HomeTechဂိမ်းချစ်သူတွေအတွက် PlayStation 5 ကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ Sony

ဂိမ်းချစ်သူတွေအတွက် PlayStation 5 ကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ Sony

- Advertisement -

Sony ဟာ ဂိမ်းကစားသူတွေအတွက် PlayStation 5 ကို အွန်လိုင်းကနေတဆင့် မိတ်ဆက်ပေးလိုက်ပြီပဲ  ဖြစ်ပါတယ်။ Xbox Series X နဲ့ PS 5 တို့ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာပဲ တစ်ပြိုင်တည်းထွက်ရှိလာမှာဖြစ်ပြီး COVID-19 ရောဂါကြောင့်တော့ ပစ္စည်းထုတ်လုပ်ရေးအပိုင်းမှာ အချိန်ကြန့်ကြာမှုမရှိနိုင်ဘူးလို့ ယူဆထားကြောင်း  ဆိုထားပါသေးတယ်။

အရင်ဦးဆုံး PlayStation 5  ရဲ့ အပြင်ဘက်ဒီဇိုင်းကိုကြည့်ရအောင်ပါ။ ဂိမ်းစက်ကို  ဒေါင်လိုက်ပုံစံနဲ့ရော  အလျားလိုက်ပုံစံနဲ့ပါ ထားသိုနိုင်မှာဖြစ်တဲ့အတွက် ဂိမ်းစက်ကိုဘယ်မှာထားရမလဲဆိုပြီး စိတ်ညစ်စရာမလိုတော့ပါဘူး။ လှပသေသပ်တဲ့ အဖြူအမည်းစပ်ထားတဲ့ PS 5 ဂိမ်းစက်ရဲ့ဒီဇိုင်းကို  သေချာကြည့်မယ်ဆိုရင်တော့ ခေတ်သစ်အနုပညာ မြောက်လွန်းတယ်ဆိုတာကို ငြင်းလို့မရပါဘူးနော်။ ခလုတ်ခုံဟာလည်း ပုံစံ ၂ မျိုးရှိပြီး ပုံစံတစ်ခုမှာတော့ Blu-ray Drive  ပါတာမို့  စျေးသက်သာမယ်ဆိုတာကိုလည်း ခန့်မှန်းလို့ရပါတယ်နော်။ PlayStation 5  ရဲ့ စျေးနှုန်းဟာ ယူရို ၄၀၀ နဲ့ ၅၀၀ ကြားမှာ ရှိနိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

- Advertisement -

- Advertisement -

PlayStation 5 မှာပါဝင်တဲ့ ခလုတ်ခုံမှာတော့ လျင်မြန်တဲ့ SSD Drive ပါဝင်ပြီး အချိန်ခဏတာအတွင်းမှာပဲ ဂိမ်းကိုစတင်ရွေးနိုင်မယ့် GPU ကိုထည့်သွင်းထားတာမို့ PlayStation 4 မှာပါဝင်တဲ့ စနစ်ထက်ကို ပိုပြီးကောင်းတဲ့ စနစ်ကိုထည့်သွင်းပေးထားတယ်လို့ ဆိုထားပါတယ်။ PS  5 မှာ ခလုတ်ခုံအပြင်  သီးသန့်ထိန်းသိမ်းနိုင်တဲ့ ခလုတ်တစ်ခုပါဝင်ပြီး ကြည်လင်ပြတ်သားတဲ့ HD ကင်မရာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကြိုးမဲ့မိုက်ပါနားကြပ်နဲ့ ဂိမ်းစက်မှာပါဝင်တဲ့ ပစ္စည်းတွေကို  တစ်ချိန်တည်းမှာပဲ   အားသွင်းနိုင်မည့်စနစ်လည်း ပါဝင်ပါတယ်။

- Advertisement -

၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ PS 4 ဂိမ်းစက်ရဲ့ခလုတ်ခုံ ဒီဇိုင်းကာလာအနေအထားဟာလည်း ပြိုင်ဘက်  Xbox One ရဲ့ ခလုတ်ခုံထက်ကို ပိုပြီးသားနားခဲ့တာမို့ ၂၀၂၀ မှာထွက်ရှိလာတဲ့ PS 5 အတွက် Sony ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ခလုတ်ခုံရဲ့ဒီဇိုင်းဟာလည်း အခြားသောခလုတ်ခုံဒီဇိုင်းတွေထက် ပိုပြီးသားနားမယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။

