HomeBanking & Financeကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဂျပန်နိုင်ငံရဲ့စီးပွားရေးအခြေအနေ။

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဂျပန်နိုင်ငံရဲ့စီးပွားရေးအခြေအနေ။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရသည့် ပထမ (၃) လပတ်ကာလအတွင်း ဂျပန်နိုင်ငံ၌ စီးပွားရေးကျဆင်းမှုက မျှော်လင့်ထားသည်ထက် ပိုမိုသက်သာရာရခဲ့ကြောင်း ပြီးခဲ့သည့်တနလာင်္နေ့က တရားဝင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရပါတယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေးအခြေအနေမှာမူ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ကျဆင်းမှုများနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ပြည်တွင်းထုတ်ကုန်စုစုပေါင်းသည် ယခင် (၃) လပတ်နဲ့ယှဉ်လိုက်ပါက ယခုနှစ်ရဲ့ပထမ (၃) လပတ်အတွင်း၌ (၀.၆) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တာဝန်ရှိသူများကမူ (၀.၉) ရာခိုင်နှုန်းကျဆင်းသွားကြောင်း ကနဦး အစီရင်ခံခဲ့ပါတယ်။ စီးပွားရေးပညာရှင်များကမူ (၀.၅) ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းများအရ ဂျပန်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် (၂၀၁၅) ခုနှစ်နောက်ပိုင်း စီးပွားရေးကျဆင်းမှုနဲ့ ပထမဆုံးရင်ဆိုင်နေရပြီး (၂၀၁၉) ခုနှစ်ရဲ့ စတုတ္ထ (၃) လပတ်၌ တိုင်ဖွန်းမုန်တိုင်းများ၊ အခွန်ငွေ တိုးမြှင့်ကောက်ခံခြင်းကိစ္စရပ်များကြောင့်လည်း ဂျပန်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများကို အပြင်းအထန် ထိခိုက်စေခဲ့ကြောင်းသိရှိရပါတယ်။

ဂျပန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနှုန်းက စီးပွားရေးအခြေအနေထက်ပိုမိုဆိုးရွားခဲ့သည်ဟုဆိုနိုင်ပြီး နိုင်ငံတစ်ဝှမ်းကူးစက်ခံရမှု (၁၇, ၀၀၀) ကျော်နဲ့ သေဆုံးသူဦးရေ (၉၀၀) ခန့်ရှိခဲ့ပါတယ်။ အာဏာပိုင်များက နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်မားဆုံးအနေအထားသို့ ရောက်ရှိသွားပြီး နိုင်ငံရဲ့စီးပွားရေးအထူးသဖြင့် တိုကျိုမြို့ကို အဓိကရိုက်ခတ်ခဲ့ပြီးနောက် နိုင်ငံသူ၊ နိုင်ငံသားများကို နေအိမ်၌သာနေထိုင်ရန် တိုက်တွန်းခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်မှုများရှိနေခြင်းကြောင့် လာမယ့်လများအတွင်း၌ ဂျပန်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများ ပိုမိုဆိုးဝါးလာမည်ဟု ကျွမ်းကျင်သူအများစုက ယုံကြည်နေကြောင်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 


- Advertisement -




<Zawgyi Version>

 

Source ~ Bangkok Post

#HM(Soshwe)

#soshwebankingandfinance

- Advertisement -

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seven + 18 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...