HomeOtherAnimals(၈) ပေခန့်ရှည်လျားသည့် မြွေကြီးတစ်ကောင်နဲ့ ရေချိုးခန်းအတွင်း ထိပ်တိုက်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးရဲဲ့အဖြစ်။

(၈) ပေခန့်ရှည်လျားသည့် မြွေကြီးတစ်ကောင်နဲ့ ရေချိုးခန်းအတွင်း ထိပ်တိုက်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးရဲဲ့အဖြစ်။

- Advertisement -

မာဆေးဆိုက်ဒ်ဒေသရှိ အမျိုးသမီးတစ်ဦးသည် သူမရဲ့နေအိမ်ရှိ ရေချိုးခန်းအတွင်း၌ (၆) ပေမှ (၈) ပေအထိ ရှည်လျားသည့် မြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရကြောင်း သိရှိရပါတယ်။ မာဆေးဆိုက်ဒ်ဒေသခံရဲတပ်ဖွဲ့များသည် ချက်ချင်းဆိုသလိုပဲ အဆိုပါအမျိုးသမီးရဲ့ နေအိမ်ကို   ရောက်ရှိလာခဲ့ပြီးနောက် ရေချိုးကန်အတွင်းရောက်ရှိနေသည့် ဧရာမမြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ်။

- Advertisement -

အဆိုပါမြွေကြီး မည်သို့မည်ပုံ ရေချိုးခန်းအတွင်း ရောက်ရှိလာသည်ကို အိမ်ရှင်အမျိုးသမီးအပါအဝင် အိမ်နီးချင်းများလည်း မသိရှိရကြောင်း၊ သို့ပေမယ့် အဆိုပါမြွေသည် အဆိပ်ရှိသည့်မြွေတစ်ကောင် မဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

- Advertisement -

- Advertisement -

မြွေကျွမ်းကျင်သူများက အဆိုပါမြွေကြီးကို အောင်မြင်စွာဖမ်းဆီးနိုင်ပြီးနောက် ဒေသတွင်းရှိ တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါမြွေကြီးသည် Boidae မြွေအမျိုးအစားဖြစ်ပြီး အန်နာကွန်ဒါမြွေများထက် အရွယ်အစားသေးငယ်ပါတယ်။ ဒါပေမယ့် အရှည်အားဖြင့် (၁၃) ပေအထိ ရှည်လျားနိုင်ပြီး အလေးချိန််အားဖြင့် ပေါင် (၁၀၀)  ကျော်အထိ ရှိနိုင်ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

(၈) ေပခန္႔ရွည္လ်ားသည့္ ေျမြႀကီးတစ္ေကာင္နဲ႔ ေရခ်ိဳးခန္းအတြင္း ထိပ္တိုက္ေတြ႕ခဲ့သည့္ အမ်ိဳးသမီးတစ္ဦးရဲဲ႕အျဖစ္။

မာေဆးဆိုက္ဒ္ေဒသရွိ အမ်ိဳးသမီးတစ္ဦးသည္ သူမရဲ႕ေနအိမ္ရွိ ေရခ်ိဳးခန္းအတြင္း၌ (၆) ေပမွ (၈) ေပအထိ ရွည္လ်ားသည့္ ေျမြႀကီးတစ္ေကာင္ကို ေတြ႕ရွိခဲ့ျခင္းေၾကာင့္ ရဲတပ္ဖဲြ႕ကို အေၾကာင္းၾကားခဲ့ရေၾကာင္း သိရွိရပါတယ္။ မာေဆးဆုိက္ဒ္ေဒသခံရဲတပ္ဖဲြ႕မ်ားသည္ ခ်က္ခ်င္းဆိုသလိုပဲ အဆုိပါအမ်ိဳးသမီးရဲ႕ ေနအိမ္ကို   ေရာက္ရွိလာခဲ့ၿပီးေနာက္ ေရခ်ိဳးကန္အတြင္းေရာက္ရွိေနသည့္ ဧရာမေျမြႀကီးတစ္ေကာင္ကို ေတြ႕ရွိခဲ့ရပါတယ္။

အဆိုပါေျမြႀကီး မည္သို႔မည္ပံု ေရခ်ိဳးခန္းအတြင္း ေရာက္ရွိလာသည္ကို အိမ္ရွင္အမ်ိဳးသမီးအပါအဝင္ အိမ္နီးခ်င္းမ်ားလည္း မသိရွိရေၾကာင္း၊ သို႔ေပမယ့္ အဆိုပါေျမြသည္ အဆိပ္ရွိသည့္ေျမြတစ္ေကာင္ မျဖစ္ႏုိင္ေၾကာင္း ရဲတပ္ဖဲြ႕က ထုတ္ျပန္ခဲ့ပါတယ္။

ေျမြကြ်မ္းက်င္သူမ်ားက အဆိုပါေျမြႀကီးကို ေအာင္ျမင္စြာဖမ္းဆီးႏိုင္ၿပီးေနာက္ ေဒသတြင္းရွိ တိရိစာၦန္ထိန္းသိမ္းေရးဌာနသို႔ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆုိပါေျမြႀကီးသည္ Boidae ေျမြအမ်ိဳးအစားျဖစ္ၿပီး အန္နာကြန္ဒါေျမြမ်ားထက္ အရြယ္အစားေသးငယ္ပါတယ္။ ဒါေပမယ့္ အရွည္အားျဖင့္ (၁၃) ေပအထိ ရွည္လ်ားႏိုင္ၿပီး အေလးခ်ိန္္အားျဖင့္ ေပါင္ (၁၀၀)  ေက်ာ္အထိ ရွိႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Unilad

#HM(Soshwe)

#SoshweAnimal

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read