HomeOtherနာမည်ကြီးသတင်းဌာနကြီးတစ်ခုကို Twitter ကနေတဆင့် တိုက်ခိုက်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump

နာမည်ကြီးသတင်းဌာနကြီးတစ်ခုကို Twitter ကနေတဆင့် တိုက်ခိုက်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump

- Advertisement -

လွန်ခဲ့တဲ့စနေနေ့မှာ အမေရိကန်ပြည်ထောင်စု သမ္မတကြီး Donald Trumpက သူ့ရဲ့Twitter အကောင့်နဲ့ Facebook အကောင့်တွေမှာ သူ့ရဲ့နောက်လိုက်တွေကို Comcast သတင်းဌာန ထုတ်လွှင့်တဲ့ သတင်းတွေကို  နားထောင်တာ လျော့ချစေလိုကြောင်း ရေးသားပြောဆိုခဲ့ပါတယ်။

သမ္မတကြီးကတော့ သူသဘောမကျတဲ့ သတင်းတွေကို ထုတ်လွင့်တဲ့  သတင်းမီဒီယာတွေကို  တစ်နည်းမဟုတ်တစ်နည်းနဲ့ တိုက်ခိုက်ချင်စိတ်ရှိပုံပဲ။ ဘာလို့လည်းဆိုတော့ ၂၀၁၉ ခုနှစ်  ဇွန်လအတွင်းမှာလည်း CNNသတင်းဌာနရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ AT&T သတင်းဌာနနဲ့ပတ်သက်ပြီး သမ္မတကြီး Donald Trump က သူ့ရဲ့ Twitter အကောင့်မှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။ သမ္မတကြီးရဲ့  ဝေဖန်မှုကိုခံရပြီးတဲ့နောက်မှာပဲ ကုမ္ပဏီရဲ့ရှယ်ယာစျေးကွက်ကို ဝယ်ယူလိုသူတွေများလာခဲ့ပါတယ်။

- Advertisement -

NBC News နဲ့ MSNBC သတင်းဌာနတို့ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Comcast ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုမှာ Broadband နဲ့ Cable TVတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ သမ္မတကြီးက Comcast နဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေကို သူ့ရဲ့Twitter အကောင့်မှာ မတ်လကတည်းက တင်နေခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် MSNBC သတင်းဌာနက ဦးစီးပြုလုပ်တဲ့ သတင်းအစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတကြီးက ဝေဖန်တာမျိုးတွေပြုလုပ်ခဲ့ပါသေးတယ်။

- Advertisement -

၂၀၁၇ ခုနှစ်မှာ Arkansas ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Mike Huckabee က “Comcast သတင်းဌာနရဲ့ ဝန်ဆောင်မှုထက် လူဆိုးဂိုဏ်း Mafia အဖွဲ့ရဲ့ ဝန်ဆောင်မှုက ပိုကောင်းတယ်လို့ပဲ ပြောရမယ်။ ဟုတ်တယ်လေ Mafia အဖွဲ့ဝင်တွေကတော့ ခင်ဗျားကိုသေနတ်နဲ့ပစ်သတ်မှာပဲ။ ဒါပေမယ့် ခင်ဗျားကိုသတ်ဖို့အတွက် အသုံးပြုခဲ့တဲ့ ကျည်ဆံရဲ့အဖိုးအခကိုတော့ ယူမှာမဟုတ်ဘူး။”လို့ ရေးသားပြီးတော့ သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ တင်ခဲ့ပါတယ်။

