HomeHome & Propertyအိမ်ငှားတွေကို အိမ်လခတစ်လစာ ကင်းလွတ်ခွင့်ပေးပြီး ကူညီပေးခဲ့တဲ့ အိမ်အငှားပိုင်ရှင်။

အိမ်ငှားတွေကို အိမ်လခတစ်လစာ ကင်းလွတ်ခွင့်ပေးပြီး ကူညီပေးခဲ့တဲ့ အိမ်အငှားပိုင်ရှင်။

- Advertisement -

အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Mario Salerno ဟာ အမေရိကန်ပြည်ထောင်စု Virginia ပြည်နယ်က Williamsburg မြို့နဲ့ NewYork မြို့ Brooklyn  ဒေသက Greenpoint ရပ်ကွက်မှာ တိုက်ခန်းအိမ်ယာ ၈၀ လောက်ကို ပိုင်ဆိုင်ထားပြီး အဆိုပါအိမ်ယာတွေမှာ ငှားရမ်းနေထိုင်သူ ၂၀၀ ကျော်ရှိပါတယ်။

COVID-19 ရောဂါ ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူစုလူဝေးကို ရှောင်ရှားရမှာမို့ လူအများစုတစ်နေရာထဲမှာ အလုပ်လုပ်ကြရတဲ့ စက်ရုံတွေ ၊ ကုမ္ပဏီတွေဟာလည်း ယာယီပိတ်သိမ်းထားရတာဖြစ်တာမို့ လူတော်တော်များများဟာ အလုပ်လက်မဲ့ဖြစ်လာခဲ့ပါတယ်။

အသုံးစရိတ်ကြီးတဲ့ မြို့ပြမှာနေထိုင်သူတွေဟာ အလုပ်လက်မဲ့ဖြစ်လာရတာကြောင့် ငွေကြေးအခက်အခဲတွေ ကြုံတွေ့လာရတာပဲဖြစ်ပါတယ်။ ငွေကြေးအခက်အခဲတွေကို ကြုံတွေ့နေရတဲ့ အိမ်ငှားတွေကို စာနာသနားတတ်တဲ့ Mario Salerno က သူ့ရဲ့တိုက်ခန်းမှာ နေထိုင်တဲ့ အိမ်ငှားရာကျော်ကို ဧပြီလအတွက် အိမ်အငှားခကို ပေးစရာမလိုကြောင်း သူနေထိုင်ရာ အဆောက်အအုံအရှေ့မှာ စာတိုလေးရေးပြီး အသိပေးကြေငြာခဲ့ပါတယ်။

- Advertisement -

Mario Salerno ရဲ့ အသိပေးကြော်ငြာစာတိုလေးမှာတော့ “ကျွန်တော့်တိုက်ခန်းမှာ နေထိုင်နေတဲ့ အိမ်ငှားတွေကို ၂၀၂ဝခုနှစ် ဧပြီလ တစ်လစာအတွက် အိမ်ငှားခကင်းလွတ်ခွင့်ပေးထားပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ အိမ်နီးနားချင်းတွေကိုလည်း ကူညီပါ။ လက်ကိုလည်း ခဏခဏဆေးပေးပါဗျာ။” လို့  ရေးသားထားတာပဲဖြစ်ပါတယ်။

- Advertisement -

Mario ရဲ့ လုပ်ငန်းရှင်မဆန်ဘဲ အိမ်ငှားတွေအပေါ် မိသားစုသကဲ့သို့ သနားကြင်နာမှုကြောင့် Mario ကို လူအများက လေးစားလာကြပါတယ်။ နယူးယောက်ခ်မြို့အခြေစိုက် NBC  သတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ Mario က “ကျွန်တော့်ရဲ့တစ်လစာဝင်ငွေကို ဆုံးရှုံးရမှာထက် ကျွန်တော့်ရဲ့တိုက်ခန်းမှာ နေထိုင်နေတဲ့ အိမ်ငှားတွေရဲ့ ကျန်းမာရေးကို ကျွန်တော်ကပိုစိတ်ပူတယ်။ ဒါကြောင့်လည်း ကျွန်တော်က အိမ်ငှားတွေကို ကျန်းမာရေးကိုပိုပြီးဂရုစိုက်ဖို့ သတိပေးတာပါ။” လို့ ဆိုခဲ့ပါတယ်။

