HomeSportတိုက်စစ်မှူးတစ်ဦးကို ပြောင်းရွှေ့ကြေး ပေါင် (၄၃) သန်းဖြင့် ကမ်းလှမ်းမယ့် ယူနိုက်တက်။

တိုက်စစ်မှူးတစ်ဦးကို ပြောင်းရွှေ့ကြေး ပေါင် (၄၃) သန်းဖြင့် ကမ်းလှမ်းမယ့် ယူနိုက်တက်။

- Advertisement -

ဒဏ်ရာပြဿနာကြောင့် အဓိကတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ကာလရှည်လက်လွှတ်ရတော့မယ့် ယူနိုက်တက်အသင်းသည် အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး မူဆာဒမ်ဘီလီကို ခေါ်ယူရန်ပြင်ဆင်လာပါတယ်။ မူဆာဒမ်ဘီလီသည် ယူနိုက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး လက်ရှိအချိန်၌ ယူနိုက်တက်အသင်းက အဆိုပါကစားသမားအတွက်  ပြောင်းရွှေ့ကြေး ပေါင် (၄၃) သန်းဖြင့် ကမ်းလှမ်းရန်ပြင်ဆင်လာခြင်းဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်သည် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားလက်အောက်၌ အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားသည့် ကစားသမားဖြစ်ပြီး အသက် (၂၃) နှစ်အရွယ် ဒမ်ဘီလီကို ရပ်ရှ်ဖို့ဒ်ရဲ့ နေရာ၌ အစားထိုးရန် ယူနိုက်တက်အသင်းက မျက်စိကျနေပါတယ်။ ဒမ်ဘီလီသည် ဆဲလ်တစ်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့၌ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးပြီး ဗြိတိန်ဘောလုံးလောကနဲ့ ရင်းနှီးပြီးသား ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိအချိန်၌လည်း ပြင်သစ်ကလပ် လိုင်ယွန်အသင်းအတွက် လိဂ်ပွဲပေါင်း (၅၂) ပွဲကစား၊ (၂၆) ဂိုး သွင်းယူပေးထားပြီး လိုင်ယွန်အသင်းကမူ ယူနိုက်တက်အသင်း ကမ်းလှမ်းလာမည့် ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားသည့် ပမာဏကို တောင်းဆိုသွားဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အသင်းအနေဖြင့် မူဆာဒမ်ဘီလီအပြင် PSG အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ဝါရင့်တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူရန်အတွက်လည်း စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

<Unicode Version>

- Advertisement -

 

 

- Advertisement -

တိုက္စစ္မွဴးတစ္ဦးကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၄၃) သန္းျဖင့္ ကမ္းလွမ္းမယ့္ ယူႏိုက္တက္။

ဒဏ္ရာျပႆနာေၾကာင့္ အဓိကတိုက္စစ္မွဴး ရပ္ရွ္ဖို႔ဒ္ကို ကာလရွည္လက္လႊတ္ရေတာ့မယ့္ ယူႏိုက္တက္အသင္းသည္ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းရန္အတြက္ လိုင္ယြန္အသင္းရဲ႕ တိုက္စစ္မွဴး မူဆာဒမ္ဘီလီကို ေခၚယူရန္ျပင္ဆင္လာပါတယ္။ မူဆာဒမ္ဘီလီသည္ ယူႏိုက္တက္အသင္းရဲ႕ ကာလရွည္ပစ္မွတ္ကစားသမားျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္၌ ယူႏိုက္တက္အသင္းက အဆိုပါကစားသမားအတြက္  ေျပာင္းေရႊ႕ေၾကး ေပါင္ (၄၃) သန္းျဖင့္ ကမ္းလွမ္းရန္ျပင္ဆင္လာျခင္းျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္သည္ ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားလက္ေအာက္၌ အသင္းအတြက္ ဂိုးအမ်ားဆံုးသြင္းယူေပးထားသည့္ ကစားသမားျဖစ္ၿပီး အသက္ (၂၃) ႏွစ္အရြယ္ ဒမ္ဘီလီကုိ ရပ္ရွ္ဖို႔ဒ္ရဲ႕ ေနရာ၌ အစားထိုးရန္ ယူႏိုက္တက္အသင္းက မ်က္စိက်ေနပါတယ္။ ဒမ္ဘီလီသည္ ဆဲလ္တစ္အသင္းနဲ႔ ဖူလ္ဟမ္အသင္းတို႔၌ ကစားသမားဘဝကို ျဖတ္သန္းခဲ့ဖူးၿပီး ၿဗိတိန္ေဘာလံုးေလာကနဲ႔ ရင္းႏွီးၿပီးသား ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌လည္း ျပင္သစ္ကလပ္ လိုင္ယြန္အသင္းအတြက္ လိဂ္ပဲြေပါင္း (၅၂) ပဲြကစား၊ (၂၆) ဂိုး သြင္းယူေပးထားၿပီး လိုင္ယြန္အသင္းကမူ ယူႏိုက္တက္အသင္း ကမ္းလွမ္းလာမည့္ ေျပာင္းေရႊ႕ေၾကးထက္ ပိုမိုမ်ားျပားသည့္ ပမာဏကို ေတာင္းဆိုသြားဖြယ္ရွိေနပါတယ္။ ယူႏိုက္တက္အသင္းအေနျဖင့္ မူဆာဒမ္ဘီလီအျပင္ PSG အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးေတာ့မည့္ ဝါရင့္တိုက္စစ္မွဴး ကာဗာနီကို ေခၚယူရန္အတြက္လည္း စိတ္ဝင္စားေနေၾကာင္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

- Advertisement -

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × three =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...