HomeTechUK နိုင်ငံရဲ့ 5G အင်တာနက်ဆက်သွယ်ရေးနဲ့ပက်သက်ပြီး သတိပေးလိုက်တဲ့ Vodafone

UK နိုင်ငံရဲ့ 5G အင်တာနက်ဆက်သွယ်ရေးနဲ့ပက်သက်ပြီး သတိပေးလိုက်တဲ့ Vodafone

- Advertisement -

UK နိုင်ငံမှ အင်တာနက်နှင့်ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးစွမ်းနေသော ဆက်သွယ်ရေးကုမ္ပဏီ ၃ ခုဟာ မကြာသေးခင်က တရုတ်နိုင်ငံအခြေစိုက် တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ထုတ်လုပ်တဲ့ Huawei ကုမ္ပဏီကနေ အင်တာနက်ဝန်ဆောင်မှုပေးအပ်ရာမှာ လိုအပ်တဲ့ နည်းပညာသုံးပစ္စည်းများ ဝယ်ယူအသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ဒါကြောင့် UK အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Vodafone ကုမ္ပဏီ နည်းပညာအရာရှိချုပ် Scott Petty က UK အခြေစိုက် အင်တာနက်နဲ့ဖုန်းဆက်သွယ်ရေးကုမ္ပဏီတွေက 5G အင်တာနက်ဆက်သွယ်မှုအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာများကို Huawei ကုမ္ပဏီမှ ဝယ်ယူအသုံးပြုခြင်းကို  ရပ်တန့်လိုက်ခြင်းကြောင့်  မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နိုင်ရကြောင်း သတိပေးပြောဆိုလာခဲ့ပါတယ်။

ဘာကြောင့်များ UK နိုင်ငံက ဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ Huawei  ကုမ္ပဏီနဲ့ လက်တွဲဖြုတ်လိုက်ရသလဲဆိုတာကို အရင်ဆုံးဖတ်ကြည့်ရအောင်ပါ။ အရင်တုန်းက UK နဲ့ တရုတ်နိုင်ငံကြားက  ဆက်ဆံရေးဟာ အဆင်ပြေချောမွေ့နေခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ COVID-19 ရောဂါကို အရင်းပြုပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ ကျဲသွားတယ်လို့ ဆိုရပါမယ်။ အကြောင်းအရင်းကတော့  တရုတ်နိုင်ငံအစိုးရဟာ  အခြားသောအင်အားကြီးနိုင်ငံတွေကို  အလဲထိုးနိုင်ဖို့အတွက် COVID-19 ဇီဝလက်နက်ကို အသုံးပြုလိုက်တယ်လို့ သံသယဝင်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

သံသယဝင်တယ်ဆိုတာကလည်း တရုတ်နိုင်ငံကနေ  စတင်ပျံ့နှံ့ခဲ့တဲ့ရောဂါဟာ  အခြားသောနိုင်ငံပေါင်းများစွာကို ကူးစက်ပျံ့နှံ့သွားပြီး အဆိုပါနိုင်ငံတွေမှာ ရောဂါကူးစက်ပျံ့နှံ့မှု ဆက်လက်ဖြစ်ပေါ်နေဆဲအချိန်အတွင်း တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုက  သိသိသာသာ  လျော့ကျသွားတာကြောင့်ပဲဖြစ်ပါတယ်။

- Advertisement -

ဒါ့အပြင် အခြားသောအင်အားကြီးနိုင်ငံတွေကလည်း တရုတ်နိုင်ငံအခြေစိုက် Huawei ကုမ္ပဏီဟာ အခြားသောနိုင်ငံတွေက နိုင်ငံရေးဆိုင်ရာလျှို့ဝှက်ထားရမည်ဖြစ်သော လျှို့ဝှက်ချက်တွေကို  နည်းပညာကုမ္ပဏီကနေ တင်သွင်းသော ပစ္စည်းကိရိယာတွေကနေတဆင့် ခိုးယူနေတယ်လို့  သံသယဝင်လာတာကြောင့်ပဲဖြစ်ပါတယ်။

