HomeEntertainmentဘဝတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် သမ္မတရွေးကောက်ပွဲ၌ မဲပေးသွားမည့် Snoop Dogg

ဘဝတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် သမ္မတရွေးကောက်ပွဲ၌ မဲပေးသွားမည့် Snoop Dogg

- Advertisement -

Snoop Dogg သည် ယခုနှစ်အတွင်းကျင်းပမည့်ရွေးကောက်ပွဲ၌ သူ့ရဲ့ဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်  ဝင်ရောက်မဲပေးသွားမည်ဖြစ်ပြီး ထိုကဲ့သို့ပြုလုပ်ရသည့်အကြောင်းရင်းကလည်း လက်ရှိအမေရိကန်သမ္မတ Donald Trump ကို သမ္မတရာထူး၌ မမြင်တွေ့လိုသောကြောင့်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အမေရိကန်လူမျိုး Rap အဆိုတော် Snoop Dogg က “ကျွန်တော့်တစ်သက် တစ်ခါမှမဲမပေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီနှစ်တော့ မဲသွားပေးတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သူ့ကို အိမ်ဖြူတော်မှာ ထပ်ပြီးမမြင်တွေ့ချင်တော့ပါဘူး။” ဟု Donald Trump ကို ရည်ရွယ်၍ ထိုးနှက်ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်၍လည်း Snoop Dogg က “နှစ်ပေါင်းများစွာကြာအောင် လူတွေက ကျွန်တော့်ကို Brainwash လုပ်ခဲ့ကြပါတယ်။ ဒါကဘာလဲဆိုရင်တော့ ကျွန်တော့်ဆီမှာ ပြစ်မှုမှတ်တမ်းရှိလို့ မဲပေးလို့မရဘူးဆိုပြီးတော့ပေါ့။ ကျွန်တော် ဒါကိုမသိခဲ့ပါဘူး။ အခု ကျွန်တော့်ပြစ်မှုမှတ်တမ်းတွေက သက်တမ်းကုန်သွားပြီဖြစ်တာကြောင့် ကျွန်တော် မဲပေးခွင့်ရပါပြီ။” ဟု ပြောကြားသွားခဲ့ပါတယ်။ Snoop Dogg သည် တားမြစ်ဆေး  ရောင်းဝယ်ဖောက်ကားမှုနဲ့ လက်ဝယ်ထားရှိမှု၊ ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်မှု အစရှိသည့် ပြစ်မှုများကို ကျူးလွန်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ လူမည်းအမျိုးသားတစ်ဦးဖြစ်သူ ဂျော့ချ်ဖလွိုက်ကို အမေရိကန်ရဲအရာရှိတစ်ဦးက လူမြင်ကွင်း၌ပင်အသက်ရှူရပ်သည်အထိ စစ်ဆေးမေးမြန်းခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး အဆိုပါဖြစ်စဉ်၌ အမေရိကန်သမ္မတ Donald Trump ရဲ့ ကိုင်တွယ်မှုများကို နိုင်ငံသူ၊ နိုင်ငံသားများက စိတ်တိုင်းမကျဖြစ်နေသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း  မြင့်မားနေစဉ်အတွင်း၌လည်း Donaldo Trump က သမ္မတတစ်ယောက်မပီသစွာဖြင့် အငြင်းပွားဖွယ်၊  လှောင်ပြောင်ဖွယ်စကားလုံးများကို အမြဲတမ်းပြောကြားခဲ့ခြင်းကြောင့် အမေရိကန်ပြည်သူလူထုရဲ့ ငြိုငြင်မှုကိုခံနေရပြီလည်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

 

