HomeEducationကိုရိုနာဗိုင်းရပ်စ်နဲ့ကျောင်းများပြန်လည်ဖွင့်လှစ်ရေး စီစဉ်ထားရှိမှု။

ကိုရိုနာဗိုင်းရပ်စ်နဲ့ကျောင်းများပြန်လည်ဖွင့်လှစ်ရေး စီစဉ်ထားရှိမှု။

- Advertisement -

လာမယ့်ဇူလိုင်လအတွင်း၌ ကျောင်းများပြန်လည်ဖွင့်လှစ်သွားရန်စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာပါက ကျောင်းများကို ချက်ချင်းပိတ်ပစ်သွားမည်ဖြစ်ကြောင်း  ပညာရေးဝန်ကြီးဖြစ်သူ ဦးမျိုးသိမ်းကြီးကဆိုပါတယ်။

လာမယ့်ဇူလိုင်လ (၂၁) ရက်နေ့၌ ကျောင်းများကို စတင်ဖွင့်လှစ်ရန်ရည်ရွယ်ထားပြီး ကနဦး၌ အထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်ကာ  နောက် (၂) ပတ်အကြာ၌  မူလတန်းနဲ့အလယ်တန်းများကို  ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ထားပါတယ်ဆိုပြီး သိရှိရပါတယ်။ ပညာရေးဝန်ကြီး ဦးမျိုးသိမ်းက “အထက်တန်းကျောင်းတွေကို ဦးစားပေးအနေနဲ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အဲ့ဒီနောက်မှ  အလယ်တန်းနဲ့ မူလတန်းတွေကို ဆက်လက်ဖွင့်လှစ်သွားမှာပါ။ ကျောင်းတွေအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကို  သေချာပေါက်လိုက်နာရပါလိမ့်မယ်။” ဟု ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ပြီးခဲ့သည့်လအတွင်း၌ ပြုလုပ်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်တစ်ခု၌  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က ကျောင်းများကိုတတ်နိုင်သလောက် အမြန်ဆုံးဖွင့်လှစ်သွားရန်  ညွှန်ကြားထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းများကို လိုက်နာရန်လည်းလိုအပ်ကြောင်း ညွှန်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အွန်လိုင်းပညာရေးစနစ်ကို သဘောမတူဘဲ  အဆိုပါစနစ်က အင်တာနက်စနစ်ကောင်းမွန်သည့်နိုင်ငံများ၌ပင်  ပြဿနာများရှိနေကြောင်း  ထောက်ပြခဲ့သလို  နိုင်ငံတကာတက္ကသိုလ်များ၌ပင် အွန်လိုုင်းပညာရေးစနစ်က ပြဿနာအချို့ရှိနေဆဲဖြစ်ကြောင်း  ထောက်ပြပြောဆိုခဲ့ပါတယ်။

အစိုးရအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများကို  တစ်ယောက်လျှင် နှာခေါင်းစည်း (၂) ခုစီနဲ့ မျက်နှာအကာ (၁) ခုစီ ထောက်ပ့ံပေးသွားရန် ရည်ရွယ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ဟန့်တားနိုင်ရေးအတွက် အတန်းတစ်တန်းအတွင်းရှိ ကျောင်းသား၊  ကျောင်းသူအရေအတွက်ကို မူလထားရှိနိုင်သည်ထက် လျှော့ချသွားရန်စီစဉ်ထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် စာသင်ခန်းအတွင်း၌ ထိုင်ခုံများကို (၆) ပေစီခြားထားပြီး တစ်နေကုန်ကျောင်း၊ နေ့တစ်ဝက်ကျောင်း၊ တစ်ပတ်ခြားကျောင်းအစရှိသဖြင့် ခွဲခြားသွားရန်ရည်ရွယ်ထားကြောင်း ဦးမျိုးသိမ်းက ဆိုပါတယ်။ လက်ရှိအချိန်အထိ ကျောင်းပေါင်း (၂၇,၀၀၀) နဲ့အထက်က ပုံမှန်အတိုင်း  ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး ထိုအနက် ကျောင်းပေါင်း (၁၄,၀၉၆) ကျောင်းက တစ်ပတ်ခြားစနစ်၊ (၅,၁၇၇) ကျောင်းက  တစ်ပတ်ခြားနဲ့ နေ့တစ်ဝက်၊ တစ်နေကုန်အစရှိသဖြင့် ခွဲခြားဖွင့်လှစ်နိုင်ကြောင်း သိရှိရပါတယ်။  ကျန်ရှိသည့်ကျောင်းပေါင်း (၂၉၃) ကျောင်းမှာမူ နေ့တစ်ဝက်၊ တစ်နေကုန်စနစ် (၂) မျိုးကို တစ်ပတ်ခြားသာ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အဆိုပါတစ်ပတ်၌လည်း (၃) ရက်သာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။  လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း (၂၆၁) ယောက်ရှိပြီး သေဆုံး သူ (၆) ယောက်၊ ပြန်လည်ကောင်းမွန်လာသူ (၁၆၇) ယောက်ရှိပါတယ်။ အစိုးရကမူ  ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ပတ်သက်သည့် တားဆီးပိတ်ပင်မှုများကို ဇွန်လ (၁၅) ရက်နေ့မှ  လကုန်ပိုင်းအထိ  ထပ်မံတိုးမြှင့်ထားကြောင်းလည်းသိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