အင်အားကြီးနိုင်ငံတွေကတော့ အကြောင်းမဲ့သံသယဝင်တာမျိုးမဟုတ်ဘဲ သံသယဝင်စရာကောင်းတဲ့  အထောက်အထားတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကုမ္ပဏီကတော့ သံသယဝင်ခံရမှုအပေါ် ခိုင်မာတဲ့တုန့်ပြန်ဖြေရှင်းမှုမျိုး မပြုထားပါဘူး။

- Advertisement -

ဒါဆိုရင် ဘယ်အကြောင်းအရာတွေကိုအခြေခံပြီး Vodafone ကုမ္ပဏီ နည်းပညာအရာရှိချုပ် Scott Petty က UK နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတွေကို အခုလိုမျိုးသတိပေးရသလဲဆိုတာကို ဆက်လက်ဖတ်ကြည့်ရအောင်ပါနော်။  အရင်တုန်းက ဖုန်းနဲ့အင်တာနက်ဆက်သွယ်မှုအတွက် လိုအပ်တဲ့ နည်းပညာမြင့်ပစ္စည်းတွေကို Huawei ကုမ္ပဏီကနေ အလွယ်တကူဝယ်ယူပြီး အသုံးပြုနိုင်ခဲ့ပေမယ့် Huawei ကုမ္ပဏီနဲ့ လက်တွဲဖြုတ်လိုက်တဲ့အချိန်မှာတော့ ဖုန်းနဲ့အင်တာနက်ဝန်ဆောင်မှုအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို UK နိုင်ငံအတွင်းက နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာထုတ်ကုမ္ပဏီတွေကနေ  ဝယ်ယူရမှာပဲဖြစ်ပါတယ်။ အခုလိုမျိုး ကပ်ရောဂါကိုနှိမ်နှင်းနေရတဲ့အခြေအနေမျိုးမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို လုံလုံလောက်လောက် ထုတ်လုပ်နိုင်ဖို့က ငွေပမာဏ၊ အချိန်နဲ့ လူအင်အား  အများအပြား လိုအပ်မှာပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း Vodafone ကုမ္ပဏီ နည်းပညာအရာရှိချုပ် Scott Petty က UK နိုင်ငံအာဏာပိုင်အဖွဲ့ကို တရုတ်နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေးကို ရပ်တန့်လိုက်ရင်တောင်မှ UK နိုင်ငံရဲ့ ဖုန်းနဲ့အင်တာနက် ဆက်သွယ်ရေးကဏ္ဍမှာ Huawei ကုမ္ပဏီကို ဆက်လက်ပါဝင်ရပ်တည်ခွင့်  ပြုသင့်ကြောင်း အကြံပေးခဲ့တာပဲဖြစ်ပါတယ်။

<Unicode Version>

 

 

UK ႏိုင္ငံရဲ႕ 5G အင္တာနက္ဆက္သြယ္ေရးနဲ႕ပက္သက္ၿပီး သတိေပးလိုက္တ့ဲ Vodafone

UK ႏိုင္ငံမွ အင္တာနက္ႏွင့္ဖုန္းဆက္သြယ္ေရး ဝန္ေဆာင္မႈေတြကို ေပးစြမ္းေနေသာ ဆက္သြယ္ေရးကုမၸဏီ ၃ ခုဟာ မၾကာေသးခင္က တ႐ုတ္ႏိုင္ငံအေျခစိုက္ တယ္လီဖုန္းနဲ႔ အင္တာနက္ဝန္ေဆာင္မႈေတြ ထုတ္လုပ္တဲ့ Huawei ကုမၸဏီကေန အင္တာနက္ဝန္ေဆာင္မႈေပးအပ္ရာမွာ လိုအပ္တဲ့ နည္းပညာသံုးပစၥည္းမ်ား ဝယ္ယူအသံုးျပဳျခင္းကို ရပ္တန္႔လိုက္ၿပီျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

