HomeEntertainmentSAG ဆုပေးပွဲမှာ ပရိသတ်တွေကို နောက်ပြောင်ပြောဆိုခဲ့တဲ့ Brad Pitt

SAG ဆုပေးပွဲမှာ ပရိသတ်တွေကို နောက်ပြောင်ပြောဆိုခဲ့တဲ့ Brad Pitt

- Advertisement -

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hollywood အကျော်အမော် ခန့်ချောမင်းသားကြီး Brad Pitt အတွက် Tinder Dating App မှာ မိန်းမချောလေးတွေရဲ့ အာရုံစိုက်ခံရဖို့ဟာ SAG ဆုရရှိထားတဲ့ သရုပ်ဆောင်ဖြစ်ကြောင်း သက်သေပြစရာတောင် မလိုပါဘူး။

ဆယ်ကျော်သက်အရွယ်တွေကစလို့ အန်တီအရွယ်တွေအလယ် ဘွားဘွားအရွယ်တွေအဆုံး အစရှိတဲ့ အရွယ်ပေါင်းစုံတို့ရဲ့ အချစ်တော်ဖြစ်တဲ့ မင်းသားကြီးBrad Pitt ဟာ “Once Upon a Time in Hollywood” ဇာတ်ကားမှာ အထူးချွန်ဆုံးအမျိုးသားဇာတ်ပို့သရုပ်ဆောင်အဖြစ် SAG ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါဟာ Brad Pittရဲ့ အနုပညာလမ်းပေါ်လျှောက်လှမ်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံး ဆွတ်ခူးရရှိသော SAG ဆုပဲဖြစ်ပါတယ်။

Brad Pitt တစ်ယောက် စင်ပေါ်မှာဆုတက်ယူတဲ့အခါမှာ ပထမဦးဆုံးပြောလိုက်တဲ့စကားက “SAG ဆုပိုင်ရှင်ဆိုပြီး Tinder Profile မှာ တင်ရမယ်။” ဆိုတာပါပဲ။ Brad Pitt ပြောလိုက်တဲ့စကားကြောင့် ရယ်မောသွားရတဲ့ လူအုပ်ကြီးဆီက ရယ်သံတွေမတိတ်ခင်မှာပဲ “Once Upon a Time in Hollywood” ဇာတ်ကားဖန်တီးသူ ဒါရိုက်တာကို “အရမ်းတွေမူးပြီး အကျႌချွတ်လိုက်တော့မှ ချစ်ဇနီးလေးနဲ့စကားများခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ဒါရိုက်တာကြီး” လို့ ခေါ်ဝေါ်သုံးနှုန်းကာ အရွှန်းဖောက်လိုက်တာကြောင့် SAG ဆုပေးပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ပရိသတ်ထုကြီးမှာ ရယ်မောရပြန်ပါတယ်။

Brad Pitt ဟာ မကြာသေးခင်ကမှ Golden Globe ဆုပေးပွဲမှာလည်း အထူးချွန်ဆုံးအမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးရယူနိုင်ခဲ့ပြီး မကြာခင်ကျင်းပတော့မယ့် အော်စကာဆုပေးပွဲမှာလည်း အထူးချွန်ဆုံးသော အမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးရယူမယ့် အမျိုးသားဇာတ်ဆောင်စာရင်းမှာလည်း ထိပ်ဆုံးကနေပြီး  ရွေးချယ်ခံထားရတာပဲဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

SAG ဆုေပးပြဲမွာ ပရိသတ္ေတြကို ေနာက္ေျပာင္ေျပာဆိုခ့ဲတ့ဲ Brad Pitt

အသက္ ၅၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Hollywood အေက်ာ္အေမာ္ ခန္႔ေခ်ာမင္းသားႀကီး Brad Pitt အတြက္ Tinder Dating App မွာ မိန္းမေခ်ာေလးေတြရဲ႕ အာ႐ံုစိုက္ခံရဖို႔ဟာ SAG ဆုရရွိထားတဲ့ သ႐ုပ္ေဆာင္ျဖစ္ေၾကာင္း သက္ေသျပစရာေတာင္ မလိုပါဘူး။

ဆယ္ေက်ာ္သက္အရြယ္ေတြကစလို႔ အန္တီအရြယ္ေတြအလယ္ ဘြားဘြားအရြယ္ေတြအဆံုး အစရွိတ့ဲ အရြယ္ေပါင္းစံုတို႔ရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ မင္းသားႀကီးBrad Pitt ဟာ “Once Upon a Time in Hollywood” ဇာတ္ကားမွာ အထူးခၽြန္ဆံုးအမ်ိဳးသားဇာတ္ပို႔သ႐ုပ္ေဆာင္အျဖစ္ SAG ဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ ဒါဟာ Brad Pittရဲ႕ အႏုပညာလမ္းေပၚေလွ်ာက္လွမ္းခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္မွာ ပထမဦးဆံုး ဆြတ္ခူးရရွိေသာ SAG ဆုပဲျဖစ္ပါတယ္။

Brad Pitt တစ္ေယာက္ စင္ေပၚမွာဆုတက္ယူတဲ့အခါမွာ ပထမဦးဆံုးေျပာလိုက္တဲ့စကားက “SAG ဆုပိုင္ရွင္ဆိုၿပီး Tinder Profile မွာ တင္ရမယ္။” ဆိုတာပါပဲ။ Brad Pitt ေျပာလိုက္တဲ့စကားေၾကာင့္ ရယ္ေမာသြားရတဲ့ လူအုပ္ႀကီးဆီက ရယ္သံေတြမတိတ္ခင္မွာပဲ “Once Upon a Time in Hollywood” ဇာတ္ကားဖန္တီးသူ ဒါ႐ိုက္တာကို “အရမ္းေတြမူးၿပီး အက်ႌခၽြတ္လိုက္ေတာ့မွ ခ်စ္ဇနီးေလးနဲ႔စကားမ်ားခဲ့ရတဲ့ ကၽြန္ေတာ္တို႔ရဲ႕ဒါ႐ိုက္တာႀကီး” လို႔ ေခၚေဝၚသံုးႏႈန္းကာ အရႊန္းေဖာက္လိုက္တာေၾကာင့္ SAG ဆုေပးပြဲအခမ္းအနားကို တက္ေရာက္လာတဲ့ ပရိသတ္ထုႀကီးမွာ ရယ္ေမာရျပန္ပါတယ္။

Brad Pitt ဟာ မၾကာေသးခင္ကမွ Golden Globe ဆုေပးပြဲမွာလည္း အထူးခၽြန္ဆံုးအမ်ိဳးသားဇာတ္ပို႔ဆုကို ဆြတ္ခူးရယူႏိုင္ခဲ့ၿပီး မၾကာခင္က်င္းပေတာ့မယ့္ ေအာ္စကာဆုေပးပြဲမွာလည္း အထူးခၽြန္ဆံုးေသာ အမ်ိဳးသားဇာတ္ပို႔ဆုကို ဆြတ္ခူးရယူမယ့္ အမ်ိဳးသားဇာတ္ေဆာင္စာရင္းမွာလည္း ထိပ္ဆံုးကေနၿပီး  ေရြးခ်ယ္ခံထားရတာပဲျဖစ္ပါတယ္။

<Zawgyi Version>

Source ~ CNN News

- Advertisement -

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × 3 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...