HomeSportအက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ကို ခေါ်ယူရန်နီးစပ်နေသည့် ယူနိုက်တက်။

အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ကို ခေါ်ယူရန်နီးစပ်နေသည့် ယူနိုက်တက်။

- Advertisement -

ယူနိုက်တက်အသင်းသည် စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဆာအူးလ်နီဂွက်ဇ်ကို ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ် အဆိုပါစပိန်လက်ရွေးစင်ကြယ်ပွင့်သည် ယူနိုက်တက်အသင်းရဲ့ကာလရှည်ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး စပိန်မှလာသည့်သတင်းများအရ ဆာအူးလ်နီဂွက်ဇ်အနေဖြင့် လာမယ့်နွေရာသီ၌ ယူနိုက်တက်အသင်းသို့  ပြောင်းရွှေ့ရန်ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ (၂၀၂၆) ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသည့် ဆာအူးလ်နီဂွက်ဇ်အတွက် ယူနိုက်ကတ်အသင်းကပြောင်းရွှေ့ကြေးယူရိုသန်း (၈၀) အသုံးပြုရဖွယ်ရှိနေပြီး အဆိုပါကစားသမားကိုခေါ်ယူရန်အတွက် စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။ ဆာအူးလ်သည် လက်ရှိဘောလုံးရာသီ၌ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၇) ပွဲကစား၊ သွင်းဂိုး (၄) ဂိုး သွင်းယူပေးထားနိုင်သည့်အပြင် လီဗာပူးအသင်းကိုအနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်၌လည်း ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။

ယူနိုက်တက်အသင်းသည် ဆာအူးလ်နီဂွက်ဇ်အပြင် ရီးရဲယ်မက်ဒရစ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် နယ်သာလန်ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘိခ်ကို ခေါ်ယူရန်အတွက်လည်း စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

အက္သလက္တီကိုမက္ဒရစ္ၾကယ္ပြင့္ကို ေခၚယူရန္နီးစပ္ေနသည့္ ယူႏုိက္တက္။

ယူႏုိက္တက္အသင္းသည္ စပိန္လာလီဂါကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ဆာအူးလ္နီဂြက္ဇ္ကို ေခၚယူႏုိင္ရန္ နီးစပ္ေနေၾကာင္း သတင္းမ်ားကေဖာ္ျပခဲ့ပါတယ္။ အသက္ (၂၅) ႏွစ္အရြယ္ အဆုိပါစပိန္လက္ေရြးစင္ၾကယ္ပြင့္သည္ ယူႏုိက္တက္အသင္းရဲ႕ကာလရွည္ပစ္မွတ္ကစားသမားတစ္ဦးျဖစ္ခဲ့ၿပီး စပိန္မွလာသည့္သတင္းမ်ားအရ ဆာအူးလ္နီဂြက္ဇ္အေနျဖင့္ လာမယ့္ေႏြရာသီ၌ ယူႏုိက္တက္အသင္းသို႔  ေျပာင္းေရႊ႕ရန္ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ (၂၀၂၆) ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနသည့္ ဆာအူးလ္နီဂြက္ဇ္အတြက္ ယူႏုိက္ကတ္အသင္းကေျပာင္းေရႊ႕ေၾကးယူရိုသန္း (၈၀) အသံုးျပဳရဖြယ္ရွိေနၿပီး အဆုိပါကစားသမားကိုေခၚယူရန္အတြက္ စပိန္ထိပ္သီးကလပ္ ဘာစီလိုနာအသင္းကလည္း စိတ္ဝင္စားလ်က္ရွိပါတယ္။ ဆာအူးလ္သည္ လက္ရွိေဘာလံုးရာသီ၌ အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ ၿပိဳင္ပဲြစံု (၃၇) ပဲြကစား၊ သြင္းဂိုး (၄) ဂိုး သြင္းယူေပးထားႏုိင္သည့္အျပင္ လီဗာပူးအသင္းကိုအႏိုင္ရရွိခဲ့သည့္ ခ်န္ပီယံလိဂ္ ရံႈးထြက္ (၁၆) သင္းအဆင့္ ဒုတိယအေက်ာ့ပဲြစဥ္၌လည္း ဂိုးသြင္းယူႏုိင္ခဲ့ပါေသးတယ္။

ယူႏုိက္တက္အသင္းသည္ ဆာအူးလ္နီဂြက္ဇ္အျပင္ ရီးရဲယ္မက္ဒရစ္အသင္းက ေခၚယူရန္ပစ္မွတ္ထားေနသည့္ နယ္သာလန္ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္ကို ေခၚယူရန္အတြက္လည္း စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 − 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...