ကိုရိုနာဗုိင္းရပ္စ္နဲ႔ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ေရး စီစဥ္ထားရွိမႈ။

လာမယ့္ဇူလိုင္လအတြင္း၌ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္သြားရန္စီစဥ္ထားေပမယ့္ ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈမ်ား ျပန္လည္ျဖစ္ပြားလာပါက ေက်ာင္းမ်ားကို ခ်က္ခ်င္းပိတ္ပစ္သြားမည္ျဖစ္ေၾကာင္း  ပညာေရးဝန္ႀကီးျဖစ္သူ ဦးမ်ိဳးသိမ္းႀကီးကဆိုပါတယ္။

လာမယ့္ဇူလိုင္လ (၂၁) ရက္ေန႔၌ ေက်ာင္းမ်ားကို စတင္ဖြင့္လွစ္ရန္ရည္ရြယ္ထားၿပီး ကနဦး၌ အထက္တန္းေက်ာင္းမ်ားကို စတင္ဖြင့္လွစ္ကာ  ေနာက္ (၂) ပတ္အၾကာ၌  မူလတန္းနဲ႔အလယ္တန္းမ်ားကို  ဆက္လက္ဖြင့္လွစ္သြားရန္ စီစဥ္ထားပါတယ္ဆိုၿပီး သိရွိရပါတယ္။ ပညာေရးဝန္ႀကီး ဦးမ်ိဳးသိမ္းက “အထက္တန္းေက်ာင္းေတြကို ဦးစားေပးအေနနဲ႔ စတင္ဖြင့္လွစ္မွာျဖစ္ၿပီး အဲ့ဒီေနာက္မွ  အလယ္တန္းနဲ႔ မူလတန္းေတြကို ဆက္လက္ဖြင့္လွစ္သြားမွာပါ။ ေက်ာင္းေတြအေနနဲ႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ တင္းၾကပ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြကို  ေသခ်ာေပါက္လုိက္နာရပါလိမ့္မယ္။” ဟု ေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။

ၿပီးခဲ့သည့္လအတြင္း၌ ျပဳလုပ္ခဲ့သည့္ ဗီဒီယိုကြန္ဖရင့္တစ္ခု၌  ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္  ေဒၚေအာင္ဆန္းစုၾကည္က ေက်ာင္းမ်ားကိုတတ္ႏုိင္သေလာက္ အျမန္ဆံုးဖြင့္လွစ္သြားရန္  ညႊန္ၾကားထားေပမယ့္ ကိုရိုနာဗုိင္းရပ္စ္ကာကြယ္ေရးစည္းမ်ဥ္းမ်ားကို လိုက္နာရန္လည္းလုိအပ္ေၾကာင္း ညႊန္ၾကားခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ အြန္လိုင္းပညာေရးစနစ္ကို သေဘာမတူဘဲ  အဆိုပါစနစ္က အင္တာနက္စနစ္ေကာင္းမြန္သည့္ႏိုင္ငံမ်ား၌ပင္  ျပႆနာမ်ားရွိေနေၾကာင္း  ေထာက္ျပခဲ့သလို  ႏုိင္ငံတကာတကၠသိုလ္မ်ား၌ပင္ အြန္လိုုင္းပညာေရးစနစ္က ျပႆနာအခ်ိဳ႕ရွိေနဆဲျဖစ္ေၾကာင္း  ေထာက္ျပေျပာဆုိခဲ့ပါတယ္။

