HomeBanking & Financeအသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် လုပ်ဆောင်ရမည့်အချက်များ။

အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် လုပ်ဆောင်ရမည့်အချက်များ။

- Advertisement -

ကမ္ဘာတစ်ဝှမ်းကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများလည်ပတ်နိုင်ရေး၌ ကမောက်ကမများဖြစ်ပွားခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဆိုပါရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီး လက်ရှိအချိန်၌ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကို လျှော့ချခြင်း၊ စီးပွားရေးအခွင့်အလမ်းအသစ်များကိုရှာဖွေခြင်း၊ ရေရှည်အတွက် အလားအလာရှိသည့် အနေအထားကို ပြောင်းလဲခြင်းတို့အပြင် နည်းပညာအကူအညီများကိုလည်းရယူရန် လိုအပ်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း၌ စင်ကာပူအစိုးရကဘဏ္ဍာရေးနဲ့ပတ်သက်သည့် ထပ်ဆောင်းအကူအညီများ ပေးခဲ့ပြီး ထိုအထဲ၌ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ်သို့ တက်ရောက်နိုင်ရေးလည်း ပါဝင်ခဲ့ပါတယ်။ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုနိုင်ရေးအတွက် အစိုးရမှဒေါ်လာသန်း (၅၀၀) နဲ့အထက် အသုံးပြုသွားမည်ဖြစ်ပြီး အစားအသောက်နဲ့ လက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်းများကို ဦးစားပေးကူညီသွားမည်ဟုသိရှိရပါတယ်။

PayNow ကော်ပိုရိတ်ကိုကျင့်သုံးရန်နဲ့အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ်နဲ့ အသားကျစေရန်အတွက် အစိုးရကေ ထာက်ပံ့ပေးသွားမှာဖြစ်ပြီး ထိုကဲ့သို့ထောက်ပံ့မှုများကြောင့် အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်အသုံးချမှုအပေါ် ပိုမိုအရှိန်မြှင့် ဆောင်ရွက်နိုင်မည်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်၌ စင်ကာပူနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းပေါင်း (၁၂၀, ၀၀၀) က PayNow ကော်ပိုရိတ်ကို အသုံးပြုနေကြပြီး ကမ္ဘာလုံးဆိုင်ရာသတင်းအချက်အလက်နဲ့ ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် Experian က အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအနက် (၆၀) ရာခိုင်နှုန်းသည် ချေးငွေရယူနိုင်ခွင့်နည်းပါးနေပြီဖြစ်ပြီး ဆိုးရွားသည့်စီးပွားရေးအခြေအနေများ၌ အားနည်းချက်များ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း သတိပေးခဲ့ပါတယ်။

- Advertisement -

ထို့ကြောင့် အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် အနာဂတ်၌ရင်ဆိုင်လာရနိုင်သည့် အခက်အခဲများကိုကျော်ဖြတ်နိုင်ရန်အတွက် ယခုအချိန်တည်းကကြိုတင်ပြင်ဆင်ထားရန် အရေးကြီးလာပြီ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ဘဏ္ဍာရေးစနစ်များကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းအတွင်း ငွေလည်ပတ်မှုကို ရှင်းရှင်းလင်းလင်းသိရှိနိုင်မည်ဖြစ်ပြီး ရောင်းအားကျဆင်းနေသည့်ကာလ၊ ယခုကဲ့သို့ အခက်အခဲများနဲ့ ရင်ဆိုင်နေရသည့်ကာလအတွင်း၌ ဝင်ငွေမည်မျှရရှိခဲ့ကြောင်းကို အတိအကျသိရှိနိုင်မှာ ဖြစ်ပါတယ်။

