HomeSportပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးများရဲ့ လက်ရှိဆောင်းရာသီအပြောင်းအရွှေ့လှုပ်ရှားမှုများ။
ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးများရဲ့ လက်ရှိဆောင်းရာသီအပြောင်းအရွှေ့လှုပ်ရှားမှုများ။
- Advertisement -
၁။ အာဆင်နယ်
အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းက အားနည်းချက်တွေနဲ့ ပြည့်နှက်နေပြီး အူနိုင်းအမ်မရီ၊ ယွန်းဘတ်နဲ့ လက်ရှိနည်းပြ အာတီတာလက်ထက်အထိ တည်ငြိမ်မှုမရှိသေးသည်ကို မြင်တွေ့ရပါတယ်။ အသင်းရဲ့ဗဟိုခံစစ်နေရာအတွက် မဖြစ်မနေအင်အားဖြည့်တင်းရန် လိုအပ်နေသလို တီယာနေး၊ ကိုလာဆီနက်တို့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသည့် ဘယ်တောင်ပံခံစစ်အတွက်လည်း ကစားသမားသစ် တစ်ယောက် ခေါ်ယူရန် လိုအပ်နေပါတယ်။
တော်ရဲရား၊ ဂွမ်ဒိုဇီ၊ ချာကာတို့ရဲ့ တည်ငြိမ်မှုမရှိသည့် ကွင်းလယ်ဗဟိုအတွက်လည်း ထိပ်တန်းအဆင့် ကွင်းလယ်ဗဟိုကစားသမားတစ်ယောက် လိုအပ်ပေမယ့် လက်ရှိဆောင်းရာသီအပြောင်းအရွှေ့၌ ကစားသမားသစ် တစ်ယောက်မှ ခေါ်ယူရခြင်းမရှိသေးပါဘူး။
- Advertisement -
- Advertisement -
၂။ ချဲလ်ဆီး
တိုက်စစ်မှူးနေရာ၌ လူငယ်ကစားသမားလေး အေဘရာဟမ်ကို အဓိကထားအသုံးပြုနေရပြီး ဘတ်ရှူအာယီကို လုံလုံလောက်လောက် အားမကိုးနိုင်သည့် အနေအထားကြောင့် တိုက်စစ်မှူးတစ်ယောက် ထပ်မံခေါ်ယူသင့်သည့် အနေအထားဖြစ်ပါတယ်။ တိုက်စစ်မှူးနေရာအတွက် ကာဗာနီကိုခေါ်ယူရန် သတင်းများထွက်ပေါ်နေပြီး မေဆင်မောင့်၊ ဝီလီယံတို့ အလှည့်ကျကစားနေရသည့် ဘယ်တောင်ပံအတွက်လည်း ပူလီဆစ်ကို အပြည့်အဝ အသုံးမပြုနိုင်သေးဘဲ နောက်ထပ် ကစားသမားသစ် လိုအပ်နေခြင်းလည်းဖြစ်ပါတယ်။
ဒါ့အပြင် အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ ကစားနေသည့် အီမာဆင်အတွက်လည်း အရံကစားသမားတစ်ယောက် လိုအပ်နေပါတယ်။
ချိတ်ဆက်နေသည့် ကစားသမားများ- ဇာဟာ၊ မူဆာဒမ်ဘီလီ
၃။ လက်စတာ
အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေသည့် လက်စတာအသင်းရဲ့ အဓိကဗဟိုနောက်ခံလူအတွဲဖြစ်သည့် ဂျွန်နီအီဗန်စ်နဲ့ ဆိုယန်ကူတို့အတွက် အရံနောက်ခံလူကောင်းကောင်းမရှိဘဲ နောက်ခံလူသစ်ခေါ်ယူရန် လိုအပ်နေပါတယ်။ ဟာဗေးဘားနက်စ်၊ အယိုဇေပီရက်ဇ်တို့ရှိနေသည့် တောင်ပံအတွက်လည်း ကစားသမားတစ်ယောက် လိုအပ်နေပါသေးတယ်။ ဘယ်ခြမ်းခံစစ်မှာတောက်ပနေသည့် ဘင်ချီဝဲလ်ကိုလည်း မန်စီးတီးအသင်းက ပစ်မှတ်ထားနေပြီး အကယ်၍ အဆိုပါကစားသမားကိုသာ လက်လွှတ်ရနိုင်သည့် အခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါတယ်။
