HomeSportကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်သည့် ယူနိုက်တက်အသင်းမှကစားသမား (၃) ယောက်။

ကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်သည့် ယူနိုက်တက်အသင်းမှကစားသမား (၃) ယောက်။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း အန်ဒါဟာရဲရားက အသင်းဖော်ဟောင်းများဖြစ်သည့်   ပေါ့ဘာ၊ မာစီရယ်လ်နဲ့ ရပ်ရှ်ဖို့ဒ်တို့ (၃) ယောက်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားများဖြစ်လာနိုင်ကြောင်း ချီးကျူးပြောကြားလိုက်ပါတယ်။ ဟာရဲရားသည် ယူနိုက်တက်အသင်း၌ ကစားသမားဘဝ (၅) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့၌ ပြင်သစ်လီဂူးကလပ် PSG အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဟာရဲရားက “ပေါ့ဘာ၊ မာစီရယ်လ်နဲ့ ရပ်ရှ်ဖို့ဒ်တို့က ကမ္ဘာ့အကောင်းဆုံး ကစားသမား (၁၀) ယောက်ထဲမှာ ပါဝင်နိုင်တဲ့အရည်အချင်းတွေရှိပါတယ်။ ကျွန်တော်တို့က မက်ဆီ၊ ရော်နယ်ဒိုနဲ့ ဟာဇက်တို့ထဲက တစ်ယောက်ယောက်ကို ဘာကြောင့်လေးစားနေကြတာလဲ။ သူတို့ထဲက တစ်ယောက်ယောက်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ထင်တာကြောင့်ပါ။ သူတို့က ပုံမှန်ခြေစွမ်းကောင်းတစ်ခုကို ကာလရှည်ထိန်းသိမ်းနိုင်ခဲ့တာကြောင့်လည်း ကျွန်တော်တို့က သူတို့ (၃) ယောက်ကို လေးစားရပါတယ်။”

- Advertisement -

”ပေါ့ဘာ၊ မာစီရယ်လ်နဲ့ ရပ်ရှ်ဖို့ဒ်တို့လည်း ဒီလိုမျိုးကြိုးစားမယ်ဆိုရင် သူတို့လိုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မက်ဆီနဲ့ရော်နယ်ဒိုတို့ကိုတော့ မမှီကောင်းမမှီနို်င်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘောလုံးလောကရဲ့ ပြိုင်ဘက်ကင်း ကစားသမား (၂) ယောက်မို့လို့ပါ။ ဒါပေမယ့် ယူနိုက်တက်က ကစားသမား (၃) ယောက်အနေနဲ့ ထိပ်တန်းကစားသမား (၅) ယောက် ဒါမှမဟုတ် (၁၀) ယောက်စာရင်းထဲတော့ပါနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက်တော့ သူတို့ရဲ့ပုံမှန်ခြေစွမ်းကိုကာလရှည်ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ကလည်း လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ပေါ့ဘာကလည်း ပွဲတွေပုံမှန်ပြန်ကစားခွင့်ရလာမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာမှာပါ။”

- Advertisement -

“ဒါပေမယ့် ဒီလိုမျိုးပုံမှန်ခြေစွမ်းကို ထိန်းသိမ်းထားရတာက ဘောလုံးလောကမှာ အခက်ခဲဆုံးကိစ္စရပ်ပါပဲ။ ဒီလိုခြေစွမ်းမျိုးကို နေ့တိုင်း၊ နေ့တိုင်းမှာ ထိန်းသိမ်းထားဖို့လိုအပ်ပြီး သူတို့ (၃) ယောက်သာ အဲ့ဒီလို စွမ်းဆောင်နိုင်မယ်ဆိုရင် ယူနိုက်တက်အသင်းက မကြာခင်မှာပဲ ပရီးမီးယားလိဂ်ဖလားကို သေချာပေါက် ဆွတ်ခူးနိုင်မှာပါ။” ဟု ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

 