- Advertisement -

ထိုမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ရန်ပုံငွေများပြန်လည်ချထားခြင်း သို့မဟုတ် ယခုကဲ့သို့ အခက်အခဲများနဲ့ရင်ဆိုင်လာရနိုင်သည့်အချိန်အတွက် ထပ်ဆောင်းရန်ပုံငွေ ထားရှိခြင်းများ ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေကြေးစီမံခန့်ခွဲနိုင်ရေးအတွက် ဒစ်ဂျစ်တယ်အထောက်အကူပြု Application များကို စတင်အသုံးပြုရန် လိိုအပ်ပြီး အခက်အခဲများကို ကျော်လွှားနိုင်ရန်လိုအပ်ပါတယ်။ ဒါ့အပြင် အဆိုပါလုပ်ငန်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် HSBC ဘဏ်မှတစ်ဆင့် ဒစ်ဂျစ်တယ်ဆိုင်ရာ အထောက်အပံ့များကို ရယူနိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်အလွန် “New Normal” ကာလအတွက် ဝန်ထမ်းများ၊ အလုပ်ရှင်များနဲ့ ရှယ်ယာရှင်များထံသို့ စာရွက်စာတမ်းမလိုအပ်သော ငွေကြေးအလွှဲအပြောင်းများ ပြုလုပ်နိုင်ရန် လိုအပ်ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဆက္လက္ရပ္တည္ႏိုင္ေရးအတြက္ လုပ္ေဆာင္ရမည့္အခ်က္မ်ား။

ကမာၻတစ္ဝွမ္းကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားလည္ပတ္ႏုိင္ေရး၌ ကေမာက္ကမမ်ားျဖစ္ပြားခဲ့သည္ကို အားလံုးသိရွိၿပီးျဖစ္ပါတယ္။ အေသးစားနဲ႔အလတ္စား စီးပြားေရးလုပ္ငန္းမ်ားသည္ အဆုိပါရိုက္ခတ္မႈဒဏ္ကို ျပင္းထန္စြာခံစားခဲ့ရၿပီး လက္ရွိအခ်ိန္၌ လုပ္ငန္းဆက္လက္ရပ္တည္ႏုိင္ေရးအတြက္ လုပ္ငန္းလည္ပတ္မႈကုန္က်စရိတ္မ်ားကို ေလွ်ာ့ခ်ျခင္း၊ စီးပြားေရးအခြင့္အလမ္းအသစ္မ်ားကိုရွာေဖြျခင္း၊ ေရရွည္အတြက္ အလားအလာရွိသည့္ အေနအထားကို   ေျပာင္းလဲျခင္းတို႔အျပင္ နည္းပညာအကူအညီမ်ားကိုလည္းရယူရန္ လိုအပ္လာပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္း၌ စင္ကာပူအစိုးရကဘ႑ာေရးနဲ႔ပတ္သက္သည့္ ထပ္ေဆာင္းအကူအညီမ်ား  ေပးခဲ့ၿပီး ထိုအထဲ၌ အေသးစားနဲ႔ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဒစ္ဂ်စ္တယ္လမ္းေၾကာင္းေပၚသို႔ တက္ေရာက္ႏုိင္ေရးလည္း ပါဝင္ခဲ့ပါတယ္။ အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဒစ္ဂ်စ္တယ္စနစ္ကို အသံုးျပဳႏုိင္ေရးအတြက္ အစိုးရမွေဒၚလာသန္း (၅၀၀) နဲ႔အထက္ အသံုးျပဳသြားမည္ျဖစ္ၿပီး အစားအေသာက္နဲ႔ လက္လီလက္ကားေရာင္းဝယ္ေရးလုပ္ငန္းမ်ားကို ဦးစားေပးကူညီသြားမည္ဟုသိရွိရပါတယ္။

