HomeTechTikTok Application ကိုပြိုင်ဆိုင်တော့မည့် Mobile Application ကုမ္ပဏီကြီးတစ်ခု။

TikTok Application ကိုပြိုင်ဆိုင်တော့မည့် Mobile Application ကုမ္ပဏီကြီးတစ်ခု။

- Advertisement -

တရုတ်နိုင်ငံမှ ဗီဒီယိုဇာတ်လမ်းတိုများဖန်တီးသည့် ကုမ္ပဏီများသည် ပြည်ပနိုင်ငံမှကုမ္ပဏီများကို ပြိုင်ဆိုင်ရန် ဆန္ဒပြင်းထန်လာပြီး လက်ရှိအချိန်၌ တရုတ်နိုင်ငံရှိ ဗီဒီယိုဖန်တီးသည့်ကုမ္ပဏီများစာရင်း၌ နံပါတ် (၂) နေရာ၌ ရပ်တည်နေသော Kuaishou က Zynn Application ကို ပြီးခဲ့သည့်မေလက စတင်မိတ်ဆက်ခဲ့ကာ လက်ရှိအချိန်တွင်မူ အဆိုပါ Application က အမေရိကန်နိုင်ငံရှိ Apple App Store ၌ လူကြိုက်အများဆုံး အခမဲ့ Application တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် Kuaishou  က နာမည်ကျော် TikTok Application ကို Beijing အခြေစိုက် Bytedance နဲ့အတူ ကမ္ဘာ့စျေးကွက်ကို လုယူနိုင်ရန်ကြိုးစားနေပြီဖြစ်ပါတယ်။ ယခုမိတ်ဆက်ထားသော Zynn Application သည် TikTok နဲ့ အလားသဏ္ဍာန်တူညီသည့် Application တစ်ခုပင်ဖြစ်ပြီး တေးဂီတများနဲ့အတူကခုန်နိုင်ရန် သို့မဟုတ် အခြားသောအသုံးပြုသူများရဲ့ ကပြနေသည့်ဗီဒီိယိုများကိုကြည့်ရှုနိုင်ရန် ရည်ရွယ်ရေးဆွဲပေးထားကြောင်း သိရှိရပါတယ်။

ဒါပေမယ့် TikTok နဲ့မတူညီသည့်အချက်တစ်ချက်က Zynn အနေဖြင့် ဖျော်ဖြေရေးသပ်သပ်ထက်ပိုသည့် Application တစ်ခုဟုဆိုနိုင်ပြီး စျေးကွက်အတွင်းနေရာအခိုင်အမာရရှိရန်အတွက် သုံးစွဲသူများကို လက်ဆောင်များ၊ ငွေကြေးများဖြင့်ဆွဲဆောင်ထားပါတယ်။ အဆိုပါ Application ကို အသုံးပြုသူများအနေဖြင့် ဗီဒီယိုများကိုကြည့်ရှုခြင်းဖြင့်ပင် ရမှတ်များရယူနိုင်ပြီး အဆိုပါရမှတ်များကို  ငွေသားဖြင့်  ပြန်လည်လဲလှယ်နိုင်သည်အထိ အသုံးပြုသူများပြားလာစေရန် ဆွဲဆောင်ထားခြင်းဖြစ်ပါတယ်။

- Advertisement -

တရုတ်နိုင်ငံအတွင်း၌ အသုံးပြု၍မရသော အဆိုပါ Application ကို အမေရိကန်နိုင်ငံနဲ့ကနေဒါနိုင်ငံတို့မှ အသုံးပြုသူများက အခြားသူများကို အသုံးပြုရန် Invite ပြုလုပ်ပေးပါက Invite ပြုလုပ်ခံရသူအနေဖြင့် Zynn Application ကို မည်မျှအသုံးပြုသည်ဆိုသည့်အပေါ်မူတည်၍ ဒေါ်လာ (၂၀) နဲ့အထက်အထိ ဆုကြေးငွေ ရရှိနိုင်ကြောင်းလည်း သိရှိရပါတယ်။ Kuaishou သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများနေအိမ်အတွင်း နေထိုင်နေရသည့်အချိန်၌ ချိန်သားကိုက်ပေါ်ပေါက်လာခဲ့သည့် Application တစ်ခုဖြစ်ပြီး အဆိုပါ Application ရဲ့ ရေရှည်အလားအလာမှာမူ ကုန်အမှတ်တံဆိပ်များကိုဆွဲဆောင်နိုင်စွမ်း၊ အရည်အသွေးရှိ Content များ ဖန်တီးနိုင်စွမ်းတို့အပေါ် မူတည်ကြောင်းလည်း လေ့လာသုံးသပ်သူများကဆိုပါတယ်။

- Advertisement -

<Unicode Version>

 

