HomeHome & PropertyCOVID – 19 ကာလအတွင်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်စျေးကွက်အခြေအနေ။

COVID – 19 ကာလအတွင်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်စျေးကွက်အခြေအနေ။

- Advertisement -

အိမ်ခြံမြေစျေးကွက်ကိုစိတ်ဝင်စားတဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် နိုင်ငံတော်တော်များများက အိမ်ခြံမြေရောင်းအားဟာ သိသိသာသာ ကျဆင်းလာခဲ့ကြောင်းကို အရင်ဆောင်းပါးတွေမှာ မျှဝေဖော်ပြပြီးခဲ့ပါပြီ။

ဒါပေမယ့် ထူးခြားစွာပဲ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ အိမ်ခြံမြေဝယ်အား၊  ရောင်းအားတွေက အခုချိန်မှာ လျော့ဆင်းသွားခြင်းမရှိဘူးလို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်ကုန်ခါနီးမှာ ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်တဲ့ လူစည်ကားရာမြို့တွေက အိမ်ခြံမြေစျေးကွက်ဟာ အမြင့်ဆုံးတိုးတက်ခဲ့ပြီး ၂၀၂၀  ခုနှစ် အစောပိုင်းမှာပဲ ထိုင်းနိုင်ငံအတွင်းက အိမ်ခြံမြေစျေးကွက်ဟာ ၅.၆၉ % လောက်အထိ တက်လာခဲ့ပါတယ်။

- Advertisement -

ထိုင်းနိုင်ငံအိမ်ခြံမြေစျေးကွက်ကို လေ့လာကြည့်မယ်ဆိုရင်တော့ တစ်နှစ်ထက်တစ်နှစ် အိမ်ခြံမြေရောင်းအားနှုန်းဟာ ၅% စီတိုးတက်လာပြီး ထိုင်းနိုင်ငံဗဟိုဘဏ်ရဲ့ သတင်းပေးချက်အရ ၂၀၂၀ ခုနှစ် အစောပိုင်းအချိန်ကာလမှာတော့ ထိုင်းနိုင်ငံအိမ်ခြံမြေရောင်းစျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၉၉.၃၃ ဘီလျံလောက်ထိ ရှိခဲ့ပါတယ်။

- Advertisement -

လူနေရပ်ကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေက တစ်ရှိန်ထိုးတိုးတက်လာပါတယ်။ ထိုင်းနိုင်ငံတစ်ဝှမ်းအတွင်း အိမ်ခန်းတွဲတိုက်တန်းတွေမှာ နေထိုင်ဖို့အတွက် စာရင်းပေးသွင်းသူဦးရေဟာလည်း များပြားလာပါတယ်။ ဘန်ကောက်မြို့အတွင်း အိမ်ခြံမြေငှားရမ်းလိုသူတွေများပြားလာရခြင်းကလည်း ဘန်ကောက်မြို့အတွင်းမှာရှိတဲ့ အိမ်ခြံမြေစျေးတွေဟာ ပေးရတာနဲ့ကိုက်ညီတဲ့ လူနေမှုအဆင့်အတန်းကို ရရှိနိုင်ခြင်းဖြစ်တာကြောင့်လို့လည်း သိရပါတယ်။

- Advertisement -

၂၀၁၁ ခုနှစ် နောက်ဆုံးလတွေအတွင်းမှာ ထိုင်းနိုင်ငံဟာဆိုရင် ဆိုးရွားတဲ့စီးပွါးရေးကျဆင်းမှုဒဏ်ကို ခံခဲ့ရပါတယ်။  COVID-19 ရောဂါပျံ့နှံ့မှုကြောင့် ၂၀၂၀ ခုနှစ် အစောပိုင်းမှာတော့ ထိုင်းနိုင်ငံရဲ့စီးပွါးရေးဟာ ၁.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး နိုင်ငံအတွင်း ကုန်စည်စီးဆင်းမှုဟာ နှောင့်နှေးသွားကာ ခရီးသွားလုပ်ငန်းဟာလည်း အားနည်းသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံအမျိုးသားစီးပွါးရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီရဲ့ ဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းခြေရာခိုင်နှုန်းက ၁.၅% ကနေ ၂.၅% အထိ ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မေလအတွင်းမှာ ထိုင်းနိုင်ငံဗဟိုဘဏ်ကလည်း ရောဂါပျံ့နှံ့မှုကြောင့် နိုင်ငံစီးပွားရေးကဏ္ဍ ဂယက်ရိုက်မှုကို   လျော့ချနိုင်ဖို့အတွက် စီးပွားရေးစံနှုန်းတွေကို ၀.၅% ထိလျော့ချပေးလိုက်တယ်လို့လည်း သိရပါတယ်။

<Zawgyi Version>

 

COVID – 19 ကာလအတြင္း ထိုင္းႏိုင္ငံရဲ႕ အိမ္ျခံေျမေစ်းကြက္ေစ်းကြက္အေျခအေန။

အိမ္ျခံေျမေစ်းကြက္ကိုစိတ္ဝင္စားတဲ့ Soshwe စာဖတ္ပရိသတ္ႀကီးအတြက္ ကမာၻတစ္ဝွမ္းမွာျဖစ္ေပၚေနတဲ့ COVID-19 ေရာဂါေၾကာင့္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက အိမ္ျခံေျမေရာင္းအားဟာ သိသိသာသာ က်ဆင္းလာခဲ့ေၾကာင္းကို အရင္ေဆာင္းပါးေတြမွာ မွ်ေဝေဖာ္ျပၿပီးခဲ့ပါၿပီ။

