HomeEducationကျောင်းများပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံ၌ရင်ဆိုင်နေရသည့်အခက်အခဲများ။

ကျောင်းများပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံ၌ရင်ဆိုင်နေရသည့်အခက်အခဲများ။

- Advertisement -

အချို့သောကျောင်းများကို တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများအဖြစ်၊ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် Quarantine စင်တာများအဖြစ် အသုံးပြုထားရသောကြောင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရန်အတွက် အခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။ ရှမ်းပြည်နယ်၌ အခြေခံကျောင်း (၁၃) ကျောင်းကို Quarantine စင်တာများအဖြစ် အသုံးပြုနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ အာဏာပိုင်များထံပြန်လည်အပ်နှံခြင်းမရှိသေးကြောင်း ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က ပြောကြားခဲ့ပါတယ်။

အဆိုပါကျောင်းများကို ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  ရွှေ့ပြောင်းအလုပ်သမားများကို Quarantine ထားရှိရန် သတ်မှတ်ထားခြင်းဖြစ်ပြီး ဦးဝင်းမောင်က “Quarantine အတွက် သင့်တော်တဲ့တခြားစီစဉ်စရာရှိတာတွေကိုစီစဉ်ဖို့က အစိုးရတာဝန်ပါ။ ဒီအကြောင်းတွေကို လာမယ့်ဇွန်လ (၁၅) ရက်နေ့ကျရင် မြို့နယ်ပညာရေးမှူးတွေက အစိုးရဆီ တင်ပြပါလိမ့်မယ်။ အချိန်ဆွဲနေလို့မရတော့ပါဘူး။” ဟု ပြောကြားခဲ့ပါတယ်။

မူဆယ်မြို့မှ ပြည်နယ်ဥပဒေပြုလွှတ်တော်အမတ် ဦးစိုင်းဖိုးမြတ်ကလည်း မြို့နယ်အတွင်းရှိကျောင်းများကို Facility Quarantine စင်တာများအဖြစ် အသုံးပြုနေဆဲဖြစ်ကြောင်းဖွင့်ဟပြောကြားခဲ့ပါတယ်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းက မျှော်မှန်းထားသကဲ့သို့ ဆိုးရွားလာခြင်းမရှိသေးပေမယ့် AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းကြောင့်  ကျောင်းများကိုယာယီစစ်ဘေးရှောင်စခန်းများအဖြစ် အသုံးချနေရကြောင်းသိရှိရပါတယ်။

- Advertisement -

ကျောက်တော်မြို့နယ်မှ နေရပ်စွန့်ခွာလာသူ လူဦးရေ (၇၀၀၀) အနက် အများစုသည် ကျောင်း (၉) ကျောင်းကို စစ်ဘေးရှောင်စခန်းအဖြစ် အသုံးချနေရသည်ဟု ကျောက်တော်ပြည်သူ့လွှတ်တော်အမတ် ဦးမောင်သန်းစိန်က ဆိုပါတယ်။ ဦးမောင်သန်းစိန်က “ကျွန်တော်တို့လည်း သူတို့ကို ပြောင်းရွှေ့ပေးဖို့ မပြောနိုင်ပါဘူး။ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက သူတို့အတွက် သင့်တော်တဲ့နေရာတစ်ခု စီစဉ်ပေးသင့်ပါတယ်။” ဟု  ပြောကြားခဲ့ပါတယ်။

- Advertisement -

အစိုးရက မကြာမီအချိန်အတွင်း အထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီး အထက်တန်းကျောင်းများဖွင့်လှစ်ပြီး (၂) ပတ်အကြာ၌ မူလတန်းနဲ့အလယ်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု ပြီးခဲ့သည့်မေလ (၂၆) ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်းရှိ အချို့သောကျောင်းများမှာမူ ဒေသတွင်းတိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းနည်းပါးနေဆဲဖြစ်ပါတယ်။

ပြီးခဲ့သည့်မေလ (၁၃) ရက်နေ့၌ ပြည်ထောင်စုအစိုးရရုံးက ဇွန်လ (၁၅) ရက်နေ့မှစတင်၍ Quarantine စင်တာများ သို့မဟုတ် ယာယီစစ်ဘေးရှောင်စခန်းများအဖြစ် အသုံးပြုနေသည့် ကျောင်းအဆောက်အအုံပေါင်း (၆၀၂၁) ခုကို ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံရန် အမိန့်ထုတ်ပြန်ထားပြီး ထိုမှသာ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်ပါတယ်။

<Unicode Version>

 

ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္အတြက္ ျမန္မာႏုိင္ငံ၌ရင္ဆိုင္ေနရသည့္အခက္အခဲမ်ား။

အခ်ိဳ႕ေသာေက်ာင္းမ်ားကို တပ္မေတာ္နဲ႔ AA တုိ႔အၾကား တုိက္ပဲြမ်ားေၾကာင့္ စစ္ေဘးေရွာင္စခန္းမ်ားအျဖစ္၊ ကိုရိုနာဗုိင္းရပ္စ္ထိန္းခ်ဳပ္ေရးအတြက္ Quarantine စင္တာမ်ားအျဖစ္ အသံုးျပဳထားရေသာေၾကာင့္ ျမန္မာႏုိင္ငံ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္အတြက္ အခက္အခဲမ်ားနဲ႔ ရင္ဆုိင္ေနရေၾကာင္း သိရွိရပါတယ္။ ရွမ္းျပည္နယ္၌ အေျခခံေက်ာင္း (၁၃) ေက်ာင္းကို Quarantine စင္တာမ်ားအျဖစ္ အသံုးျပဳေနဆဲျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အာဏာပိုင္မ်ားထံျပန္လည္အပ္ႏွံျခင္းမရွိေသးေၾကာင္း ျပည္နယ္ပညာေရးမွဴး ဦးဝင္းေမာင္က ေျပာၾကားခဲ့ပါတယ္။