- Advertisement -

Comcast သတင်းဌာနနဲ့ ပတ်သက်တဲ့ Mike ရဲ့ဝေဖန်မှုဟာ ၃ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် အခုအချိန်မှ သမ္မတကြီး Donald Trump က သတိထားမိပြီးနောက်  “Comcast သတင်းဌာနဟာ  ဆိုးရွားတဲ့ဝန်ဆောင်မှုကိုပဲ  ပေးစွမ်းနိုင်ပြီး အခြေအမြစ်မရှိတဲ့သတင်းအမှားတွေကို ဖြန့်ဝေနေတာမို့ သတင်းအမှန်တွေကို  သိရှိချင်တဲ့သူတွေအနေနဲ့ Comcast သတင်းဌာနက ထုတ်လွှင့်တဲ့သတင်းတွေကို နားမထောင်တော့ဘဲ အခြားသတင်းဌာနက တင်ဆက်ထုတ်လွှင့်ထားတဲ့  မှန်ကန်တဲ့သတင်းတွေကိုသာ  ပြောင်းပြီးနားထောင်လိုက်ပါ။” လို့ ရေးသားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

သမ္မတကြီးရဲ့လုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုအခြေစိုက် စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို အထိနာစေမယ့်  နိ်ုင်ငံတော်သမ္မတတစ်ဦးရဲ့ သမ္မတအာဏာကိုအသုံးပြုပြီး အနိုင်ကျင့်ခြင်းလို့ လူအများက ယူဆကြပါတယ်။  ဒါပေမယ့်လည်း အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူအများက အရေးမစိုက်သလို Comcast ကုမ္ပဏီက စီမံအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲတွေကလည်း သိပ်ပြီးမတုန်လှုပ်သွားကြပါဘူး။

<Unicode Version>

 

 

နာမည္ႀကီးသတင္းဌာနႀကီးတစ္ခုကို Twitter ကေနတဆင့္ တိုက္ခိုက္လိုက္တဲ့ အေမရိကန္ျပည္ေထာင္စုသမၼတ Donald Trump

လြန္ခဲ့တဲ့စေနေန႔မွာ အေမရိကန္ျပည္ေထာင္စု သမၼတႀကီး Donald Trumpက သူ႔ရဲ႕Twitter အေကာင့္နဲ႔ Facebook အေကာင့္ေတြမွာ သူ႔ရဲ႕ေနာက္လိုက္ေတြကို Comcast သတင္းဌာန ထုတ္လႊင့္တဲ့ သတင္းေတြကို  နားေထာင္တာ ေလ်ာ့ခ်ေစလိုေၾကာင္း ေရးသားေျပာဆိုခဲ့ပါတယ္။

သမၼတႀကီးကေတာ့ သူသေဘာမက်တဲ့ သတင္းေတြကို ထုတ္လြင့္တဲ့  သတင္းမီဒီယာေတြကို  တစ္နည္းမဟုတ္တစ္နည္းနဲ႔ တိုက္ခိုက္ခ်င္စိတ္ရွိပံုပဲ။ ဘာလို႔လည္းဆိုေတာ့ ၂၀၁၉ ခုႏွစ္  ဇြန္လအတြင္းမွာလည္း CNNသတင္းဌာနရဲ႕ ကုမၸဏီခြဲျဖစ္တဲ့ AT&T သတင္းဌာနနဲ႔ပတ္သက္ၿပီး သမၼတႀကီး Donald Trump က သူ႔ရဲ႕ Twitter အေကာင့္မွာ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ သမၼတႀကီးရဲ႕  ေဝဖန္မႈကိုခံရၿပီးတဲ့ေနာက္မွာပဲ ကုမၸဏီရဲ႕ရွယ္ယာေစ်းကြက္ကို ဝယ္ယူလိုသူေတြမ်ားလာခဲ့ပါတယ္။