ဘဝတစ္ေလွ်ာက္ ပထမဦးဆုံးအႀကိမ္အျဖစ္ သမၼတေရြးေကာက္ပြဲ၌ မဲေပးသြားမည့္ Snoop Dogg

Snoop Dogg သည္ ယခုႏွစ္အတြင္းက်င္းပမည့္ေရြးေကာက္ပဲြ၌ သူ႔ရဲ႕ဘဝတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္အျဖစ္  ဝင္ေရာက္မဲေပးသြားမည္ျဖစ္ၿပီး ထိုကဲ့သို႔ျပဳလုပ္ရသည့္အေၾကာင္းရင္းကလည္း လက္ရွိအေမရိကန္သမၼတ Donald Trump ကို သမၼတရာထူး၌ မျမင္ေတြ႕လိုေသာေၾကာင့္ျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ အေမရိကန္လူမ်ိဳး Rap အဆိုေတာ္ Snoop Dogg က “ကြ်န္ေတာ့္တစ္သက္ တစ္ခါမွမဲမေပးခဲ့ဖူးပါဘူး။ ဒါေပမယ့္ ဒီႏွစ္ေတာ့ မဲသြားေပးေတာ့မွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္ေတာ္ သူ႔ကို အိမ္ျဖဴေတာ္မွာ ထပ္ၿပီးမျမင္ေတြ႕ခ်င္ေတာ့ပါဘူး။” ဟု Donald Trump ကို ရည္ရြယ္၍ ထိုးႏွက္ေျပာၾကားသြားခဲ့ပါတယ္။

ဆက္လက္၍လည္း Snoop Dogg က “ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ လူေတြက ကြ်န္ေတာ့္ကို Brainwash လုပ္ခဲ့ၾကပါတယ္။ ဒါကဘာလဲဆိုရင္ေတာ့ ကြ်န္ေတာ့္ဆီမွာ ျပစ္မႈမွတ္တမ္းရွိလို႔ မဲေပးလို႔မရဘူးဆိုၿပီးေတာ့ေပါ့။ ကြ်န္ေတာ္ ဒါကိုမသိခဲ့ပါဘူး။ အခု ကြ်န္ေတာ့္ျပစ္မႈမွတ္တမ္းေတြက သက္တမ္းကုန္သြားၿပီျဖစ္တာေၾကာင့္ ကြ်န္ေတာ္ မဲေပးခြင့္ရပါၿပီ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ Snoop Dogg သည္ တားျမစ္ေဆး  ေရာင္းဝယ္ေဖာက္ကားမႈနဲ႔ လက္ဝယ္ထားရွိမႈ၊ ရဲတပ္ဖဲြ႕ဝင္မ်ားကို ျပန္လည္တိုက္ခုိက္မႈ အစရွိသည့္ ျပစ္မႈမ်ားကို က်ဴးလြန္ခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံ၌ လူမည္းအမ်ိဳးသားတစ္ဦးျဖစ္သူ ေဂ်ာ့ခ်္ဖလိြဳက္ကို အေမရိကန္ရဲအရာရွိတစ္ဦးက လူျမင္ကြင္း၌ပင္အသက္ရွဴရပ္သည္အထိ စစ္ေဆးေမးျမန္းခဲ့ျခင္းေၾကာင့္ ႏုိင္ငံတစ္ဝွမ္း ဆႏၵျပမႈမ်ားျဖစ္ေပၚေနၿပီး အဆုိပါျဖစ္စဥ္၌ အေမရိကန္သမၼတ Donald Trump ရဲ႕ ကိုင္တြယ္မႈမ်ားကို ႏုိင္ငံသူ၊ ႏုိင္ငံသားမ်ားက စိတ္တိုင္းမက်ျဖစ္ေနသကဲ့သို႔ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္မႈႏႈန္း  ျမင့္မားေနစဥ္အတြင္း၌လည္း Donaldo Trump က သမၼတတစ္ေယာက္မပီသစြာျဖင့္ အျငင္းပြားဖြယ္၊  ေလွာင္ေျပာင္ဖြယ္စကားလံုးမ်ားကို အၿမဲတမ္းေျပာၾကားခဲ့ျခင္းေၾကာင့္ အေမရိကန္ျပည္သူလူထုရဲ႕ ၿငိဳျငင္မႈကိုခံေနရၿပီလည္းျဖစ္ပါတယ္။

<Zawgyi Version>

- Advertisement -

 

Source ~ Cosmopolitan

#HM(Soshwe)

#soshweentertainment

#soshweforyourdaillylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 + fourteen =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...