HomeLifeStyleချစ်ရသူနဲ့ ပြန်လည်တွေ့ဆုံခွင့်ရနိုင်တော့မည့် အင်္ဂလန်နိုင်ငံသားများ။

ချစ်ရသူနဲ့ ပြန်လည်တွေ့ဆုံခွင့်ရနိုင်တော့မည့် အင်္ဂလန်နိုင်ငံသားများ။

- Advertisement -

အင်္ဂလန်နိုင်ငံက မတူညီတဲ့နေရာမှာနေထိုင်နေတဲ့ ချစ်သူစုံတွဲတွေကို တရားဝင်ပြန်လည်တွေ့ဆုံခွင့်  ပေးတော့မည်ဖြစ်ကြောင်းကို ဝန်ကြီးချုပ် Boris Johnson က ပြီးခဲ့တဲ့ရက်အချို့က ကျင်းပပြုလုပ်ခဲ့တဲ့  သတင်းစာရှင်းလင်းပွဲမှာ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

ဒီသတင်းဟာ ကပ်ရောဂါကြောင့် ချစ်ခင်ကြင်နာရသူတွေနဲ့ အချိန်ကာလကြာရှည်စွာ  တွေ့ဆုံခွင့်မရတဲ့    ချစ်သူစုံတွဲတွေအတွက်တော့ သတင်းကောင်းပါပဲနော်။ အဆိုပါခွင့်ပြုချက်ဟာ ချစ်သူရည်းစားတိုင်းအတွက် အကြုံးမဝင်ပါဘူး။ ဝန်ကြီးချုပ် Boris Johnsonက ချစ်သူနဲ့စုံတွေ့ချင်တဲ့သူတွေအနေနဲ့ သိသင့်သိထားထိုက်တဲ့  လူနေမှုပုံစံကိုလည်း တစ်ပါးတည်း မျှဝေပြောပြခဲ့ပါတယ်။

ကိုယ့်ရဲ့ချစ်သူနဲ့ တွေ့ချင်တဲ့သူတွေဟာ မိမိနေထိုင်ရာနေအိမ်မှာ တစ်ဦးတည်း နေထိုင်သူတွေဖြစ်ရပါမယ်။  အသက် ၁၈ နှစ်အောက် ကလေးတွေကို တစ်ကိုယ်တည်း ပြုစုစောင့်ရှောက်နေရတဲ့ အဖေ / အမေတွေ ဖြစ်ရပါမယ်။ အဲ့လိုလူတွေကပဲ သူတို့ရဲ့ချစ်သူတွေနဲ့ တွေ့ဆုံခွင့်ရမှာဖြစ်ပါတယ်။

- Advertisement -

အဆိုပါခွင့်ပြုချက်ဟာ ကိုယ့်ရဲ့နေအိမ်မှာတစ်ယောက်တည်း နေထိုင်ပြီး မိသားစုဝင်တွေ ချစ်ခင်ရသူတွေ သူငယ်ချင်းတွေနဲ့ မတွေ့ဆုံရပဲ တစ်ဦးတည်းဖြစ်နေပြီး အထီးကျန်နေသူတွေကို ကူညီပေးခြင်းပဲဖြစ်တယ်လို့  ဆိုထားပါတယ်။ အခုလိုမျိုး ခက်ခဲတဲ့အချိန်ကာလကို  ကျော်ဖြတ်နိုင်ဖို့အတွက်  ချစ်ရသူတွေထံကနေ  ဖေးမကူညီမှုနဲ့  ချစ်ခြင်းမေတ္တာလိုအပ်တယ်ဆိုတာကို ဝန်ကြီးချုပ် Boris Johnson က ယုံကြည်တာကြောင့်  အဆိုပါခွင့်ပြုချက်ကို ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု များနေဆဲဖြစ်တဲ့ Scotland ၊ Wales နဲ့ Northen Ireland တို့မှာ နေထိုင်သူတွေကိုတော့ အဆိုပါခွင့်ပြုချက်ကို ပေးအပ်သွားမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်  Boris Johnson  က သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