ဒါေပမယ့္ ထူးျခားစြာပဲ ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံမွာေတာ့ အိမ္ျခံေျမဝယ္အား၊  ေရာင္းအားေတြက အခုခ်ိန္မွာ ေလ်ာ့ဆင္းသြားျခင္းမရွိဘူးလို႔ သိရပါတယ္။ ၂၀၁၈ ခုႏွစ္ကုန္ခါနီးမွာ ထိုင္းႏိုင္ငံမွာရွိတဲ့ ႏိုင္ငံျခားခရီးသြားဧည့္သည္အမ်ားအျပား လာေရာက္လည္ပတ္တဲ့ လူစည္ကားရာၿမိဳ႕ေတြက အိမ္ျခံေျမေစ်းကြက္ဟာ အျမင့္ဆံုးတိုးတက္ခဲ့ၿပီး ၂၀၂၀  ခုႏွစ္ အေစာပိုင္းမွာပဲ ထိုင္းႏိုင္ငံအတြင္းက အိမ္ျခံေျမေစ်းကြက္ဟာ ၅.၆၉ % ေလာက္အထိ တက္လာခဲ့ပါတယ္။

ထိုင္းႏိုင္ငံအိမ္ျခံေျမေစ်းကြက္ကို ေလ့လာၾကည့္မယ္ဆိုရင္ေတာ့ တစ္ႏွစ္ထက္တစ္ႏွစ္ အိမ္ျခံေျမေရာင္းအားႏႈန္းဟာ ၅% စီတိုးတက္လာၿပီး ထိုင္းႏိုင္ငံဗဟိုဘဏ္ရဲ႕ သတင္းေပးခ်က္အရ ၂၀၂၀ ခုႏွစ္ အေစာပိုင္းအခ်ိန္ကာလမွာေတာ့ ထိုင္းႏိုင္ငံအိမ္ျခံေျမေရာင္းေစ်းႏႈန္းဟာ အေမရိကန္ေဒၚလာ ၉၉.၃၃ ဘီလ်ံေလာက္ထိ ရွိခဲ့ပါတယ္။

လူေနရပ္ကြက္အတြင္း ေဆာက္လုပ္ေရးလုပ္ငန္းေတြက တစ္ရွိန္ထိုးတိုးတက္လာပါတယ္။ ထိုင္းႏိုင္ငံတစ္ဝွမ္းအတြင္း အိမ္ခန္းတြဲတိုက္တန္းေတြမွာ ေနထိုင္ဖို႔အတြက္ စာရင္းေပးသြင္းသူဦးေရဟာလည္း မ်ားျပားလာပါတယ္။ ဘန္ေကာက္ၿမိဳ႕အတြင္း အိမ္ျခံေျမငွားရမ္းလိုသူေတြမ်ားျပားလာရျခင္းကလည္း ဘန္ေကာက္ၿမိဳ႕အတြင္းမွာရွိတဲ့ အိမ္ျခံေျမေစ်းေတြဟာ ေပးရတာနဲ႔ကိုက္ညီတဲ့ လူေနမႈအဆင့္အတန္းကို ရရွိႏိုင္ျခင္းျဖစ္တာေၾကာင့္လို႔လည္း သိရပါတယ္။

၂၀၁၁ ခုႏွစ္ ေနာက္ဆံုးလေတြအတြင္းမွာ ထိုင္းႏိုင္ငံဟာဆိုရင္ ဆိုးရြားတဲ့စီးပြါးေရးက်ဆင္းမႈဒဏ္ကို ခံခဲ့ရပါတယ္။  COVID-19 ေရာဂါပ်ံ႕ႏွံ႔မႈေၾကာင့္ ၂၀၂၀ ခုႏွစ္ အေစာပိုင္းမွာေတာ့ ထိုင္းႏိုင္ငံရဲ႕စီးပြါးေရးဟာ ၁.၈ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားၿပီး ႏိုင္ငံအတြင္း ကုန္စည္စီးဆင္းမႈဟာ ေႏွာင့္ေႏွးသြားကာ ခရီးသြားလုပ္ငန္းဟာလည္း အားနည္းသြားခဲ့ပါတယ္။

ထိုင္းႏိုင္ငံအမ်ိဳးသားစီးပြါးေရးႏွင့္ လူမႈဖြံ႔ၿဖိဳးတိုးတက္ေရးေကာင္စီရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈခန္႔မွန္းေျခရာခိုင္ႏႈန္းက ၁.၅% ကေန ၂.၅% အထိ ရွိႏိုင္ေၾကာင္း ႀကိဳတင္ခန္႔မွန္းခ်က္ေတြကို ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္ ေမလအတြင္းမွာ ထိုင္းႏိုင္ငံဗဟိုဘဏ္ကလည္း ေရာဂါပ်ံ႕ႏွံ႔မႈေၾကာင့္ ႏိုင္ငံစီးပြားေရးက႑ ဂယက္႐ိုက္မႈကို   ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ စီးပြားေရးစံႏႈန္းေတြကို ၀.၅% ထိေလ်ာ့ခ်ေပးလိုက္တယ္လို႔လည္း သိရပါတယ္။

<Zawgyi Version>

 

Source ~ GlobalPropertyGuide

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read