HomeTechကမ္ဘာ့အချမ်းသားဆုံး သူဌေးကြီးတစ်ဦးဖြစ်တဲ့ Jeff Bezos ရဲ့ဖုန်းထဲမှ အချက်အလက်တွေကို ခိုးယူခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား။

ကမ္ဘာ့အချမ်းသားဆုံး သူဌေးကြီးတစ်ဦးဖြစ်တဲ့ Jeff Bezos ရဲ့ဖုန်းထဲမှ အချက်အလက်တွေကို ခိုးယူခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား။

- Advertisement -

Amazon ကုမ္ပဏီရဲ့ CEO လည်းဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး လူချမ်းသာကြီးတစ်ဦးဖြစ်တဲ့ Jeff Bezos ဟာ ၂၀၁၈ ခုနှစ်တုန်းက ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်တဲ့ WhatsApp ကနေ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား Mohammed Bin Salman အမည်နဲ့ ထူးဆန်းတဲ့ဖိုင်တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

Mr. Bezos ဟာ အဆိုပါခြိမ်းခြောက်မှုကို လက်ခံရရှိပြီးတဲ့နောက်မှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေကို ဆက်သွယ်အသိပေးပြီး အကူအညီ တောင်းခံခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဌာနတွေအနေနဲ့ ခြိမ်းခြောက်မှုကိုပြုလုပ်ခဲ့တဲ့ မသမာသူကိုခြေရာခံခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ခြေရာခံနိုင်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့က ရရှိခဲ့တဲ့ သက်သေအထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် ခြိမ်းခြောက်သူအဖွဲ့အစည်းထဲမှာ  ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား Mohammed Bin Salman ပါဝင်ကောင်း ပါဝင်နေနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ Mr. Bezos ရဲ့အမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက အဆိုပါပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ခိုးယူပြီးခြိမ်းခြောက်မှုပြုလုပ်ခြင်းဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သက်သေအထောက်အထား တိတိကျကျမပြနိုင်ဘဲ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား Mohammed Bin Salman အပေါ် စွဲချက်တင်လိုက်ခြင်းဟာ ဆော်ဒီနိုင်ငံအာဏာပိုင်တွေကို တွန်းအားပေးတဲ့သဘော သက်ရောက်သွားပါတယ်။ ဒါကြောင့်လည်း  ဆော်ဒီနိုင်ငံရဲ့အာဏာပိုင်တွေဟာ  ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား Mohammed Bin Salman ကို စွပ်စွဲထားတဲ့ အဆိုပါခြိမ်းခြောက်မှုနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးချက်ကို တိတိကျကျပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းထုတ််ပြန်လာပါတယ်။

- Advertisement -

Mr. Bezos ပိုင်ဆိုင်တဲ့ Washington Post ရဲ့ သတင်းထောက်တစ်ဦးဖြစ်သူ Jamal Khashoggi ဆိုသူဟာ  ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့မင်းသား Mohammed Bin Salman နဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်တဲ့  ဆောင်းပါးမျိုး ရေးသားသူတစ်ဦးဖြစ်ပြီး Istanbul မှာရှိတဲ့  ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးမှာ ၂၀၁၈ ခုနှစ်   အောက်တိုဘာလမှာ အသတ်ခံခဲ့ရပါတယ်။ Mr.Khashoggi သေဆုံးပြီးနောက်မှာ Mr.Bezos နဲ့  ဆော်ဒီအာရေဗျနိုင်ငံအကြား တင်းမာမှုတွေ ဖြစ်လာခဲ့ပါတယ်။

- Advertisement -

ဆော်ဒီနိုင်ငံဟာ ၂၀၁၉ အစောပိုင်းတုန်းက Washington Post ရဲ့ လူသတ်မှုသတင်းကြောင့် မကျေမခြမ်းဖြစ်နေတာကြောင့် Mr.Bezos ကို အခုလိုမျိုး ခြိမ်းခြောက်တာဖြစ်နိုင်ကြောင်း ဆိုပါတယ်။