ချိတ်ဆက်နေသည့် ကစားသမားများ- ဘိုဝင်၊ ဒွိုက်မက်နေးလ်
- Advertisement -
၄။ လီဗာပူး
လက်ရှိလီဗာပူးအသင်းရဲ့ ကစားသမားစာရင်းက အပြစ်ပြောစရာမရှိဘဲ ရှေ့လယ်နောက် နေရာစုံ၌ အတောင့်တင်းဆုံးဟုတောင် ပြောနိုိင်ပါတယ်။ လက်ရှိဆောင်းရာသီအပြောင်းအရွှေ့မှာ ဆဲလ်ဘာ့ဂ်အသင်းက မီနာမီနိုကို ခေါ်ယူထားပြီး လက်ရှိအချိန်၌လည်း နာမည်ကျော်ကစားသမားများဖြစ်သည့် အမ်ဘာပေ၊ တိုနာလီ၊ တီမိုဝါနာတို့နဲ့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
၅။ မန်စီးတီး
နောက်တန်းကို အင်အားဖြည့်တင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့ပေမယ့် လက်ရှိဆောင်းရာသီအပြောင်းအရွှေ့၌ ငြိမ်သက်နေဆဲဖြစ်သည့် အသင်းတစ်သင်းပါ။ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ ညာခြမ်းတိုက်စစ်ကို စိတ်ချထားနိုင်ပေမယ့် ဘယ်ခြမ်း၌မူ စတာလင်ရဲ့ နေရာကို အစားထိုးနိုင်မယ့် ကစားသမားတစ်ယောက်လိုအပ်နေပါတယ်။ မကြာခဏ ဒဏ်ရာရတတ်သည့် ဘယ်နောက်ခံလူနေရာအတွက်လည်း မန်စီးတီးတို့ ကစားသမားသစ် ခေါ်ယူရန် လိုအပ်နေပါတယ်။
ချိတ်ဆက်နေသည့် ကစားသမားများ- လော်တာရိုမာတီနက်ဇ်၊ ဆိုယန်ကူ
၆။ ယူနိုက်တက်
လိုအပ်ချက်များရှိနေသည့် ယူနိုက်တက်အသင်းအနေဖြင့် စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန် ကြိုးစားနေပေမယ့် အပြောင်းအရွှေ့က အပြီးသတ်ခြင်းမရှိသေးပါဘူး။ ရပ်ရှ်ဖို့ဒ်ဒဏ်ရာရသွားသည့် တိုက်စစ်ပိုင်းအတွက်လည်း ကစားသမားသစ် လိုအပ်နေသည့် ယူနိုက်တက်အသင်းက ကာဗာနီကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကွင်းလယ်ဗဟိုအတွက်လည်း ထိပ်တန်းအဆင့် ကစားသမားတစ်ယောက် လိုအပ်နေပါတယ်။
ချိတ်ဆက်နေသည့် ကစားသမား- ဗန်ဒီဘိခ်
၇။ စပါး
ဂတ်ဒ်ဆင်ဖာနန်ဒက်စ်ကို အငှားဖြင့် ခေါ်ယူထားပေမယ့် မော်ရင်ဟိုရဲ့ စပါးအသင်းကို အပြောင်းအရွှေ့စျေးကွက်အတွင်း ဆက်လက်မြင်တွေ့ရဖွယ်ရှိပါတယ်။ ဟာရီကိန်းကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီး ကွင်းလယ်နဲ့ ညာနောက်ခံလူနေရာအတွက်လည်း ကစားသမားသစ်များထပ်မံခေါ်ယူရန် လိုအပ်နေပါတယ်။
ချိိတ်ဆက်နေသည့် ကစားသမား- ပီယာတက်ခ်၊ ဇီလူးဝစ်
<Unicode Version>
၁။ အာဆင်နယ်
၂။ ချဲလ်ဆီး
၃။ လက်စတာ
၎။ လီဗာပူး
၅။ မန်စီးတီး
၆။ ယူနိုက်တက်
၇။ စပါး
ချိတ်ဆက်နေသည့် ကစားသမား- ပီယာတက်ခ်၊ ဇီလူးဝစ်
<Zawgyi Version>
Source ~ Fourfourtwo
#HM(Soshwe)
#soshwesport
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
sixteen − three =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...