ခ်စ္ရသူနဲ႔ ျပန္လည္ေတြ႕ဆံုခြင့္ရႏိုင္ေတာ့မည့္ အဂၤလန္ႏိုင္ငံသားမ်ား။

အဂၤလန္ႏိုင္ငံက မတူညီတဲ့ေနရာမွာေနထိုင္ေနတဲ့ ခ်စ္သူစံုတြဲေတြကို တရားဝင္ျပန္လည္ေတြ႕ဆံုခြင့္  ေပးေတာ့မည္ျဖစ္ေၾကာင္းကို ဝန္ႀကီးခ်ဳပ္ Boris Johnson က ၿပီးခ့ဲတ့ဲရက္အခ်ိဳ႕က က်င္းပျပဳလုပ္ခဲ့တဲ့  သတင္းစာရွင္းလင္းပြဲမွာ ေၾကျငာခဲ့တာပဲျဖစ္ပါတယ္။

ဒီသတင္းဟာ ကပ္ေရာဂါေၾကာင့္ ခ်စ္ခင္ၾကင္နာရသူေတြနဲ႔ အခ်ိန္ကာလၾကာရွည္စြာ  ေတြ႕ဆံုခြင့္မရတဲ့    ခ်စ္သူစံုတြဲေတြအတြက္ေတာ့ သတင္းေကာင္းပါပဲေနာ္။ အဆိုပါခြင့္ျပဳခ်က္ဟာ ခ်စ္သူရည္းစားတိုင္းအတြက္ အၾကံဳးမဝင္ပါဘူး။ ဝန္ႀကီးခ်ဳပ္ Boris Johnsonက ခ်စ္သူနဲ႔စံုေတြ႕ခ်င္တဲ့သူေတြအေနနဲ႔ သိသင့္သိထားထိုက္တဲ့  လူေနမႈပံုစံကိုလည္း တစ္ပါးတည္း မွ်ေဝေျပာျပခဲ့ပါတယ္။

ကိုယ့္ရဲ႕ခ်စ္သူနဲ႔ ေတြ႕ခ်င္တဲ့သူေတြဟာ မိမိေနထိုင္ရာေနအိမ္မွာ တစ္ဦးတည္း ေနထိုင္သူေတြျဖစ္ရပါမယ္။  အသက္ ၁၈ ႏွစ္ေအာက္ ကေလးေတြကို တစ္ကိုယ္တည္း ျပဳစုေစာင့္ေရွာက္ေနရတဲ့ အေဖ / အေမေတြ ျဖစ္ရပါမယ္။ အဲ့လိုလူေတြကပဲ သူတို႔ရဲ႕ခ်စ္သူေတြနဲ႔ ေတြ႕ဆံုခြင့္ရမွာျဖစ္ပါတယ္။

အဆိုပါခြင့္ျပဳခ်က္ဟာ ကိုယ့္ရဲ႕ေနအိမ္မွာတစ္ေယာက္တည္း ေနထိုင္ၿပီး မိသားစုဝင္ေတြ ခ်စ္ခင္ရသူေတြ သူငယ္ခ်င္းေတြနဲ႔ မေတြ႕ဆံုရပဲ တစ္ဦးတည္းျဖစ္ေနၿပီး အထီးက်န္ေနသူေတြကို ကူညီေပးျခင္းပဲျဖစ္တယ္လို႕  ဆိုထားပါတယ္။ အခုလိုမ်ိဳး ခက္ခဲတဲ့အခ်ိန္ကာလကို  ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္  ခ်စ္ရသူေတြထံကေန  ေဖးမကူညီမႈနဲ႔  ခ်စ္ျခင္းေမတၱာလိုအပ္တယ္ဆိုတာကို ဝန္ႀကီးခ်ဳပ္ Boris Johnson က ယံုၾကည္တာေၾကာင့္  အဆိုပါခြင့္ျပဳခ်က္ကို ထုတ္ျပန္ေၾကျငာခဲ့ျခင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

- Advertisement -

ဒါေပမယ့္လည္း လက္ရွိမွာ ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ မ်ားေနဆဲျဖစ္တဲ့ Scotland ၊ Wales နဲ႔ Northen Ireland တို႔မွာ ေနထိုင္သူေတြကိုေတာ့ အဆိုပါခြင့္ျပဳခ်က္ကို ေပးအပ္သြားမွာမဟုတ္ဘူးလို႔လည္း ဝန္ႀကီးခ်ဳပ္  Boris Johnson  က သတင္းစာရွင္းလင္းပြဲမွာ ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ Unilad

#SY(Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

10 − 6 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...