TikTok Application ကိုၿပိဳင္ဆိုင္ေတာ့မည့္ Mobile Application ကုမၸဏီႀကီးတစ္ခု။

တရုတ္ႏုိင္ငံမွ ဗီဒီယိုဇာတ္လမ္းတိုမ်ားဖန္တီးသည့္ ကုမၸဏီမ်ားသည္ ျပည္ပႏိုင္ငံမွကုမၸဏီမ်ားကို ၿပိဳင္ဆုိင္ရန္ ဆႏၵျပင္းထန္လာၿပီး လက္ရွိအခ်ိန္၌ တရုတ္ႏိုင္ငံရွိ ဗီဒီယိုဖန္တီးသည့္ကုမၸဏီမ်ားစာရင္း၌ နံပါတ္ (၂) ေနရာ၌ ရပ္တည္ေနေသာ Kuaishou က Zynn Application ကို ၿပီးခဲ့သည့္ေမလက စတင္မိတ္ဆက္ခဲ့ကာ လက္ရွိအခ်ိန္တြင္မူ အဆိုပါ Application က အေမရိကန္ႏိုင္ငံရွိ Apple App Store ၌ လူႀကိဳက္အမ်ားဆံုး အခမဲ့ Application တစ္ခုျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္ Kuaishou  က နာမည္ေက်ာ္ TikTok Application ကို Beijing အေျခစိုက္ Bytedance နဲ႔အတူ ကမာၻ႕ေစ်းကြက္ကို လုယူႏုိင္ရန္ႀကိဳးစားေနၿပီျဖစ္ပါတယ္။ ယခုမိတ္ဆက္ထားေသာ Zynn Application သည္ TikTok နဲ႔ အလားသ႑ာန္တူညီသည့္ Application တစ္ခုပင္ျဖစ္ၿပီး ေတးဂီတမ်ားနဲ႔အတူကခုန္ႏုိင္ရန္ သို႔မဟုတ္ အျခားေသာအသံုးျပဳသူမ်ားရဲ႕ ကျပေနသည့္ဗီဒီိယိုမ်ားကိုၾကည့္ရႈႏိုင္ရန္ ရည္ရြယ္ေရးဆဲြေပးထားေၾကာင္း သိရွိရပါတယ္။

ဒါေပမယ့္ TikTok နဲ႔မတူညီသည့္အခ်က္တစ္ခ်က္က Zynn အေနျဖင့္ ေဖ်ာ္ေျဖေရးသပ္သပ္ထက္ပိုသည့္ Application တစ္ခုဟုဆိုႏုိင္ၿပီး ေစ်းကြက္အတြင္းေနရာအခိုင္အမာရရွိရန္အတြက္ သံုးစဲြသူမ်ားကို လက္ေဆာင္မ်ား၊ ေငြေၾကးမ်ားျဖင့္ဆဲြေဆာင္ထားပါတယ္။ အဆုိပါ Application ကို အသံုးျပဳသူမ်ားအေနျဖင့္ ဗီဒီယိုမ်ားကိုၾကည့္ရႈျခင္းျဖင့္ပင္ ရမွတ္မ်ားရယူႏုိင္ၿပီး အဆိုပါရမွတ္မ်ားကို  ေငြသားျဖင့္  ျပန္လည္လဲလွယ္ႏုိင္သည္အထိ အသံုးျပဳသူမ်ားျပားလာေစရန္ ဆဲြေဆာင္ထားျခင္းျဖစ္ပါတယ္။

တရုတ္ႏိုင္ငံအတြင္း၌ အသံုးျပဳ၍မရေသာ အဆုိပါ Application ကို အေမရိကန္ႏုိင္ငံနဲ႔ကေနဒါႏုိင္ငံတို႔မွ အသံုးျပဳသူမ်ားက အျခားသူမ်ားကို အသံုးျပဳရန္ Invite ျပဳလုပ္ေပးပါက Invite ျပဳလုပ္ခံရသူအေနျဖင့္ Zynn Application ကို မည္မွ်အသံုးျပဳသည္ဆုိသည့္အေပၚမူတည္၍ ေဒၚလာ (၂၀) နဲ႔အထက္အထိ ဆုေၾကးေငြ ရရွိႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။ Kuaishou သည္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ လူအမ်ားေနအိမ္အတြင္း ေနထိုင္ေနရသည့္အခ်ိန္၌ ခ်ိန္သားကုိက္ေပၚေပါက္လာခဲ့သည့္ Application တစ္ခုျဖစ္ၿပီး အဆိုပါ Application ရဲ႕ ေရရွည္အလားအလာမွာမူ ကုန္အမွတ္တံဆိပ္မ်ားကိုဆဲြေဆာင္ႏုိင္စြမ္း၊ အရည္အေသြးရွိ Content မ်ား ဖန္တီးႏုိင္စြမ္းတို႔အေပၚ မူတည္ေၾကာင္းလည္း ေလ့လာသံုးသပ္သူမ်ားကဆိုပါတယ္။

<Zawgyi Version>

- Advertisement -

 

Source ~ Bangkok Post

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#llikeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...