အစိုးရအေနျဖင့္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔ ဆရာ၊ ဆရာမမ်ားကို  တစ္ေယာက္လွ်င္ ႏွာေခါင္းစည္း (၂) ခုစီနဲ႔ မ်က္ႏွာအကာ (၁) ခုစီ ေထာက္ပ့ံေပးသြားရန္ ရည္ရြယ္ထားၿပီး ကိုရိုနာဗုိင္းရပ္စ္အႏၱရာယ္ကို ဟန္႔တားႏုိင္ေရးအတြက္ အတန္းတစ္တန္းအတြင္းရွိ ေက်ာင္းသား၊  ေက်ာင္းသူအေရအတြက္ကို မူလထားရွိႏိုင္သည္ထက္ ေလွ်ာ့ခ်သြားရန္စီစဥ္ထားေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ စာသင္ခန္းအတြင္း၌ ထိုင္ခံုမ်ားကို (၆) ေပစီျခားထားၿပီး တစ္ေနကုန္ေက်ာင္း၊ ေန႔တစ္ဝက္ေက်ာင္း၊ တစ္ပတ္ျခားေက်ာင္းအစရွိသျဖင့္ ခဲြျခားသြားရန္ရည္ရြယ္ထားေၾကာင္း ဦးမ်ိဳးသိမ္းက ဆုိပါတယ္။ လက္ရွိအခ်ိန္အထိ ေက်ာင္းေပါင္း (၂၇,၀၀၀) နဲ႔အထက္က ပံုမွန္အတုိင္း  ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ရည္ရြယ္ထားၿပီး ထိုအနက္ ေက်ာင္းေပါင္း (၁၄,၀၉၆) ေက်ာင္းက တစ္ပတ္ျခားစနစ္၊ (၅,၁၇၇) ေက်ာင္းက  တစ္ပတ္ျခားနဲ႔ ေန႔တစ္ဝက္၊ တစ္ေနကုန္အစရွိသျဖင့္ ခဲြျခားဖြင့္လွစ္ႏုိင္ေၾကာင္း သိရွိရပါတယ္။  က်န္ရွိသည့္ေက်ာင္းေပါင္း (၂၉၃) ေက်ာင္းမွာမူ ေန႔တစ္ဝက္၊ တစ္ေနကုန္စနစ္ (၂) မ်ိဳးကို တစ္ပတ္ျခားသာ ဖြင့္လွစ္ႏုိင္မည္ျဖစ္ၿပီး အဆုိပါတစ္ပတ္၌လည္း (၃) ရက္သာ ဖြင့္လွစ္ႏုိင္မည္ျဖစ္ေၾကာင္း သိရွိရပါတယ္။  လက္ရွိအခ်ိန္တြင္ ျမန္မာႏုိင္ငံ၌ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူေပါင္း (၂၆၁) ေယာက္ရွိၿပီး ေသဆံုး သူ (၆) ေယာက္၊ ျပန္လည္ေကာင္းမြန္လာသူ (၁၆၇) ေယာက္ရွိပါတယ္။ အစုိးရကမူ  ကိုရိုနာဗုိင္းရပ္စ္တိုက္ဖ်က္ေရးနဲ႔ပတ္သက္သည့္ တားဆီးပိတ္ပင္မႈမ်ားကို ဇြန္လ (၁၅) ရက္ေန႔မွ  လကုန္ပုိင္းအထိ  ထပ္မံတုိးျမွင့္ထားေၾကာင္းလည္းသိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

 

အဆုိပါ စ္ာဖဝက္၊ တစ္ေနကုန္စနစ္၌ုန္အစ

္သ

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 − 1 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...