HomeEducationပူပူနွေးနွေးဘွဲ့ရထားသည့် ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားလိုက်သည့် Beyonce

ပူပူနွေးနွေးဘွဲ့ရထားသည့် ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားလိုက်သည့် Beyonce

- Advertisement -

ပြီးခဲ့သည့်တနင်္ဂနွေနေ့က YouTube မှတစ်ဆင့် တင်ဆက်ခဲ့သည့် Dear Class of 2020 အစီအစဉ်၌ နာမည်ကျော်အဆိုတော် Beyonce က (၂၀၂၀) ခုနှစ်အတွင်း ပူပူနွေးနွေးဘွဲဲ့ရရှိထားသည့်  ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ (၂၀၂၀) ခုနှစ်အစောပိုင်း၌ ကမ္ဘာတစ်ဝှမ်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားခဲ့သလို လက်ရှိအချိန်၌လည်း အမေရိကန်နိုင်ငံတွင်းလူမည်းအမျိုးသားဂျော့ချ်ဖလွိုက် မတရားသေဆုံးခဲ့ရသည့်ဖြစ်ရပ်အတွက် ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ဘွဲ့ယူရန်အားခဲထားသူများ၊ ဘွဲဲ့ရပြီးနောက် လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသူများအတွက် အဆိုပါဖြစ်ရပ်များကအဟန့်အတားဖြစ်စေခဲ့ပြီး ထို့ကြောင့်လည်း Beyonce က ယခုကဲ့သို့ အားပေးစကားပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ Beyonce က “ရှင်တို့အားလုံးက ကပ်ရောဂါတွေ၊  လူမျိုးရေးတွေ၊ လူူသားမဆန်တဲ့သတ်ဖြတ်မှုတွေရဲ့အလယ်ကိုရောက်ရှိနေပြီး George Floyd၊ Ahmaud Arbery နဲ့ Breonna Taylor တို့ သတ်ဖြတ်ခံရခြင်းက ကျွန်မတို့အားလုံးကို ဒုက္ခရောက်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ရဲ့အပြုသဘောဆောင်တဲ့နှလုံးသားတွေ၊ စုပေါင်းလုပ်ဆောင်မှုတွေကို မြင်တွေ့ခဲ့ရပြီး စစ်မှန်တဲ့အပြောင်းအလဲတွေကို အထက်တန်းကျောင်းက မျိုးဆက်သစ်တွေ၊ တက္ကသိုလ်ဘွဲ့ရတွေနဲ့အတူတကွစတင်ခဲ့ပါပြီ။” ဟု ပြောကြားသွားခဲ့ပါတယ်။

- Advertisement -

- Advertisement -

ဒါ့အပြင် Beyonce က တက္ကသိုလ်ကောလိပ်ကျောင်းတက်ရောက်ခွင့်မရရှိခဲ့ပေမယ့် ပညာရဲ့တန်ဖိုးကို မိဘနှစ်ပါးကသင်ကြားပေးခဲ့ကြောင်း၊ မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံခြင်းက အရေးပါကြောင်း စသဖြင့် သူမရဲ့ဘဝအတွေ့အကြုံများကိုလည်း မျှဝေခဲ့ပါတယ်။ Beyonce က အမျိုးသားနဲ့အမျိုးသမီး  တစ်ဦးချင်းစီအတွက်လည်း အားပေးစကားတစ်မျိုးစီပြောကြားသွားခဲ့ပြီး သူမရဲ့ပြောစကားများက ကပ်ဘေးနဲ့စိတ်ပျက်စရာကာလအတွင်း ဘွဲ့ရရှိခဲ့သည့်ကျောင်းသား၊ ကျောင်းသူများအတွက် ခွန်အားတစ်ရပ် ဖြစ်စေနိုင်မှာ အသေအချာပင်ဖြစ်ပါတယ်။

- Advertisement -

နောက်ဆုံး၌ Beyonce က “လာမယ့် (၁၀) နှစ်၊ နှစ်ပေါင်း (၂၀) အတွင်းမှာ ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲဆိုတာ ရှင်တို့အပေါ်မှာ တစ်စိတ်တစ်ဒေသမူတည်နေပါတယ်။ ဒီအချိန်က ကျွန်မတို့အားလုံးအတွက်၊ ရှင်တို့ဘဝအတွက် ခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလတွေဖြစ်ပြီး ကမ္ဘာကြီးကို ပြန်ကုစားရမယ့်အချိန်ပါပဲ။ ရှင်တို့က ကျွန်မတို့အတွက်လိုအပ်နေတဲ့ခေါင်းဆောင်တွေဖြစ်လာနိုင်ပြီး အခုအတိုင်းဆက်လက်အောင်ပွဲခံနိုင်ဖို့၊ မတူညီတဲ့ဘဝတွေကို ကိုယ့်ဘဝထက်ပိုမိုတန်ဖိုးထားနိုင်ဖို့ ဆုတောင်းပေးလိုက်ရပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

ပူပူေႏြးေႏြးဘဲြ႕ရထားသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အားေပးစကားေျပာၾကားလိုက္သည့္ Beyonce

