HomeEntertainmentလူမျိုးရေးခွဲခြားမှုကိစ္စရပ်များနဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ Justin Bieber
လူမျိုးရေးခွဲခြားမှုကိစ္စရပ်များနဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ Justin Bieber
- Advertisement -
အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ နာမည်ကျော်အဆိုတော် Justin Bieber က သူ့ရဲ့အနုပညာလမ်းကြောင်းတစ်လျှောက်၌ လူမည်းယဉ်ကျေးမှုများကြောင့် စိတ်ဓာတ်တက်ကြွမှုများ ရရှိခဲ့သည်ဟု ဝန်ခံလိုက်ပြီး မတရားမှုများအတွက် အတူတကွတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အင်စတာဂရမ်မှတစ်ဆင့် ရေးသားခဲ့ပါတယ်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ အမေရိကန်ရဲအရာရှိတစ်ဦးရဲ့ လူမဆန်စွာစစ်ဆေးမေးမြန်းခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် ဂျော့ချ်ဖလွိုက်အတွက် တရားမျှတမှု  တောင်းဆိုသည့်ဆန္ဒပြပွဲများ ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိပြီး အားကစားနဲ့အနုပညာလောကအပြင် ကဏ္ဍအသီးသီးမှ နာမည်ကျော်များကပါ ဂျော့ချ်ဖလွိုက်အတွက် တရားမျှတမှုကို ဝိုင်းဝန်းတောင်းဆိုလျက်ရှိပါတယ်။
https://www.instagram.com/p/CBHAQiUn1MV/?utm_source=ig_embed
- Advertisement -
Justin Bieber ကလည်း “ကျွန်တော့်ဆီမှာ လူမည်းတွေရဲ့ယဉ်ကျေးမှုတွေ ကိန်းအောင်းနေပြီး အဲ့ဒီကနေတစ်ဆင့် အကျိုးကျေးဇူးတွေရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဟန်၊ သီချင်းဆိုပုံ၊ ကပြဖျော်ဖြေပုံနဲ့ ဖက်ရှင်အားလုံးက လူမည်းယဉ်ကျေးမှုရဲ့လွှမ်းမိုးခြင်းကိုခံနေရတာပါ။ လူမျိုးရေးအရခွဲခြားဆက်ဆံတာတွေ၊ အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်နေတာတွေအတွက် ကျွန်တော့်ရဲ့ဆိုရှယ်မီဒီယာတွေကို အသုံးပြုသွားမှာပါ။” ဟု  သူ့ရဲ့အင်စတာဂရမ်မှတစ်ဆင့် ထုတ်ဖော်ရေးသားခဲ့ပါတယ်။
- Advertisement -
https://www.instagram.com/p/CBEs8PTHKym/?utm_source=ig_embed
- Advertisement -
Black Lives Matter ဆိုသည့်လှုပ်ရှားမှုကိုလည်း ထောက်ခံအားပေးနေသည့် နာမည်ကျော်များအနက် Justin Bieber ကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး Breonna Taylor သေဆုံးခဲ့သည့်ဖြစ်ရပ်အတွက်လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းပေးရန် ပရိသတ်များကို တိုက်တွန်းခဲ့ပါသေးတယ်။ အဆိုပါအမျိုးသမီးသည်လည်း လူမည်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်မတ်လအတွင်းက သူမရဲ့နေအိမ်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်ဖြင့် (၈) ချက်တိတိပစ်သတ်ခံခဲ့ရကြောင်းသိရှိရပါတယ်။
<Unicode Version>
<Zawgyi Version>
Source ~ EW
#HM(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare
- Advertisement -
Must Read