လူမှုကွန်ရက်ကနေတဆင့် ကြေငြာချက်ထုတ်ပြန်နေစဉ်အတွင်းမှာတော့ “Spider-Man: Miles Morales” အမည်နဲ့ ဂိမ်းဇာတ်လမ်းကို ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါဂိမ်းဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ PS 4 ဂိမ်းစက်မှာ ကစားလို့ရတဲ့ ပင့်ကူလူသားဂိမ်းရဲ့ အဆက်လို့ပြောလို့ရပါတယ်။ ဂိမ်းဇာတ်ကောင် Ratchet နဲ့ Clank တို့ရဲ့ စွန့်စားခန်းခရီးစဉ်အသစ် “Rift Apart”  ကိုလည်း PS 5 မှာ  ဆော့လို့ရမယ်လို့လည်း  ကြေငြာထားပါသေးတယ်။

Sony Interactive Entertainment ရဲ့ ဥက္ကဋ္ဌ Jim Ryan က “ဂိမ်းကစားရတာကို နှစ်သက်တဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအတွက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဂိမ်းအမျိုးအစားတွေကို အရည်အသွေးမြင့်တဲ့ စနစ်တွေ၊ ပုံစံအသစ်တွေနဲ့ ထည့်သွင်းပြုလုပ်ထားပါတယ်။ မြင်တွေ့နေကျမဟုတ်တဲ့ အသစ်အဆန်းတွေကို  တစ်နေရာထဲမှာ စုံလင်စွာမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ PS 5 ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းပေးခဲ့ပြီး စတင်ကြေငြာတဲ့အချိန်မှာလည်း စိတ်ဝင်စားပေးခဲ့တဲ့သူတွေ  အားလုံးကိုလည်း  ကျေးဇူးအများကြီးတင်ပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

ဂိမ္းခ်စ္သူေတြအတြက္ PlayStation 5 ကို စတင္မိတ္ဆက္ေပးလိုက္ၿပီျဖစ္တဲ့ Sony

Sony ဟာ ဂိမ္းကစားသူေတြအတြက္ PlayStation 5 ကို အြန္လိုင္းကေနတဆင့္ မိတ္ဆက္ေပးလိုက္ၿပီပဲ  ျဖစ္ပါတယ္။ Xbox Series X နဲ႔ PS 5 တို႔ဟာ ၂၀၂၀ ခုႏွစ္အတြင္းမွာပဲ တစ္ၿပိဳင္တည္းထြက္ရွိလာမွာျဖစ္ၿပီး COVID-19 ေရာဂါေၾကာင့္ေတာ့ ပစၥည္းထုတ္လုပ္ေရးအပိုင္းမွာ အခ်ိန္ၾကန္႔ၾကာမႈမရွိႏိုင္ဘူးလို႔ ယူဆထားေၾကာင္း  ဆိုထားပါေသးတယ္။

အရင္ဦးဆံုး PlayStation 5  ရဲ႕ အျပင္ဘက္ဒီဇိုင္းကိုၾကည့္ရေအာင္ပါ။ ဂိမ္းစက္ကို  ေဒါင္လိုက္ပံုစံနဲ႔ေရာ  အလ်ားလိုက္ပံုစံနဲ႔ပါ ထားသိုႏိုင္မွာျဖစ္တဲ့အတြက္ ဂိမ္းစက္ကိုဘယ္မွာထားရမလဲဆိုၿပီး စိတ္ညစ္စရာမလိုေတာ့ပါဘူး။ လွပေသသပ္တဲ့ အျဖဴအမည္းစပ္ထားတဲ့ PS 5 ဂိမ္းစက္ရဲ႕ဒီဇိုင္းကို  ေသခ်ာၾကည့္မယ္ဆိုရင္ေတာ့ ေခတ္သစ္အႏုပညာ ေျမာက္လြန္းတယ္ဆိုတာကို ျငင္းလို႔မရပါဘူးေနာ္။ ခလုတ္ခံုဟာလည္း ပံုစံ ၂ မ်ိဳးရွိၿပီး ပံုစံတစ္ခုမွာေတာ့ Blu-ray Drive  ပါတာမို႔  ေစ်းသက္သာမယ္ဆိုတာကိုလည္း ခန္႔မွန္းလို႔ရပါတယ္ေနာ္။ PlayStation 5  ရဲ႕ ေစ်းႏႈန္းဟာ ယူ႐ို ၄၀၀ နဲ႔ ၅၀၀ ၾကားမွာ ရွိႏိုင္တယ္လို႔ ပညာရွင္ေတြက ဆိုထားပါတယ္။