အဆိုပါေက်ာင္းမ်ားကို ထိုင္းႏိုင္ငံနဲ႔တရုတ္ႏိုင္ငံတို႔မွ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာႏုိင္ငံသား  ေရႊ႕ေျပာင္းအလုပ္သမားမ်ားကို Quarantine ထားရွိရန္ သတ္မွတ္ထားျခင္းျဖစ္ၿပီး ဦးဝင္းေမာင္က “Quarantine အတြက္ သင့္ေတာ္တဲ့တျခားစီစဥ္စရာရွိတာေတြကိုစီစဥ္ဖုိ႔က အစိုးရတာဝန္ပါ။ ဒီအေၾကာင္းေတြကို လာမယ့္ဇြန္လ (၁၅) ရက္ေန႔က်ရင္ ၿမိဳ႕နယ္ပညာေရးမွဴးေတြက အစိုးရဆီ တင္ျပပါလိမ့္မယ္။ အခ်ိန္ဆဲြေနလို႔မရေတာ့ပါဘူး။” ဟု ေျပာၾကားခဲ့ပါတယ္။

မူဆယ္ၿမိဳ႕မွ ျပည္နယ္ဥပေဒျပဳလႊတ္ေတာ္အမတ္ ဦးစိုင္းဖိုးျမတ္ကလည္း ၿမိဳ႕နယ္အတြင္းရွိေက်ာင္းမ်ားကို Facility Quarantine စင္တာမ်ားအျဖစ္ အသံုးျပဳေနဆဲျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားခဲ့ပါတယ္။ ထို႕အျပင္ ရခိုင္ျပည္နယ္အတြင္း၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈႏႈန္းက ေမွ်ာ္မွန္းထားသကဲ့သို႔ ဆိုးရြားလာျခင္းမရွိေသးေပမယ့္ AA နဲ႔ တပ္မေတာ္တို႔အၾကား တိုက္ပဲြမ်ား အရွိန္ျမင့္တက္လာျခင္းေၾကာင့္  ေက်ာင္းမ်ားကိုယာယီစစ္ေဘးေရွာင္စခန္းမ်ားအျဖစ္ အသံုးခ်ေနရေၾကာင္းသိရွိရပါတယ္။

- Advertisement -

ေက်ာက္ေတာ္ၿမိဳ႕နယ္မွ ေနရပ္စြန္႔ခြာလာသူ လူဦးေရ (၇၀၀၀) အနက္ အမ်ားစုသည္ ေက်ာင္း (၉) ေက်ာင္းကို စစ္ေဘးေရွာင္စခန္းအျဖစ္ အသံုးခ်ေနရသည္ဟု ေက်ာက္ေတာ္ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေမာင္သန္းစိန္က ဆိုပါတယ္။ ဦးေမာင္သန္းစိန္က “ကြ်န္ေတာ္တို႔လည္း သူတုိ႔ကို ေျပာင္းေရႊ႕ေပးဖို႔ မေျပာႏုိင္ပါဘူး။ အာဏာပုိင္ေတြနဲ႕ တာဝန္ရွိသူေတြက သူတုိ႔အတြက္ သင့္ေတာ္တဲ့ေနရာတစ္ခု စီစဥ္ေပးသင့္ပါတယ္။” ဟု  ေျပာၾကားခဲ့ပါတယ္။

အစိုးရက မၾကာမီအခ်ိန္အတြင္း အထက္တန္းေက်ာင္းမ်ားကုိ စတင္ဖြင့္လွစ္ရန္ ျပင္ဆင္ထားၿပီး အထက္တန္းေက်ာင္းမ်ားဖြင့္လွစ္ၿပီး (၂) ပတ္အၾကာ၌ မူလတန္းနဲ႔အလယ္တန္းေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္သြားမည္ဟု ၿပီးခဲ့သည့္ေမလ (၂၆) ရက္ေန႔က ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ ရခိုင္ျပည္နယ္အတြင္းရွိ အခ်ိဳ႕ေသာေက်ာင္းမ်ားမွာမူ ေဒသတြင္းတိုက္ပဲြမ်ားျပင္းထန္ေနျခင္းေၾကာင့္ ျပန္လည္ဖြင့္လွစ္ႏုိင္ရန္ အခြင့္အလမ္းနည္းပါးေနဆဲျဖစ္ပါတယ္။

ၿပီးခဲ့သည့္ေမလ (၁၃) ရက္ေန႔၌ ျပည္ေထာင္စုအစိုးရရံုးက ဇြန္လ (၁၅) ရက္ေန႔မွစတင္၍ Quarantine စင္တာမ်ား သို႔မဟုတ္ ယာယီစစ္ေဘးေရွာင္စခန္းမ်ားအျဖစ္ အသံုးျပဳေနသည့္ ေက်ာင္းအေဆာက္အအံုေပါင္း (၆၀၂၁) ခုကို ပညာေရးဝန္ႀကီးဌာနသုိ႔ ျပန္လည္အပ္ႏွံရန္ အမိန္႔ထုတ္ျပန္ထားၿပီး ထိုမွသာ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ႏုိင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ႏုိင္မည္ျဖစ္ပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine − six =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...