ်က္တစ္စံုတစ္ရာ မရရွိေသးေၾကာင္း သိရပါတယ္။ အစိုးရလက္ေအာက္မွ အထက္တန္းေက်ာင္းမ်ားကို လာမယ့္ဇူလိုင္လ (၂၁) ရက္ေန႔၌ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ၿပီး က်န္အလယ္တန္းနဲ႔မူလတန္းေက်ာင္းမ်ားကို အထက္တန္းေက်ာင္းမ်ားဖြင့္လွစ္အၿပီး (၂) ပတ္အၾကာ၌ ဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

သို႔ျဖစ္ရာ အစိုးရအေနျဖင့္ အစိုးရနဲ႔ပုဂၢလိကေက်ာင္းမ်ားအတြက္ စည္းမ်ဥ္းစည္းကမ္းမ်ားထုတ္ျပန္ရာ၌ ညီတူညီမွ်ျဖစ္သင့္ေၾကာင္း၊ လက္ရွိအခ်ိန္၌ ပုဂၢလိကေက်ာင္းမ်ားအေနျဖင့္ အစုိးရေက်ာင္းမ်ားထက္ ပိုမိုတင္းၾကပ္သည့္ စည္းမ်ဥ္းဥပေဒမ်ားကို လိုက္နာရမည့္အေျခအေနကို ေရာက္ရွိေနေၾကာင္း ေဝဖန္ေျပာၾကားခဲ့ပါတယ္။ ပုဂၢလိကေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔မိသားစုဝင္မ်ားရဲ႕ တစ္လအတြင္း ခရီးသြားရာဇဝင္၊ ေက်ာင္းသား၊ ေက်ာင္းသူတစ္ဦးခ်င္းစီရဲ႕ ေနရပ္လိပ္စာနဲ႔ အဆိုပါေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔ ထိေတြ႕ခဲ့သူမ်ားရဲ႕ စာရင္းဇယားကိုပါ တိတိက်က် ေကာက္ယူထားရန္ လိုအပ္ေၾကာင္းသိရွိရပါတယ္။

အခ်ိဳ႕ေသာ ပုဂၢလိေက်ာင္းမ်ားမွာမူ ၿပီးခဲ့သည့္ေမလအတြင္းမွစတင္ကာ အြန္လိုင္းသင္ၾကားေရးစနစ္ျဖင့္ သင္ခန္းစာမ်ားကို စတင္ပို႔ခ်ေနၾကၿပီျဖစ္ေပမယ့္ ႏုိင္ငံေတာ္ရဲ႕အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကမူ “တခ်ိဳ႕ေက်ာင္းသားေတြက အြန္လုိင္းေပၚက ပညာသင္ၾကားေရးစနစ္ကို ဆန္႔က်င္ေနၾကပါတယ္။ ဒီစနစ္က ပညာေရးတစ္ခုတည္းအေပၚ အရမ္းကိုအာရံုစိုက္လြန္းအားႀကီးၿပီး ကြ်န္မတို႔အေနနဲ႔ စာသင္ခန္းျပင္ပက အေတြ႕အႀကံဳေတြကိုလည္း တန္ဖိုးထားရမွာပါ။ ေက်ာင္းမွာဆို ကေလးေတြအတြက္ ကစားဖို႔ ပိုအေရးႀကီးပါတယ္။ ဘာလို႔လဲဆုိေတာ့ သူတုိ႔အတြက္အဲ့ဒီကေနမွတစ္ဆင့္ သင္ခန္းစာေတြကို  ေလ့လာမွတ္သားႏုိင္တာေၾကာင့္ပါ။” ဟု ၿပီးခဲ့သည့္ေမလ (၁၉) ရက္ေန႔က ျပဳလုပ္ခဲ့သည့္ ဗီဒီယိုကြန္ဖရင့္တစ္ခု၌ ေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seven + 16 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...