Mario ပိုင်ဆိုင်တဲ့တိုက်ခန်းမှာ နေထိုင်သူ Kaitlyn Guteski က ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် သူ့ရဲ့ဆံပင်အလှပြင်ဆိုင်ကို ပိတ်ထားရတာကြောင့် ငွေကြေးအခြေအနေခက်ခဲနေတာမို့ အိမ်လခကိုပေးဖို့ စိုးရိမ်ပူပန်နေခဲ့ပေမယ့် အိမ်ပိုင်ရှင် Mario ရဲ့ အိမ်ငှားတွေအပေါ်စာနာသနားမှုကြောင့် ပိုမိုအဆင်ပြေလာခဲ့တယ်လို့ ဆိုထားပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရားရုံးမှာအလုပ်လုပ်သူ ရှေ့နေ Paul Gentile က New York Times သတင်းဌာနကို “Mr. Salerno ပိုင်ဆိုင်တဲ့ တိုက်ခန်းမှာ ကျွန်တော်နေတာ ၄ နှစ်လောက်ရှိပြီ။ Mr. Salerno က ခေတ်မှီပြီး စီးပွားရေးရှင်မဆန်တဲ့ သူဌေးတစ်ယောက်ပါ။ Mr. Salerno နဲ့ သူ့ရဲ့အိမ်ငှားတွေကြားမှာရှိတဲ့ ဆက်ဆံရေးမျိုးကို ကျွန်တော်တို့ဘယ်မှာမှ မတွေ့နိုင်ဘူး။” လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

 

အိမ္ငွားေတြကို အိမ္လခတစ္လစာ ကင္းလြတ္ခြင့္ေပးၿပီး ကူညီေပးခဲ့တဲ့ အိမ္အငွားပိုင္ရွင္။

အသက္ ၅၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Mario Salerno ဟာ အေမရိကန္ျပည္ေထာင္စု Virginia ျပည္နယ္က Williamsburg ၿမိဳ႕နဲ႔ NewYork ၿမိဳ႕ Brooklyn  ေဒသက Greenpoint ရပ္ကြက္မွာ တိုက္ခန္းအိမ္ယာ ၈၀ ေလာက္ကို ပိုင္ဆိုင္ထားၿပီး အဆိုပါအိမ္ယာေတြမွာ ငွားရမ္းေနထိုင္သူ ၂၀၀ ေက်ာ္ရွိပါတယ္။

- Advertisement -

COVID-19 ေရာဂါ ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လူစုလူေဝးကို ေရွာင္ရွားရမွာမို႔ လူအမ်ားစုတစ္ေနရာထဲမွာ အလုပ္လုပ္ၾကရတဲ့ စက္႐ံုေတြ ၊ ကုမၸဏီေတြဟာလည္း ယာယီပိတ္သိမ္းထားရတာျဖစ္တာမို႔ လူေတာ္ေတာ္မ်ားမ်ားဟာ အလုပ္လက္မဲ့ျဖစ္လာခဲ့ပါတယ္။

အသံုးစရိတ္ႀကီးတဲ့ ၿမိဳ႕ျပမွာေနထိုင္သူေတြဟာ အလုပ္လက္မဲ့ျဖစ္လာရတာေၾကာင့္ ေငြေၾကးအခက္အခဲေတြ ၾကံဳေတြ႕လာရတာပဲျဖစ္ပါတယ္။ ေငြေၾကးအခက္အခဲေတြကို ၾကံဳေတြ႕ေနရတဲ့ အိမ္ငွားေတြကို စာနာသနားတတ္တဲ့ Mario Salerno က သူ႔ရဲ႕တိုက္ခန္းမွာ ေနထိုင္တဲ့ အိမ္ငွားရာေက်ာ္ကို ဧၿပီလအတြက္ အိမ္အငွားခကို ေပးစရာမလိုေၾကာင္း သူေနထိုင္ရာ အေဆာက္အအံုအေရွ႕မွာ စာတိုေလးေရးၿပီး အသိေပးေၾကျငာခဲ့ပါတယ္။