ဒါေၾကာင့္ UK အေျခစိုက္ နည္းပညာကုမၸဏီျဖစ္တဲ့ Vodafone ကုမၸဏီ နည္းပညာအရာရွိခ်ဳပ္ Scott Petty က UK အေျခစိုက္ အင္တာနက္နဲ႔ဖုန္းဆက္သြယ္ေရးကုမၸဏီေတြက 5G အင္တာနက္ဆက္သြယ္မႈအတြက္ လိုအပ္တဲ့ ပစၥည္းကိရိယာမ်ားကို Huawei ကုမၸဏီမွ ဝယ္ယူအသံုးျပဳျခင္းကို  ရပ္တန္႔လိုက္ျခင္းေၾကာင့္  မထင္မွတ္ထားတဲ့ ဆံုး႐ႈံးမႈေတြနဲ႔ ရင္ဆိုင္ႏိုင္ရေၾကာင္း သတိေပးေျပာဆိုလာခဲ့ပါတယ္။

- Advertisement -

ဘာေၾကာင့္မ်ား UK ႏိုင္ငံက ဖုန္းနဲ႔အင္တာနက္ဆက္သြယ္ေရး ကုမၸဏီေတြဟာ Huawei  ကုမၸဏီနဲ႔ လက္တြဲျဖဳတ္လိုက္ရသလဲဆိုတာကို အရင္ဆံုးဖတ္ၾကည့္ရေအာင္ပါ။ အရင္တုန္းက UK နဲ႔ တ႐ုတ္ႏိုင္ငံၾကားက  ဆက္ဆံေရးဟာ အဆင္ေျပေခ်ာေမြ႕ေနခဲ့ပါတယ္။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ေပၚခဲ့တဲ့ COVID-19 ေရာဂါကို အရင္းျပဳၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ က်ဲသြားတယ္လို႔ ဆိုရပါမယ္။ အေၾကာင္းအရင္းကေတာ့  တ႐ုတ္ႏိုင္ငံအစိုးရဟာ  အျခားေသာအင္အားႀကီးႏိုင္ငံေတြကို  အလဲထိုးႏိုင္ဖို႔အတြက္ COVID-19 ဇီဝလက္နက္ကို အသံုးျပဳလိုက္တယ္လို႔ သံသယဝင္လာတာေၾကာင့္ပဲ ျဖစ္ပါတယ္။

သံသယဝင္တယ္ဆိုတာကလည္း တ႐ုတ္ႏိုင္ငံကေန  စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ေရာဂါဟာ  အျခားေသာႏိုင္ငံေပါင္းမ်ားစြာကို ကူးစက္ပ်ံ႕ႏွံ႔သြားၿပီး အဆိုပါႏိုင္ငံေတြမွာ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ ဆက္လက္ျဖစ္ေပၚေနဆဲအခ်ိန္အတြင္း တ႐ုတ္ႏိုင္ငံအတြင္း ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈက  သိသိသာသာ  ေလ်ာ့က်သြားတာေၾကာင့္ပဲျဖစ္ပါတယ္။

ဒါ့အျပင္ အျခားေသာအင္အားႀကီးႏိုင္ငံေတြကလည္း တ႐ုတ္ႏိုင္ငံအေျခစိုက္ Huawei ကုမၸဏီဟာ အျခားေသာႏိုင္ငံေတြက ႏိုင္ငံေရးဆိုင္ရာလွ်ိဳ႕ဝွက္ထားရမည္ျဖစ္ေသာ လွ်ိဳ႕ဝွက္ခ်က္ေတြကို  နည္းပညာကုမၸဏီကေန တင္သြင္းေသာ ပစၥည္းကိရိယာေတြကေနတဆင့္ ခိုးယူေနတယ္လို႔  သံသယဝင္လာတာေၾကာင့္ပဲျဖစ္ပါတယ္။