NBC News နဲ႔ MSNBC သတင္းဌာနတို႔ရဲ႕ ကုမၸဏီခြဲျဖစ္တဲ့ Comcast ကုမၸဏီဟာ အေမရိကန္ျပည္ေထာင္စုမွာ Broadband နဲ႔ Cable TVေတြကို ထုတ္လုပ္တဲ့ကုမၸဏီျဖစ္ပါတယ္။ သမၼတႀကီးက Comcast နဲ႔ပတ္သက္ၿပီး ေဝဖန္ခ်က္ေတြကို သူ႔ရဲ႕Twitter အေကာင့္မွာ မတ္လကတည္းက တင္ေနခဲ့တာပဲျဖစ္ပါတယ္။ ဒါ့အျပင္ MSNBC သတင္းဌာနက ဦးစီးျပဳလုပ္တဲ့ သတင္းအစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း သမၼတႀကီးက ေဝဖန္တာမ်ိဳးေတြျပဳလုပ္ခဲ့ပါေသးတယ္။

၂၀၁၇ ခုႏွစ္မွာ Arkansas ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေဟာင္း Mike Huckabee က “Comcast သတင္းဌာနရဲ႕ ဝန္ေဆာင္မႈထက္ လူဆိုးဂိုဏ္း Mafia အဖြဲ႔ရဲ႕ ဝန္ေဆာင္မႈက ပိုေကာင္းတယ္လို႔ပဲ ေျပာရမယ္။ ဟုတ္တယ္ေလ Mafia အဖြဲ႔ဝင္ေတြကေတာ့ ခင္ဗ်ားကိုေသနတ္နဲ႔ပစ္သတ္မွာပဲ။ ဒါေပမယ့္ ခင္ဗ်ားကိုသတ္ဖို႔အတြက္ အသံုးျပဳခဲ့တဲ့ က်ည္ဆံရဲ႕အဖိုးအခကိုေတာ့ ယူမွာမဟုတ္ဘူး။”လို႔ ေရးသားၿပီးေတာ့ သူ႔ရဲ႕လူမႈကြန္ရက္အေကာင့္မွာ တင္ခဲ့ပါတယ္။

Comcast သတင္းဌာနနဲ႔ ပတ္သက္တဲ့ Mike ရဲ႕ေဝဖန္မႈဟာ ၃ ႏွစ္ၾကာခဲ့ၿပီျဖစ္ေပမယ့္ အခုအခ်ိန္မွ သမၼတႀကီး Donald Trump က သတိထားမိၿပီးေနာက္  “Comcast သတင္းဌာနဟာ  ဆိုးရြားတဲ့ဝန္ေဆာင္မႈကိုပဲ  ေပးစြမ္းႏိုင္ၿပီး အေျခအျမစ္မရွိတဲ့သတင္းအမွားေတြကို ျဖန္႔ေဝေနတာမို႔ သတင္းအမွန္ေတြကို  သိရွိခ်င္တဲ့သူေတြအေနနဲ႔ Comcast သတင္းဌာနက ထုတ္လႊင့္တဲ့သတင္းေတြကို နားမေထာင္ေတာ့ဘဲ အျခားသတင္းဌာနက တင္ဆက္ထုတ္လႊင့္ထားတဲ့  မွန္ကန္တဲ့သတင္းေတြကိုသာ  ေျပာင္းၿပီးနားေထာင္လိုက္ပါ။” လို႔ ေရးသားေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။

သမၼတႀကီးရဲ႕လုပ္ရပ္ဟာ အေမရိကန္ျပည္ေထာင္စုအေျခစိုက္ စီးပြားေရးလုပ္ငန္းတစ္ခုလံုးကို အထိနာေစမယ့္  ႏိ္ုင္ငံေတာ္သမၼတတစ္ဦးရဲ႕ သမၼတအာဏာကိုအသံုးျပဳၿပီး အႏိုင္က်င့္ျခင္းလို႔ လူအမ်ားက ယူဆၾကပါတယ္။  ဒါေပမယ့္လည္း အဆိုပါတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး လူအမ်ားက အေရးမစိုက္သလို Comcast ကုမၸဏီက စီမံအုပ္ခ်ဳပ္ေရးဆိုင္ရာ အႀကီးအကဲေတြကလည္း သိပ္ၿပီးမတုန္လႈပ္သြားၾကပါဘူး။

<Zawgyi Version>

 

Source ~ CNN

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read