Mario Salerno ရဲ႕ အသိေပးေၾကာ္ျငာစာတိုေလးမွာေတာ့ “ကၽြန္ေတာ့္တိုက္ခန္းမွာ ေနထိုင္ေနတဲ့ အိမ္ငွားေတြကို ၂၀၂၀ခုႏွစ္ ဧၿပီလ တစ္လစာအတြက္ အိမ္ငွားခကင္းလြတ္ခြင့္ေပးထားပါတယ္။ က်န္းမာေရးကို ဂ႐ုစိုက္ပါ။ အိမ္နီးနားခ်င္းေတြကိုလည္း ကူညီပါ။ လက္ကိုလည္း ခဏခဏေဆးေပးပါဗ်ာ။” လို႔  ေရးသားထားတာပဲျဖစ္ပါတယ္။

Mario ရဲ႕ လုပ္ငန္းရွင္မဆန္ဘဲ အိမ္ငွားေတြအေပၚ မိသားစုသကဲ့သို႔ သနားၾကင္နာမႈေၾကာင့္ Mario ကို လူအမ်ားက ေလးစားလာၾကပါတယ္။ နယူးေယာက္ခ္ၿမိဳ႕အေျခစိုက္ NBC  သတင္းဌာနနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာေတာ့ Mario က “ကၽြန္ေတာ့္ရဲ႕တစ္လစာဝင္ေငြကို ဆံုးရႈံးရမွာထက္ ကၽြန္ေတာ့္ရဲ႕တိုက္ခန္းမွာ ေနထိုင္ေနတဲ့ အိမ္ငွားေတြရဲ႕ က်န္းမာေရးကို ကၽြန္ေတာ္ကပိုစိတ္ပူတယ္။ ဒါေၾကာင့္လည္း ကၽြန္ေတာ္က အိမ္ငွားေတြကို က်န္းမာေရးကိုပိုၿပီးဂ႐ုစိုက္ဖို႔ သတိေပးတာပါ။” လို႔ ဆိုခဲ့ပါတယ္။

Mario ပိုင္ဆိုင္တဲ့တိုက္ခန္းမွာ ေနထိုင္သူ Kaitlyn Guteski က ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ သူ႔ရဲ႕ဆံပင္အလွျပင္ဆိုင္ကို ပိတ္ထားရတာေၾကာင့္ ေငြေၾကးအေျခအေနခက္ခဲေနတာမို႔ အိမ္လခကိုေပးဖို႔ စိုးရိမ္ပူပန္ေနခဲ့ေပမယ့္ အိမ္ပိုင္ရွင္ Mario ရဲ႕ အိမ္ငွားေတြအေပၚစာနာသနားမႈေၾကာင့္ ပိုမိုအဆင္ေျပလာခဲ့တယ္လို႔ ဆိုထားပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ တရား႐ံုးမွာအလုပ္လုပ္သူ ေရွ႕ေန Paul Gentile က New York Times သတင္းဌာနကို “Mr. Salerno ပိုင္ဆိုင္တဲ့ တိုက္ခန္းမွာ ကၽြန္ေတာ္ေနတာ ၄ ႏွစ္ေလာက္ရွိၿပီ။ Mr. Salerno က ေခတ္မွီၿပီး စီးပြားေရးရွင္မဆန္တဲ့ သူေဌးတစ္ေယာက္ပါ။ Mr. Salerno နဲ႔ သူ႔ရဲ႕အိမ္ငွားေတြၾကားမွာရွိတဲ့ ဆက္ဆံေရးမ်ိဳးကို ကၽြန္ေတာ္တို႔ဘယ္မွာမွ မေတြ႕ႏိုင္ဘူး။” လို႔ ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ Unilad

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 1 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...