အင္အားႀကီးႏိုင္ငံေတြကေတာ့ အေၾကာင္းမဲ့သံသယဝင္တာမ်ိဳးမဟုတ္ဘဲ သံသယဝင္စရာေကာင္းတဲ့  အေထာက္အထားေတြကို ရွာေဖြေတြ႕ရွိခဲ့တာေၾကာင့္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ Huawei ကုမၸဏီကေတာ့ သံသယဝင္ခံရမႈအေပၚ ခိုင္မာတဲ့တုန္႔ျပန္ေျဖရွင္းမႈမ်ိဳး မျပဳထားပါဘူး။

ဒါဆိုရင္ ဘယ္အေၾကာင္းအရာေတြကိုအေျခခံၿပီး Vodafone ကုမၸဏီ နည္းပညာအရာရွိခ်ဳပ္ Scott Petty က UK ႏိုင္ငံအေျခစိုက္ ဆက္သြယ္ေရးကုမၸဏီေတြကို အခုလိုမ်ိဳးသတိေပးရသလဲဆိုတာကို ဆက္လက္ဖတ္ၾကည့္ရေအာင္ပါေနာ္။  အရင္တုန္းက ဖုန္းနဲ႔အင္တာနက္ဆက္သြယ္မႈအတြက္ လိုအပ္တဲ့ နည္းပညာျမင့္ပစၥည္းေတြကို Huawei ကုမၸဏီကေန အလြယ္တကူဝယ္ယူၿပီး အသံုးျပဳႏိုင္ခဲ့ေပမယ့္ Huawei ကုမၸဏီနဲ႔ လက္တြဲျဖဳတ္လိုက္တဲ့အခ်ိန္မွာေတာ့ ဖုန္းနဲ႔အင္တာနက္ဝန္ေဆာင္မႈအတြက္ လိုအပ္တဲ့ပစၥည္းကိရိယာေတြကို UK ႏိုင္ငံအတြင္းက နည္းပညာဆိုင္ရာ ပစၥည္းကိရိယာထုတ္ကုမၸဏီေတြကေန  ဝယ္ယူရမွာပဲျဖစ္ပါတယ္။ အခုလိုမ်ိဳး ကပ္ေရာဂါကိုႏွိမ္ႏွင္းေနရတဲ့အေျခအေနမ်ိဳးမွာ လိုအပ္တဲ့ ပစၥည္းကိရိယာေတြကို လံုလံုေလာက္ေလာက္ ထုတ္လုပ္ႏိုင္ဖို႔က ေငြပမာဏ၊ အခ်ိန္နဲ႔ လူအင္အား  အမ်ားအျပား လိုအပ္မွာပဲျဖစ္ပါတယ္။

ဒါေၾကာင့္လည္း Vodafone ကုမၸဏီ နည္းပညာအရာရွိခ်ဳပ္ Scott Petty က UK ႏိုင္ငံအာဏာပိုင္အဖြဲ႔ကို တ႐ုတ္ႏိုင္ငံနဲ႔ ကူးသန္းေရာင္းဝယ္ေရးကို ရပ္တန္႔လိုက္ရင္ေတာင္မွ UK ႏိုင္ငံရဲ႕ ဖုန္းနဲ႔အင္တာနက္ ဆက္သြယ္ေရးက႑မွာ Huawei ကုမၸဏီကို ဆက္လက္ပါဝင္ရပ္တည္ခြင့္  ျပဳသင့္ေၾကာင္း အၾကံေပးခဲ့တာပဲျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ E&T

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × 1 =

Must Read

ဘန်ကောက်မှာ ပထမဦးဆုံးဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဆေးခြောက်ကော်ဖီဆိုင်။

၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် တရားဝင်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇွန်လမတိုင်ခင်အထိ တရားဝင်အသုံးပြုခွင့် မရရှိသေးပါဘူး။ RG420 လို့အမည်ရတဲ့ ဆေးခြောက်ကော်ဖီဆိုင်ကို နိုင်ငံခြားခရီးသွားတွေနဲ့ ရေပန်းစားပြီး ရာနှင့်ချီသော ပြည်တွင်းပြည်ပ ဖောက်သည်များ စုပြုံရောက်ရှိနေပြီဖြစ်တဲ့ Khao San...