ကမာၻ႕အေကာင္းဆံုးျဖစ္လာႏုိင္သည့္ ယူႏိုက္တက္အသင္းမွကစားသမား (၃) ေယာက္။

ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္း အန္ဒါဟာရဲရားက အသင္းေဖာ္ေဟာင္းမ်ားျဖစ္သည့္   ေပါ့ဘာ၊ မာစီရယ္လ္နဲ႔ ရပ္ရွ္ဖို႔ဒ္တုိ႔ (၃) ေယာက္ကို ကမာၻ႕အေကာင္းဆံုးကစားသမားမ်ားျဖစ္လာႏုိင္ေၾကာင္း ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။ ဟာရဲရားသည္ ယူႏုိက္တက္အသင္း၌ ကစားသမားဘဝ (၅) ႏွစ္ၾကာ ျဖတ္သန္းခဲ့ၿပီး ၿပီးခဲ့သည့္ေႏြရာသီအေျပာင္းအေရႊ႕၌ ျပင္သစ္လီဂူးကလပ္ PSG အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားခဲ့သည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။

ဟာရဲရားက “ေပါ့ဘာ၊ မာစီရယ္လ္နဲ႔ ရပ္ရွ္ဖို႔ဒ္တို႔က ကမာၻ႕အေကာင္းဆံုး ကစားသမား (၁၀) ေယာက္ထဲမွာ ပါဝင္ႏုိင္တဲ့အရည္အခ်င္းေတြရွိပါတယ္။ ကြ်န္ေတာ္တို႔က မက္ဆီ၊ ေရာ္နယ္ဒိုနဲ႔ ဟာဇက္တို႔ထဲက တစ္ေယာက္ေယာက္ကို ဘာေၾကာင့္ေလးစားေနၾကတာလဲ။ သူတုိ႔ထဲက တစ္ေယာက္ေယာက္က ကမာၻ႕အေကာင္းဆံုးကစားသမားျဖစ္တယ္လို႔ ထင္တာေၾကာင့္ပါ။ သူတုိ႔က ပံုမွန္ေျခစြမ္းေကာင္းတစ္ခုကို ကာလရွည္ထိန္းသိမ္းႏုိင္ခဲ့တာေၾကာင့္လည္း ကြ်န္ေတာ္တို႔က သူတုိ႔ (၃) ေယာက္ကို ေလးစားရပါတယ္။”

”ေပါ့ဘာ၊ မာစီရယ္လ္နဲ႔ ရပ္ရွ္ဖုိ႔ဒ္တို႔လည္း ဒီလိုမ်ိဳးႀကိဳးစားမယ္ဆုိရင္ သူတုိ႔လိုျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ကိုေတာ့ မမွီေကာင္းမမွီႏို္င္ပါဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ သူတုိ႔က ေဘာလံုးေလာကရဲ႕ ၿပိဳင္ဘက္ကင္း ကစားသမား (၂) ေယာက္မုိ႔လို႔ပါ။ ဒါေပမယ့္ ယူႏုိက္တက္က ကစားသမား (၃) ေယာက္အေနနဲ႔ ထိပ္တန္းကစားသမား (၅) ေယာက္ ဒါမွမဟုတ္ (၁၀) ေယာက္စာရင္းထဲေတာ့ပါႏုိင္ပါတယ္။ ဒီလိုျဖစ္ဖုိ႔အတြက္ေတာ့ သူတုိ႔ရဲ႕ပံုမွန္ေျခစြမ္းကိုကာလရွည္ဆက္လက္ထိန္းသိမ္းထားဖုိ႔ လိုအပ္ပါတယ္။ ရပ္ရွ္ဖို႔ဒ္ကလည္း လမ္းေၾကာင္းမွန္ေပၚေရာက္ေနၿပီး ေပါ့ဘာကလည္း ပြဲေတြပံုမွန္ျပန္ကစားခြင့္ရလာမယ္ဆိုရင္ ကမာၻ႕အေကာင္းဆံုးကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္လာမွာပါ။”

“ဒါေပမယ့္ ဒီလိုမ်ိဳးပံုမွန္ေျခစြမ္းကို ထိန္းသိမ္းထားရတာက ေဘာလံုးေလာကမွာ အခက္ခဲဆံုးကိစၥရပ္ပါပဲ။ ဒီလိုေျခစြမ္းမ်ိဳးကို ေန႔တုိင္း၊ ေန႔တုိင္းမွာ ထိန္းသိမ္းထားဖုိ႔လိုအပ္ၿပီး သူတုိ႔ (၃) ေယာက္သာ အဲ့ဒီလို စြမ္းေဆာင္ႏုိင္မယ္ဆိုရင္ ယူႏိုက္တက္အသင္းက မၾကာခင္မွာပဲ ပရီးမီးယားလိဂ္ဖလားကို ေသခ်ာေပါက္ ဆြတ္ခူးႏုိင္မွာပါ။” ဟု ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read