Mr.Bezos ရဲ့ ကိုယ်ပိုင်လုံခြုံရေးဆိုင်ရာအကြီးအကဲတစ်ဦးက ဆော်ဒီအာရေဗျက မသမာသူတွေဟာ Mr.Bezos နဲ့ သတင်းကြေငြာသူနှစ်ဦးတို့ အပြန်အလှန်ပြောထားတဲ့ နှစ်ကိုယ်ကြားစကားတွေကို ဖတ်ရှုပြီး သူတို့နှစ်ဦးဟာ တွဲနေတာဖြစ်ကြောင်း၊ လူပြိန်းကြိုက်သတင်းစာတိုက်ကို သတင်းမှားတွေ  ပေးပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့ ဆော်ဒီအာရေဗျအာဏာပိုင်တွေဟာ အဆိုပါလုပ်ရပ်မျိုးကို သူတို့မလုပ်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။

<Unicode Version>

 

ကမာၻ႕အခ်မ္းသားဆုံး သူေဌးႀကီးတစ္ဦးျဖစ္တ့ဲ Jeff Bezos ရဲ႕ဖုန္းထဲမွ အခ်က္အလက္ေတြကို ခိုးယူခဲ့တယ္ဆိုၿပီး စြပ္စြဲခံေနရတ့ဲ ေဆာ္ဒီအိမ္ေရွ႕မင္းသား။

Amazon ကုမၸဏီရဲ႕ CEO လည္းျဖစ္ၿပီး ကမာၻ႔အခ်မ္းသာဆံုး လူခ်မ္းသာႀကီးတစ္ဦးျဖစ္တဲ့ Jeff Bezos ဟာ ၂၀၁၈ ခုႏွစ္တုန္းက ဆက္သြယ္ေရးကြန္ရက္တစ္ခုျဖစ္တဲ့ WhatsApp ကေန ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသား Mohammed Bin Salman အမည္နဲ႔ ထူးဆန္းတဲ့ဖိုင္တစ္ခုကို လက္ခံရရွိခဲ့ပါတယ္။

Mr. Bezos ဟာ အဆိုပါၿခိမ္းေျခာက္မႈကို လက္ခံရရွိၿပီးတဲ့ေနာက္မွာေတာ့ သက္ဆိုင္ရာအာဏာပိုင္ေတြကို ဆက္သြယ္အသိေပးၿပီး အကူအညီ ေတာင္းခံခဲ့တာေၾကာင့္ အေမရိကန္ျပည္ေထာင္စု စံုစမ္းစစ္ေဆးေရးဌာနေတြအေနနဲ႕ ၿခိမ္းေျခာက္မႈကိုျပဳလုပ္ခ့ဲတ့ဲ မသမာသူကိုေျခရာခံခဲ့ပါတယ္။ အခ်ိန္တိုအတြင္းမွာပဲ ေျခရာခံႏိုင္ခဲ့ၿပီးေနာက္ စံုစမ္းစစ္ေဆးေရးအဖြဲ႕က ရရွိခဲ့တဲ့ သက္ေသအေထာက္အထားေတြကို ၾကည့္ျခင္းအားျဖင့္ ၿခိမ္းေျခာက္သူအဖြဲ႔အစည္းထဲမွာ  ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသား Mohammed Bin Salman ပါဝင္ေကာင္း ပါဝင္ေနႏိုင္တယ္လို႔ ဆိုခဲ့ၾကပါတယ္။ Mr. Bezos ရဲ႕အမႈနဲ႔ ပတ္သက္ၿပီး ကမာၻ႔ကုလသမဂၢအဖြဲ႕အစည္းက အဆိုပါပုဂၢိဳလ္ရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ကို ခိုးယူၿပီးၿခိမ္းေျခာက္မႈျပဳလုပ္ျခင္းဟာ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ဆိုပါတယ္။

စံုစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ သက္ေသအေထာက္အထား တိတိက်က်မျပႏိုင္ဘဲ ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသား Mohammed Bin Salman အေပၚ စြဲခ်က္တင္လိုက္ျခင္းဟာ ေဆာ္ဒီႏိုင္ငံအာဏာပိုင္ေတြကို တြန္းအားေပးတဲ့သေဘာ သက္ေရာက္သြားပါတယ္။ ဒါေၾကာင့္လည္း  ေဆာ္ဒီႏိုင္ငံရဲ႕အာဏာပိုင္ေတြဟာ  ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသား Mohammed Bin Salman ကို စြပ္စြဲထားတဲ့ အဆိုပါၿခိမ္းေျခာက္မႈနဲ႔ဆိုင္တဲ့ စံုစမ္းစစ္ေဆးခ်က္ကို တိတိက်က်ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသတင္းထုတ္္ျပန္လာပါတယ္။

- Advertisement -

Mr. Bezos ပိုင္ဆိုင္တဲ့ Washington Post ရဲ႕ သတင္းေထာက္တစ္ဦးျဖစ္သူ Jamal Khashoggi ဆိုသူဟာ  ေဆာ္ဒီအာေရဗ်ႏိုင္ငံရဲ႕ အိမ္ေရွ႕မင္းသား Mohammed Bin Salman နဲ႔ ပတ္သက္ၿပီး ျပစ္တင္ေဝဖန္တဲ့  ေဆာင္းပါးမ်ိဳး ေရးသားသူတစ္ဦးျဖစ္ၿပီး Istanbul မွာရွိတဲ့  ေဆာ္ဒီအာေရဗ်ေကာင္စစ္ဝန္႐ံုးမွာ ၂၀၁၈ ခုႏွစ္   ေအာက္တိုဘာလမွာ အသတ္ခံခဲ့ရပါတယ္။ Mr.Khashoggi ေသဆံုးၿပီးေနာက္မွာ Mr.Bezos နဲ႔  ေဆာ္ဒီအာေရဗ်ႏိုင္ငံအၾကား တင္းမာမႈေတြ ျဖစ္လာခ့ဲပါတယ္။

ေဆာ္ဒီႏိုင္ငံဟာ ၂၀၁၉ အေစာပိုင္းတုန္းက Washington Post ရဲ႕ လူသတ္မႈသတင္းေၾကာင့္ မေက်မျခမ္းျဖစ္ေနတာေၾကာင့္ Mr.Bezos ကို အခုလိုမ်ိဳး ၿခိမ္းေျခာက္တာျဖစ္ႏိုင္ေၾကာင္း ဆိုပါတယ္။

Mr.Bezos ရဲ႕ ကိုယ္ပိုင္လံုျခံဳေရးဆိုင္ရာအႀကီးအကဲတစ္ဦးက ေဆာ္ဒီအာေရဗ်က မသမာသူေတြဟာ Mr.Bezos နဲ႔ သတင္းေၾကျငာသူႏွစ္ဦးတို႔ အျပန္အလွန္ေျပာထားတဲ့ ႏွစ္ကိုယ္ၾကားစကားေတြကို ဖတ္႐ႈၿပီး သူတို႔ႏွစ္ဦးဟာ တြဲေနတာျဖစ္ေၾကာင္း၊ လူၿပိန္းႀကိဳက္သတင္းစာတိုက္ကို သတင္းမွားေတြ  ေပးပို႔ခဲ့တယ္လို႔လည္း ဆိုပါတယ္။ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ေဆာ္ဒီအာေရဗ်အာဏာပိုင္ေတြဟာ အဆိုပါလုပ္ရပ္မ်ိဳးကို သူတို႔မလုပ္ခဲ့ေၾကာင္း ျငင္းဆိုထားပါတယ္။

<Zawgyi Version>

Source ~ Sky News

#SY(Soshwe)

#SoshweNEws

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 + 18 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...