HomeEntertainmentPost Malone နဲ့ Mark Wahlberg တို့ရဲ့ Spenser Confidential ဇာတ်ကား Official Trailer ထွက်ရှိလာ။

Post Malone နဲ့ Mark Wahlberg တို့ရဲ့ Spenser Confidential ဇာတ်ကား Official Trailer ထွက်ရှိလာ။

- Advertisement -

Mark Wahlberg၊ Post Malone နဲ့ Winston Duke တို့ ပါဝင်သရုပ်ဆောင်ထားသည့် Spenser Confidential ဇာတ်ကားရဲ့ Official Trailer ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကို Robert B. Parker  ရေးသားထားသော အရောင်းရဆုံး ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်သည့် Wonderland ကို  ကျောရိုးပြု ရိုက်ကူးထားခြင်းဖြစ်ပြီး Wahlberg က Spenser အဖြစ် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Spenser Confidential ဇာတ်ကားကို ဒါရိုက်တာ Peter Berg ကရိုက်ကူးထားပြီး Peter Berg နဲ့ Wahlberg တို့ နှစ်ဦးသည် Lone Survivor ၊ Deepwater Horizon နဲ့ Patriots Day ဇာတ်ကားများ၌ အတူတကွ  လက်တွဲခဲ့ဖူးသူများလည်း  ဖြစ်ပါတယ်။ ယခုဇာတ်ကား၌ Spenser အဖြစ် ပွဲထွက်လာသည့် Wahlberg သည်   ပြဿနာကို ဖြေရှင်းခြင်းထက် ပြဿနာပိုရှာတတ်သည့် ရဲချုပ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး  ထောင်ကလွတ်လာပြီးနောက် ဘော့စတွန်မြို့ကို ဆက်လက် ထွက်ခွာလာခဲ့ပါတယ်။

- Advertisement -

ဒါပေမယ့် ပထမဆုံးအနေဖြင့် Spenser က သူ့ရဲ့လက်ဝှေ့ဆရာဟောင်းဖြစ်သူ Henry ကို သွားရောက်တွေ့ဆုံခဲ့ပြီး သူ့ရဲ့လက်ရှိတပည့် Hawk နဲ့ လက်ရည်စမ်းခဲ့ရပါတယ်။ Hawk သည် Spenser ရဲ့ ဘဝတစ်လျှောက် အခက်ခဲဆုံးရင်ဆိုင်ရသည့် ပြိုင်ဘက်ကောင်းတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

- Advertisement -

Spenser ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းနှစ်ယောက် သတ်ဖြတ်ခံရချိန်၌မူ Hawk နဲ့ Hawk ရဲ့ရည်းစားဟောင်း Cissy တို့ရဲ့ အကူအညီဖြင့် Spenser က အဆိုပါအမှုကို စုံစမ်းဖော်ထုတ်သည့် ဇာတ်လမ်းဇာတ်အိမ်လည်းဖြစ်ပါတယ်။

Spenser အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် Wahlberg သည် ယခုဇာတ်ကားရဲ့ ထုတ်လုပ်သူအဖြစ်လည်း ပါဝင်ဆောင်ရွက်ထားပြီး Spenser Confidential ဇာတ်ကားကို လာမယ့် မတ်လ (၆) ရက်နေ့၌ Netflix တွင် ပြသသွားမည်ဖြစ်ပါတယ်။

<Unicode Version>

 

 

Post Malone နဲ႔ Mark Wahlberg တို႔ရဲ႕ Spenser Confidential ဇာတ္ကား Official Trailer ထြက္ရွိလာ။

Mark Wahlberg၊ Post Malone နဲ႔ Winston Duke တို႔ ပါဝင္သရုပ္ေဆာင္ထားသည့္ Spenser Confidential ဇာတ္ကားရဲ႕ Official Trailer ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ အဆိုပါဇာတ္ကားကို Robert B. Parker  ေရးသားထားေသာ အေရာင္းရဆံုး ဝတၳဳစာအုပ္တစ္အုပ္ျဖစ္သည့္ Wonderland ကို  ေက်ာရိုးျပဳ ရိုက္ကူးထားျခင္းျဖစ္ၿပီး Wahlberg က Spenser အျဖစ္ အဓိကဇာတ္ေဆာင္ေနရာမွ ပါဝင္သရုပ္ေဆာင္ထားပါတယ္။

- Advertisement -

Spenser Confidential ဇာတ္ကားကို ဒါရိုက္တာ Peter Berg ကရိုက္ကူးထားၿပီး Peter Berg နဲ႔ Wahlberg တို႔ ႏွစ္ဦးသည္ Lone Survivor ၊ Deepwater Horizon နဲ႔ Patriots Day ဇာတ္ကားမ်ား၌ အတူတကြ  လက္တဲြခဲ့ဖူးသူမ်ားလည္း  ျဖစ္ပါတယ္။ ယခုဇာတ္ကား၌ Spenser အျဖစ္ ပဲြထြက္လာသည့္ Wahlberg သည္   ျပႆနာကို ေျဖရွင္းျခင္းထက္ ျပႆနာပိုရွာတတ္သည့္ ရဲခ်ဳပ္တစ္ေယာက္အျဖစ္ သရုပ္ေဆာင္ထားၿပီး  ေထာင္ကလြတ္လာၿပီးေနာက္ ေဘာ့စတြန္ၿမိဳ႕ကို ဆက္လက္ ထြက္ခြာလာခဲ့ပါတယ္။

ဒါေပမယ့္ ပထမဆံုးအေနျဖင့္ Spenser က သူ႔ရဲ႕လက္ေဝွ႔ဆရာေဟာင္းျဖစ္သူ Henry ကို သြားေရာက္ေတြ႕ဆံုခဲ့ၿပီး သူ႔ရဲ႕လက္ရွိတပည့္ Hawk နဲ႔ လက္ရည္စမ္းခဲ့ရပါတယ္။ Hawk သည္ Spenser ရဲ႕ ဘဝတစ္ေလွ်ာက္ အခက္ခဲဆံုးရင္ဆိုင္ရသည့္ ၿပိဳင္ဘက္ေကာင္းတစ္ေယာက္လည္းျဖစ္ခဲ့ပါတယ္။

Spenser ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းႏွစ္ေယာက္ သတ္ျဖတ္ခံရခ်ိန္၌မူ Hawk နဲ႔ Hawk ရဲ႕ရည္းစားေဟာင္း Cissy တို႔ရဲ႕ အကူအညီျဖင့္ Spenser က အဆိုပါအမႈကို စံုစမ္းေဖာ္ထုတ္သည့္ ဇာတ္လမ္းဇာတ္အိမ္လည္းျဖစ္ပါတယ္။

Spenser အျဖစ္ ပါဝင္သရုပ္ေဆာင္ထားသည့္ Wahlberg သည္ ယခုဇာတ္ကားရဲ႕ ထုတ္လုပ္သူအျဖစ္လည္း ပါဝင္ေဆာင္ရြက္ထားၿပီး Spenser Confidential ဇာတ္ကားကို လာမယ့္ မတ္လ (၆) ရက္ေန႔၌ Netflix တြင္ ျပသသြားမည္ျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Unilad

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

ံံ ့

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

12 + 12 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...