PayNow ေကာ္ပိုရိတ္ကိုက်င့္သံုးရန္နဲ႔အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဒစ္ဂ်စ္တယ္စနစ္နဲ႔ အသားက်ေစရန္အတြက္ အစိုးရကေ ထာက္ပံ့ေပးသြားမွာျဖစ္ၿပီး ထိုကဲ့သို႔ေထာက္ပံ့မႈမ်ားေၾကာင့္ အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ ဒစ္ဂ်စ္တယ္အသံုးခ်မႈအေပၚ ပိုမိုအရွိန္ျမွင့္  ေဆာင္ရြက္ႏုိင္မည္လည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္၌ စင္ကာပူႏုိင္ငံအတြင္းရွိ စီးပြားေရးလုပ္ငန္းေပါင္း (၁၂၀, ၀၀၀) က PayNow ေကာ္ပိုရိတ္ကို အသံုးျပဳေနၾကၿပီး ကမာၻလံုးဆုိင္ရာသတင္းအခ်က္အလက္နဲ႔ ဝန္ေဆာင္မႈကုမၸဏီတစ္ခုျဖစ္သည့္ Experian က အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအနက္ (၆၀) ရာခိုင္ႏႈန္းသည္ ေခ်းေငြရယူႏုိင္ခြင့္နည္းပါးေနၿပီျဖစ္ၿပီး ဆိုးရြားသည့္စီးပြားေရးအေျခအေနမ်ား၌ အားနည္းခ်က္မ်ား ပိုမိုမ်ားျပားလာႏိုင္ဖြယ္ရွိေၾကာင္း သတိေပးခဲ့ပါတယ္။

- Advertisement -

ထို႔ေၾကာင့္ အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ အနာဂတ္၌ရင္ဆုိင္လာရႏုိင္သည့္ အခက္အခဲမ်ားကိုေက်ာ္ျဖတ္ႏိုင္ရန္အတြက္ ယခုအခ်ိန္တည္းကႀကိဳတင္ျပင္ဆင္ထားရန္ အေရးႀကီးလာၿပီ ျဖစ္ပါတယ္။ ဒစ္ဂ်စ္တယ္ဘ႑ာေရးစနစ္မ်ားကို အသံုးျပဳျခင္းအားျဖင့္ လုပ္ငန္းအတြင္း ေငြလည္ပတ္မႈကို ရွင္းရွင္းလင္းလင္းသိရွိႏိုင္မည္ျဖစ္ၿပီး ေရာင္းအားက်ဆင္းေနသည့္ကာလ၊ ယခုကဲ့သို႔ အခက္အခဲမ်ားနဲ႔ ရင္ဆုိင္ေနရသည့္ကာလအတြင္း၌ ဝင္ေငြမည္မွ်ရရွိခဲ့ေၾကာင္းကို အတိအက်သိရွိႏုိင္မွာ ျဖစ္ပါတယ္။

ထိုမွတစ္ဆင့္ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ ရန္ပံုေငြမ်ားျပန္လည္ခ်ထားျခင္း သို႔မဟုတ္ ယခုကဲ့သို႔ အခက္အခဲမ်ားနဲ႔ရင္ဆုိင္လာရႏိုင္သည့္အခ်ိန္အတြက္ ထပ္ေဆာင္းရန္ပံုေငြ ထားရွိျခင္းမ်ား  ျပဳလုပ္ႏိုင္မွာလည္း ျဖစ္ပါတယ္။ အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ ေငြေၾကးစီမံခန္႔ခြဲႏိုင္ေရးအတြက္ ဒစ္ဂ်စ္တယ္အေထာက္အကူျပဳ Application မ်ားကို စတင္အသံုးျပဳရန္ လိုိအပ္ၿပီး အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္ရန္လိုအပ္ပါတယ္။ ဒါ့အျပင္ အဆုိပါလုပ္ငန္းမ်ားအေနျဖင့္ ဘ႑ာေရးဆုိင္ရာကိစၥရပ္မ်ားအတြက္ HSBC ဘဏ္မွတစ္ဆင့္ ဒစ္ဂ်စ္တယ္ဆုိင္ရာ အေထာက္အပံ့မ်ားကို ရယူႏုိင္ၿပီး ကိုရိုနာဗုိင္းရပ္စ္အလြန္ “New Normal” ကာလအတြက္ ဝန္ထမ္းမ်ား၊ အလုပ္ရွင္မ်ားနဲ႔ ရွယ္ယာရွင္မ်ားထံသို႔ စာရြက္စာတမ္းမလုိအပ္ေသာ ေငြေၾကးအလႊဲအေျပာင္းမ်ား ျပဳလုပ္ႏုိင္ရန္ လိုအပ္ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...