PlayStation 5 မွာပါဝင္တဲ့ ခလုတ္ခံုမွာေတာ့ လ်င္ျမန္တဲ့ SSD Drive ပါဝင္ၿပီး အခ်ိန္ခဏတာအတြင္းမွာပဲ ဂိမ္းကိုစတင္ေရြးႏိုင္မယ့္ GPU ကိုထည့္သြင္းထားတာမို႔ PlayStation 4 မွာပါဝင္တဲ့ စနစ္ထက္ကို ပိုၿပီးေကာင္းတဲ့ စနစ္ကိုထည့္သြင္းေပးထားတယ္လို႔ ဆိုထားပါတယ္။ PS  5 မွာ ခလုတ္ခံုအျပင္  သီးသန္႔ထိန္းသိမ္းႏိုင္တဲ့ ခလုတ္တစ္ခုပါဝင္ၿပီး ၾကည္လင္ျပတ္သားတဲ့ HD ကင္မရာလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ ႀကိဳးမဲ့မိုက္ပါနားၾကပ္နဲ႔ ဂိမ္းစက္မွာပါဝင္တဲ့ ပစၥည္းေတြကို  တစ္ခ်ိန္တည္းမွာပဲ   အားသြင္းႏိုင္မည့္စနစ္လည္း ပါဝင္ပါတယ္။

၂၀၁၃ ခုႏွစ္မွာထြက္ရွိခဲ့တဲ့ PS 4 ဂိမ္းစက္ရဲ႕ခလုတ္ခံု ဒီဇိုင္းကာလာအေနအထားဟာလည္း ၿပိဳင္ဘက္  Xbox One ရဲ႕ ခလုတ္ခံုထက္ကို ပိုၿပီးသားနားခဲ့တာမို႔ ၂၀၂၀ မွာထြက္ရွိလာတဲ့ PS 5 အတြက္ Sony ကုမၸဏီက ထုတ္လုပ္ထားတဲ့ ခလုတ္ခံုရဲ႕ဒီဇိုင္းဟာလည္း အျခားေသာခလုတ္ခံုဒီဇိုင္းေတြထက္ ပိုၿပီးသားနားမယ္ဆိုတာကို ခန္႔မွန္းလို႔ရပါတယ္။

လူမႈကြန္ရက္ကေနတဆင့္ ေၾကျငာခ်က္ထုတ္ျပန္ေနစဥ္အတြင္းမွာေတာ့ “Spider-Man: Miles Morales” အမည္နဲ႔ ဂိမ္းဇာတ္လမ္းကို ေဖာ္ျပသြားခဲ့ပါတယ္။ အဆိုပါဂိမ္းဟာ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ PS 4 ဂိမ္းစက္မွာ ကစားလို႔ရတဲ့ ပင့္ကူလူသားဂိမ္းရဲ႕ အဆက္လို႔ေျပာလို႔ရပါတယ္။ ဂိမ္းဇာတ္ေကာင္ Ratchet နဲ႔ Clank တို႔ရဲ႕ စြန္႔စားခန္းခရီးစဥ္အသစ္ “Rift Apart”  ကိုလည္း PS 5 မွာ  ေဆာ့လို႔ရမယ္လို႔လည္း  ေၾကျငာထားပါေသးတယ္။

Sony Interactive Entertainment ရဲ႕ ဥကၠ႒ Jim Ryan က “ဂိမ္းကစားရတာကို ႏွစ္သက္တဲ့ ကၽြန္ေတာ္တို႔ရဲ႕ မ်ိဳးဆက္သစ္ေတြအတြက္ စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ ဂိမ္းအမ်ိဳးအစားေတြကို အရည္အေသြးျမင့္တဲ့ စနစ္ေတြ၊ ပံုစံအသစ္ေတြနဲ႕ ထည့္သြင္းျပဳလုပ္ထားပါတယ္။ ျမင္ေတြ႕ေနက်မဟုတ္တဲ့ အသစ္အဆန္းေတြကို  တစ္ေနရာထဲမွာ စံုလင္စြာျမင္ေတြ႕ႏိုင္မွာပဲျဖစ္ပါတယ္။ PS 5 ကို စိတ္လႈပ္ရွားစြာ ေစာင့္ဆိုင္းေပးခဲ့ၿပီး စတင္ေၾကျငာတဲ့အခ်ိန္မွာလည္း စိတ္ဝင္စားေပးခဲ့တဲ့သူေတြ  အားလံုးကိုလည္း  ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ” လို႔ ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ E&T

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read