ၿပီးခဲ့သည့္တနဂၤေႏြေန႔က YouTube မွတစ္ဆင့္ တင္ဆက္ခဲ့သည့္ Dear Class of 2020 အစီအစဥ္၌ နာမည္ေက်ာ္အဆိုေတာ္ Beyonce က (၂၀၂၀) ခုႏွစ္အတြင္း ပူပူေႏြးေႏြးဘဲြဲ႕ရရွိထားသည့္  ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အားေပးစကားေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။ (၂၀၂၀) ခုႏွစ္အေစာပိုင္း၌ ကမာၻတစ္ဝွမ္းကိုရိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈျဖစ္ပြားခဲ့သလို လက္ရွိအခ်ိန္၌လည္း အေမရိကန္ႏုိင္ငံတြင္းလူမည္းအမ်ိဳးသားေဂ်ာ့ခ်္ဖလိြဳက္ မတရားေသဆံုးခဲ့ရသည့္ျဖစ္ရပ္အတြက္ ဆႏၵျပပဲြမ်ား ျဖစ္ပြားလ်က္ရွိပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ဘဲြ႕ႏွင္းသဘင္အခမ္းအနားျဖင့္ ဘဲြ႕ယူရန္အားခဲထားသူမ်ား၊ ဘဲြဲ႕ရၿပီးေနာက္ လုပ္ငန္းခြင္ဝင္ရန္ ျပင္ဆင္ေနသူမ်ားအတြက္ အဆုိပါျဖစ္ရပ္မ်ားကအဟန္႔အတားျဖစ္ေစခဲ့ၿပီး ထုိ႔ေၾကာင့္လည္း Beyonce က ယခုကဲ့သို႔ အားေပးစကားေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ Beyonce က “ရွင္တို႔အားလံုးက ကပ္ေရာဂါေတြ၊  လူမ်ိဳးေရးေတြ၊ လူူသားမဆန္တဲ့သတ္ျဖတ္မႈေတြရဲ႕အလယ္ကိုေရာက္ရွိေနၿပီး George Floyd၊ Ahmaud Arbery နဲ႔ Breonna Taylor တို႔ သတ္ျဖတ္ခံရျခင္းက ကြ်န္မတို႔အားလံုးကို ဒုကၡေရာက္ေစခဲ့ပါတယ္။ ဒါေပမယ့္ ဒီလိုအခ်ိန္မ်ိဳးမွာ ကြ်န္မတို႔ရဲ႕အျပဳသေဘာေဆာင္တဲ့ႏွလံုးသားေတြ၊ စုေပါင္းလုပ္ေဆာင္မႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး စစ္မွန္တဲ့အေျပာင္းအလဲေတြကို အထက္တန္းေက်ာင္းက မ်ိဳးဆက္သစ္ေတြ၊ တကၠသိုလ္ဘဲြ႕ရေတြနဲ႔အတူတကြစတင္ခဲ့ပါၿပီ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ Beyonce က တကၠသိုလ္ေကာလိပ္ေက်ာင္းတက္ေရာက္ခြင့္မရရွိခဲ့ေပမယ့္ ပညာရဲ႕တန္ဖိုးကို မိဘႏွစ္ပါးကသင္ၾကားေပးခဲ့ေၾကာင္း၊ မိမိကိုယ္ကိုရင္းႏွီးျမွဳပ္ႏွံျခင္းက အေရးပါေၾကာင္း စသျဖင့္ သူမရဲ႕ဘဝအေတြ႕အႀကံဳမ်ားကိုလည္း မွ်ေဝခဲ့ပါတယ္။ Beyonce က အမ်ိဳးသားနဲ႔အမ်ိဳးသမီး  တစ္ဦးခ်င္းစီအတြက္လည္း အားေပးစကားတစ္မ်ိဳးစီေျပာၾကားသြားခဲ့ၿပီး သူမရဲ႕ေျပာစကားမ်ားက ကပ္ေဘးနဲ႔စိတ္ပ်က္စရာကာလအတြင္း ဘဲြ႕ရရွိခဲ့သည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ခြန္အားတစ္ရပ္ ျဖစ္ေစႏုိင္မွာ အေသအခ်ာပင္ျဖစ္ပါတယ္။

ေနာက္ဆံုး၌ Beyonce က “လာမယ့္ (၁၀) ႏွစ္၊ ႏွစ္ေပါင္း (၂၀) အတြင္းမွာ ကမာၻႀကီးက ဘယ္လိုျဖစ္ေနမလဲဆိုတာ ရွင္တုိ႔အေပၚမွာ တစ္စိတ္တစ္ေဒသမူတည္ေနပါတယ္။ ဒီအခ်ိန္က ကြ်န္မတို႔အားလံုးအတြက္၊ ရွင္တုိ႔ဘဝအတြက္ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ကာလေတြျဖစ္ၿပီး ကမာၻႀကီးကို ျပန္ကုစားရမယ့္အခ်ိန္ပါပဲ။ ရွင္တို႔က ကြ်န္မတို႔အတြက္လုိအပ္ေနတဲ့ေခါင္းေဆာင္ေတြျဖစ္လာႏုိင္ၿပီး အခုအတိုင္းဆက္လက္ေအာင္ပဲြခံႏုိင္ဖို႔၊ မတူညီတဲ့ဘဝေတြကို ကိုယ့္ဘဝထက္ပိုမိုတန္ဖိုးထားႏုိင္ဖို႔ ဆုေတာင္းေပးလိုက္ရပါတယ္။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ EW

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read